Monday, July 13, 2015

မန္တလေး-မြစ်ကြီးနား အဆန်ကုန်ရထား ပင်ဝယ်နှင့် မော်လူးဘူတာအကြား ဘီးချော်မှုဖြစ်ပွား ========================================

မန္တလေး-မြစ်ကြီးနား အဆန်ကုန်ရထား ပင်ဝယ်နှင့် မော်လူးဘူတာအကြား ဘီးချော်မှုဖြစ်ပွား ======================================== အင်းတော် ဇူလိုင် ၁၂ စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် အင်းတော်မြို့နယ် ပင်ဝယ် ဘူတာနှင့် မော်လူး ဘူတာအကြား ဇူလိုင် ၁၁ ရက် ည ၁ဝ နာရီ ၂၅ မိနစ်က မန္တလေး-မြစ်ကြီးနား အမှတ်(၄၁) အဆန် စာပို့ လူစီးရထား ဘီးချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။ ဖြစ်စဉ်မှာ ရထားစက်ခေါင်း မောင်းဦးဆန်းထူးအောင်နှင့်ဂါတ်ဗိုလ် ဦးခင်မောင်ပြုံးတို့ မောင်းနှင် လာသော မန္တလေး-မြစ်ကြီးနား အမှတ်(၄၁) အဆန် စာပို့ ကုန်ရထား သည် ပင်ဝယ်ဘူတာနှင့် မော်လူး ဘူတာကြားတွင် ဇူလိုင် ၁၁ ရက် ည ၁ဝ နာရီ ၂၅ မိနစ်က ဘီး အမှတ် ၂ နှင့် ၇ သည် သံလမ်း၏ အတွင်းသို့ သုံးပေခန့် ဘိုကီလည်ကျပြီး ဘီး အမှတ် ၁ နှင့် ၈ သည် သံလမ်း၏ အတွင်းသို့ ကပ်ကျမှုဖြစ်ပွားခဲ့ကြောင်း နှင့် ယင်းသို့ ဖြစ်ပွားခဲ့သော်လည်း ခရီးသည်နှင့်ဝန်ထမ်းများ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။ အဆိုပါ အခင်းဖြစ်နေရာသို့ နဘား၊ အင်းတော်နှင့် ကောလင်း တာဝန်ရှိသူများက မိုးညှင်း ကရိန်းဖြင့် သွားရောက်ပြုပြင်ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၂ ရက် မွန်းလွဲပိုင်းက ပြင်ဆင်ပြီးစီးသွားသဖြင့် အစုန်အဆန် ရထားများ ပုံမှန်အတိုင်း ပြန်လည် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ကိုနိုင်(အင်းတော်)

No comments: