Tuesday, July 14, 2015

မြစ်ကြီးနားမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေ ရွယ်အောင်နှင့် ဝန်ထမ်းဆရာမများ၏ ရိုင်းပြချက်က လက်လန်တယ်။

မြစ်ကြီးနားမြို့ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကေ ရွယ်အောင်နှင့် ဝန်ထမ်းဆရာမများ၏
ရိုင်းပြချက်က လက်လန်တယ်။

မြစ်ကြီးနားမြို့ အထက ၁ မှ ဆရာမတစ်ချို့နှင့်ကျောင်းအုပ် ဆရာမကြီးမှာ ကျောင်းသားမိဘများအားပြောဆိုဆက်ဆံပုံတွေအလွန်ရိုင်းစိုင်းပါတယ်။ ပညာရေးဝန်ထမ်းလို့ပြောရမှာတောင်ရှက်စရာပါ။ ဆရာမကြီးဆီအကူအညီတောင်းတဲ့ ကျောင်းသားမိဘများကို သူတိုရဲ့အိမ်ဖေါ်ကိုပြောတဲ့လေသံနဲ့မပြောသင့်ပါဘူး။ ဆရာမတွေ ဆိုတာ နိုင်ငံတော် လစာ စားနေတဲ့ဝန်ထမ်းတွေပါ။ ပြည်သူတွေက ပေးတဲ့လစာကိုစားပြီးပြည်သူကိုမစော် ကားသင့်ပါဘူး။ မသိနားမလည်တဲ့ကျောင်းသားမိဘတွေက အကူညီတောင်းတာကိုကူညီဖို့မဖြစ်နိုင်ရင်လည်း မဖြစ်နိုင်တဲ့အကြောင်း  ယဉ်ယဉ် ကျေးကျေးပြောရင်ရပါတယ်။
ရိုင်းပြစရာမလိုပါဘူး။ နေမကောင်းလို့ခွင့်တိုင်ရင်လည်း ခွင့်သွားတိုင်တဲ့မိဘတွေကို အော်ငေါက် ဆဲဆူပါတယ်။ ကျောင်းသားတစ်ယောက် စားမေးပွဲ သိပ်မဖြေနိုင်လို့ ကျောင်းမှာလက်မှတ်သွားထိုးရင်လည်း စကားကို ကြမ်းကြမ်းတမ်းတမ်းပြောပါတယ်။ ဒါမျိုးမဖြစ်သင့်ပါဘူး။ ပညာရေးဝန်ထမ်းဆိုတာ ပိုပြီးယဉ်ကျေး သင့်ပါတယ်။ ကျန်တဲ့ဌာန ဆိုင်ရာတွေတောင် ယဉ်ကျေးနေပါပြီ။ စာမလိုက်နိုင်လို့ bio တွဲကနေ eco တွဲ ပြောင်းတာတွေကိုလည်းခွင့်ပြုရမှာပါ။
အဲဒါမျိုးတွေ ကို အတင်းအကျပ် အော်ငေါက်နေဖို့မလိုဘူးလေ။ ပညာရေးနဲ့ပတ်သက်ပြီး မရှင်း လင်းတာတွေမေးရင်ပဲ ဖြစ်ဖြစ် အကူညီတောင်းရင်ပဲဖြစ်ဖြစ် ပေးနိုင်တဲ့အကူညီဆိုရင် ပေးရမှာပါပဲ။ ဒီ ၂၀၁၅ ပညာသင်နှစ်မှာ ကျောင်းသားသစ်ရော ကျောင်းသားဟောင်းရော ငွေလုံးဝမကောက် ရ ဥပဒေ ပြ ဌာန်းထားပါပြီ။ ဒါပေမယ့် ကျောင်းသားသစ်တွေ ကျောင်းအပ်ရင် ငွေ ၅၀၀၀၀ ကျပ် မဖြစ်မနေ ပေးနေရဆဲပါပဲ။ ဘာကြေး ညာကြေးမကောက်ရဆိုပေမယ့်လည်းကောက်နေတာပါပဲ။ အဲဒါတွေကို တော့ မပြောချင်ပါဘူး။ သူရဲ့အခက်အခဲနဲ့သူရှိနိုင်ပါတယ်။ ဒါပေမယ့် ကျောင်းသားမိဘတွေကို ပက်ပက်စက်စက် ပြောဆိုဆက်ဆံ တာကိုတော့လုံးဝ လက်မခံပါဘူး။ တာ ဝန်ရှိသူတွေက ဒါတွေကိုသိအောင် စုံစမ်းဖေါ်ထုတ်ရပါမယ်။ ထိုက်သင့်သလို အရေးယူဆောင်ရွက်ရပါမယ်။ ကိုပိုင် ပုဂ္ဂလိက ကျောင်းကိုပြောင်းချင်လို့ ကျောင်းပြောင်းလက်မှတ် တောင်းရင်လည်းလွယ်လွယ်ကူကူ ထုတ်မပေးပါဘူး။ ငွေ ပေးနိုင် မှ ရမယ်ဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။အမှန်က ကျောင်းသားတွေ ဘယ်ကျောင်းပဲ တက်ချင်တက်ချင် ခွင့်ပြုသင့်ပါတယ်။ သူ့ရဲ့အောင်မြင်မှုအတွက် သူကိုယ်တိုင်ကို ရွေးချယ်ခွင့်ပေးသင့်ပါတယ်။ ဒီ ၂၀၁၅ ပညာသင်နှစ်မှာ ၉ တန်း ၁၀ တန်းတွေ အလွတ်ဖြေ ဖြေဆိုခွင့် ရပြီဆိုတော့ တစ်ချို့ကျောင်းသားတွေက မိဘတွေရဲ့စီးပွားရေးအဆင်မပြေမှုကြောင့် အလုပ်လုပ်ရင်းမိဘကူညီရင်း အလွတ်ဖြေ ဖြေချင်လို့ အကူညီသွားတောင်းရင်လည်း ခွင့်မပြုဘူးလို့သိရပါတယ်။ ဒါတွေဟာမဖြစ်သင့်ပါဘူး ။ တာဝန်ရှိသူတွေ က အမြန်ဆုံး ဆောင်ရွက်ပေးစေချင်ပါတယ်။

No comments: