Tuesday, July 14, 2015

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာတွင် ဇူလိုင်လ (၁၀)ရက် ည (၁၂) အချိန်ခန့်က အနုကြမ်းစီးမှုတစ်ခုဖြစ်ခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းရရှိသည်။

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ သဲကုန်းကျေးရွာတွင် ဇူလိုင်လ (၁၀)ရက် ည (၁၂) အချိန်ခန့်က အနုကြမ်းစီးမှုတစ်ခုဖြစ်ခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးက သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပုသိမ်ကြီးမြို့နယ်၊ သဲကုန်း ကျေးရွာနေ ဦးမြသောင်း အသက် (၅၆) နှစ်က ညအချိန်တွင် နေအိမ်တံခါးများ မပိတ်မိဘဲ အိပ်နေစဉ် အမည်မသိ လူနှစ်ဦး ၀င်ရောက်ရှိလာပြီး၊ တစ်ဦးက ဦးမြသောင်း အားတက်ဖိကာ ဗီရိုသော့ထားရှိရာ နေရာအား မေးမြန်းရာ ဦးမြသောင်းက သော့ထားရာနေရာသို့ ညွှန်ပြခဲ့သည်။ ထို့နောက် ကျန်တစ်ယောက်က သော့ဖြင့် ဗီရိုအတွင်းရှိ ငွေကျပ် (၁၃၇)သိန်း အား ယူဆောင်၍ ဦးမြသောင်း၏ မျက်နှာကို ပုဆိုးဖြင့်ချည်ပြီး ၀ါယာကြိုးဖြင့် တုပ်နှောင်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ “လက်ရှိအချိန်ထိ တရားခံကို ဖမ်းဆီးရမိဖို့ ကြိုးစားနေပါတယ်။ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ (ပ) နံပါတ် ၁၈၈/၂၀၁၅၊ ပြစ်မှု ပုဒ်မ ၃၉၂ နဲ့ အမှုဖွင့်ထားတယ်”ဟု ပုသိမ်ကြီးမြို့မ ရဲစခန်းမှ တာဝန်ကျ ဒုရဲအုပ်က ပြောသည်။

No comments: