Tuesday, July 14, 2015

ကိုကိုကြီး(၈၈) နောက်တစ်မှုဖြင့်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်ရှိနေ ===========================

ကိုကိုကြီး(၈၈) နောက်တစ်မှုဖြင့်စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်ရှိနေ =========================== မကြာသေးခင်က တောင်ဥက္ကလာတရားရုံးမှာပုဒ်မ-၁၉(ခွင့်ပြုသည့်နေရာ၌ဆန္ဒပြမှုပြုလုပ်ရန်ငြင်းဆိုခြင်း။မိမိသဘောဆန္ဒအလျောက်ဆန္ဒပြစုဝေးခြင်း)ဖြင့်အမှုဖွင့်ခံထားရသူ ၈၈မျိုးဆက်မှ ကိုကိုကြီး(တောင်/ဥ) ကို နောက်တစ်မှုဖြင့် စွဲချက်တင်၍စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်ပြင်ဆင်ထားကြောင်းသိရှိရပါတယ်။ ကိုကိုကြီးဟာ လာမယ့်ရွေးကောက်ပွဲမှာဝင်ပြိုင်ဖို့  NLD ဒေါ်စုကြည်ကခေါ်မလားဆိုတာကိုစောင့်မျှော်နေသလို ။တစ်ဖက်မှာလည်း အမှုမပြီးပြတ်သေးလို့  MPCကိုအကူအညီတောင်းပြီးအမှုပြီးပြတ်ရေးစီစဉ်နေသူဖြစ်ပါတယ်။ ဒေါ်စုကြည်က ခေါ်ရင်တော့ NLDကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခဲ့ရင် NLDရဲ့ သမ္မတလောင်းအထိစိတ်ကူးယဉ်ထားသူဖြစ်ပါတယ်။ ဒီလိုပြင်ဆင်နေစဉ်မှာဘဲ နောက်ထပ်အမှုတစ်ခုနဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ဖို့ရှိနေကြောင်းသိရှိရပါတယ်။သဘောကတော့အမှုကပြေးလို့ လွတ်မှာမဟုတ်ကြောင်းသတိပေးရာရောက်ပြီးရွေးကောက်ပွဲဝင်ပြိုင်ဖို့ ပိုပြီး ကသိကအောက်ဖြစ်စေအောင်လုပ်မယ့်အနေအထားမျိုးဖြစ်ပါတယ်။ ပထမအမှုကိုဖြေလျော့ပြီး နောက်တစ်မှုနဲ့ ကိုင်မယ့်သဘောပါ။အမှုသစ်နဲ့ စုံစမ်းစစ်ဆေးမှာကတော့NGOတစ်ခုဖြစ်တဲ့လွှတ်တော်စောင့်ကြည့်ရေး အဖွဲ့  OMI-Open MyanmarInitiative Website အတွက် လိုအပ်တဲ့Data တွေကို ခွင့်ပြုချက်မယူဘဲရယူခဲ့မှုနဲ့ လွှင့်တင်ခဲ့မှုပါ။ဒါဟာ Electronic Actနဲ့ ဆိုရင်တော့ Data Theft မြောက်ပါတယ်။စုံစမ်းစစ်ဆေးမှုကတော့ ၄င်းData များကိုတိုးနိုင်မန်းဆီကအလွတ်သဘော အကူအညီတောင်းခံရယူခဲ့တာဟုတ်/မဟုတ် နဲ့ အခြား Unofficial လုပ်ဆောင်မှုများဖြစ်ကြောင်းသိရပါတယ်။OMI အဖွဲ့ ဟာ အမေရိကန်သံရုံး။နယူးဇီလန်သံရုံးနဲ့ ဆွစ်ဇာလန် သံရုံးတို့ ကအထောက်အပံ့နဲ့ ဖွဲ့ စည်းထားတာပါ။အထူးသဖြင့်အမေရိကန်အစိုးရကBurma CampaignProject အတွက် NED အစီအစဉ်နဲ့ ထောက်ပံ့မှုပိုများပါတယ်။ဒါကြောင့် ပြည်ပနိုင်ငံနဲ့ ဆက်စပ်တဲ့ သူလျှိုမှုမြောက်မမြောက်အဓိက စုံစမ်းစစ်ဆေးခံရဖွယ်ရှိနေပါတယ်။

No comments: