Monday, July 13, 2015

ဖတ်မိ၍ ကြိုက်မိသွားသော သရော်စာ __________________________

ဖတ်မိ၍ ကြိုက်မိသွားသော သရော်စာ __________________________ သို့/ သမ္မတကြီး ဘုန်းကြီးစာရေးလိုက်ပါတယ်။ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို အလေးစားလွန်ပြီး ဒကာကြီးရဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ စွမ်းဆောင်ချက်တွေကို အဝိဇ္ဇာဖုံးပြီး ဘုန်းဘုန်း မမြင်နိုင်ခဲ့ဘူးကွယ်။ တကယ်တော့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုနဲ့ တကယ်ထိုက်တန်တာက ဒကာကြီးပါ။ ဒေါ်စုက အချောင်ရထားတာပါ။ သူက ဘာများလုပ်ခဲ့လို့လဲ။ ဒကာကြီးကသာ သူပုန်တွေကို လှုပ်မရအောင် စာရွက်တွေနဲ့ ချည်နှောင်ထားလိုက်နိုင်ပြီ မဟုတ်လား။ အနည်းဆုံးတော့ စာရွက်ပေါ်မှာ ငြိမ်းချမ်းကြရပြီလေ။ မိုးကြိုးပစ် ထန်းလက်နဲ့ကာ ဆိုသလို ကျည်ဆန်တွေကို စာရွက်နဲ့ ကာထားနိုင် တဲ့ ဒကာကြီးမှ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုနဲ့ မထိုက်တန်ရင် ဘယ်သူထိုက်တန်ပါတော့မလဲကွယ်။ ဒကာကြီးကတော့ သမိုင်းရော၊ အုတ်ကျင်းရော၊ ကုလားကျောင်းရော ဝင်သွားပါပြီကွယ်။ နော့ပြီး ဒကာကြီးရဲ့ ရတနာသုံးပါးကြည်ညိုမှုကလည်း သြချလောက်ပါတယ်ကွယ်။ သူများတွေက ဘုရားမှာပဲ ဆီမီးကပ်လှူပေမယ့် သဒ္ဓါတရား အားကြီးတဲ့ ဒကာကြီးကတော့ သံဃာတော်တွေကိုပါ မီးပန်းတွေရှို့ ပေးတာ အသားညိုတဲ့ကိုယ်တော်တွေတောင် အရေခွံလဲပြီး ဖြုဖြုဖွေးဖွေး ကြည့်ကောင်းကုန်သကွယ်။ သာဓု သာဓု သာဓု။ ဒါတင် ဘာကမတုန်း။ ဘာသာသာသနာကို အကြည်ညိုပျက်စေလို့ ထင်လင်းဦး " ဆိုတဲ့သူကို ဖမ်းချုပ်ထားတာ ဘုန်းဘုန်း ကျေနပ်သကွယ်။ သာသနာဆိုတာ အာဏာရှိတွေနဲ့ပဲဆိုင်တာ။ ဒင်းတို့ဝေဖန်စရာမှ မဟုတ်တာ။ အပြင်လူက သာသနာကို မစွက်ဖက်သင့်သလို၊ သာသနာတွင်းကဘုန်းကြီးတွေက လည်း အပြင်ကိစ္စတွေ မပါသင့်ဘူးလေ။ ဒါကြောင့် ဟိုဘုန်းကြီးက မိချောင်းမင်းရေကင်းပြလုပ်ပြီး မင်းကျင့်တရားလေးဘာလေး လာဟောနေတာ ကြည့်မရပေါင်။ အခု ဒင်း ဟောခွင့်အပိတ်ခံရပြီလေ။ ဒီလောက် မင်းကျင့်တရားနဲ့ညီတဲ့ ဒကာကြီးတို့ကို စော်ကားနေမှတော့ သူတော့ မြေတောင်အမျိုခံရမလားလို့ ဘုန်းကြီးစိုးရိမ်မိသေးတယ်ကွယ်။ ဒါတင် ဟုတ်သေးလား။ ဖုတ်တဘာသာ သာသနာပြု ခြင်ပျံ ဆရာတော် လို ရွက်ပုန်းသီး ဘုန်းကြီးတွေ ကို ပွဲထုတ်ပေးနိုင်တဲ့ ဒကာကြီးရဲ့ ဘာသာရေးအမြင် စူးရှထက်မြက် မှုကိုလည်း ဘုရာသားတော်ဖြစ်တဲ့ ဘုန်းကြီးတောင် လေးစားအားကျမိတယ်ကွယ်။ အခုဆို အဲဒီ ခြင်ပျံဆရာတော်ရဲ့ "ဖျာသယ်မကြီး" ဂါထာကို တောရောမြို့ပါမကျန် ကြည်ညိုစွာ ရွတ်ဆိုပွားများနေကြပြီလေ။ သူ့ရဲ့ ဘာသာခြားနှိပ်ကွပ်ရေး မယောင်ရာဆီလူး "လင်ယူသားမွေး ဘုန်းဘုန်းပါမစ်ပေး" ဆိုတဲ့ ဥပဒေတော်ကြီးကို ဒကာကြီးတို့က ကူညီရေးဆွဲပေး၊ ဝိုင်းအတည်ပြုပေးနဲ့ တပ်ထွက်ကြီး တွေ ထမီဝတ်ပြီး တက်ညီလက်ညီ ဆောင်ရွက်နေတာ အားရသကွယ်။ ပြီးတော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို လိုအပ်တဲ့ အချိန်ကောင်းကျမှသာ အပြင်ထွက် သောင်းကျန်းစေပြီး ကျန်တဲ့အချိန်တွေ လုံခြုံစွာ ဖွက်ထားနိုင်တာကိုလည်း ကျေးဇူးတင်သကွယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဆိုတာ ဒါမျိုးကိုဖြစ်နေရမယ်။ အခုခေတ်က ဆုတ်ကပ်ဆိုတော့ လူတွေက ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တာ မင်္ဂလာ တပါးဆို တာကို မသိကြတော့ဘူးကွယ့်။ ကျေးဇူးမတင်တဲ့အပြင် အပြစ်တင်ဖို့လောက် ချောင်းနေတာ။ တကယ်ဆို ဒီလူအုပ်ကြီး အချိန်တိုင်း လမ်းပေါ်မှာသာဆိုရင် ဘယ်လောက်ကြောက်စရာ ကောင်းမလဲ စဉ်းစားကြည့်စမ်း။ ဒီလိုမဖြစ်အောင် ထိန်းကွပ်ထားနိုင်တဲ့ကျေးဇူးကို ကန်းရက်ကြတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဆိုလို့ ကိုယ့်သားသမီးအရွယ် ကျောင်းသားလေးတွေကို တုတ်နဲ့ရိုက်ဆုံးမတာကိုလည်း သဘောကျလှသကွယ်။ တကယ်တော့ မိဘ ဆရာတွေဆိုတာ သားသမီးတွေ၊ တပည့်တွေကို ရိုက်ပြီး မဆုံးမဖူးသူ ဘယ်သူရှိလို့တုန်း။ ဒီတော့ ဒကာကြီးဟာလည်း မိဘ ဆရာတွေနဲ့ တဂိုဏ်းတည်း ထားရလောက်အောင် အုပ်ချုပ်မှုကောင်းလွန်းပါသကွယ်။ အနန္တောအနန္တ ၅ ပါးမှာ ဒကာကြီးပါဆိုရင် ၆ ပါးဖြစ်ပြီပေါ့ကွယ်။ နောက်ပြီး မြို့အလှနဲ့ သန့်ရှင်းရေးကို ထိခိုက်စေတဲ့ ကျူးကျော်တွေကို ဘူဒိုဇာနဲ့ထိုး၊ လမ်းဘေးဈေးသည်တွေကို လူအားနဲ့ ဝင်ဖမ်းတာတွေလုပ်ပေး တော့ အခုဆို အလွန်ကို သန့်ရှင်းသပ်ရပ်တဲ့နိုင်ငံတော်ကြီးဖြစ်နေပြီလေ။ ဒါကိုမှ သန့်ရှင်းသော အစိုးရလို့ မခေါ်ရင် ဘာကိုခေါ်မလဲကွယ်။ ဒင်းတို့ တဲမရှိရင် တိုက်နဲ့နေပေါ့၊ လမ်းဘေးဈေးမရောင်းရရင် တိုက်ခန်းနဲ့ရောင်းပေါ့။ ဒီလောက်လွယ်နေတာကို ဒကာကြီးတို့ကို ဒုက္ခပေးချင်လို့ကို သက်သက်လိုက်ညစ်နေကြတာ။ ဒါကိုတောင် သူတို့က ဒကာကြီးတို့ကို သန့်ရှင်းသော အစိုးရဖြစ်စေချင်လို့ သက်သက်ပါရမီဖြည့်ပေးတယ်လို့ နှလုံးသွင်းနိုင်တာ ဘုန်းကြီးတော့ ပါးစပ်အဟောင်းသားကိုဖြစ်ရပါတယ် ကွယ်။ ပြောရင်းပြောရင်းနဲ့ ဘုန်းကြီးလေ တနိုင်ငံလုံးရဲ့ တုနှိုင်းမဲ့ ကျေးဇူရှင်၊ အကြွေးတို့ရဲ့ ဘုရင်၊ ငြိမ်းချမ်းရေးရဲ့သခင်၊ သံဃာတော်တွေရဲ့ ခမည်းတော်၊ သူတော်စင် ဒကာ သမ္မတကြီးကို လေးစား ကြည်ညိုလွန်း လို့ ရိုသေမြတ်နိုး လက်စုံမိုးလို့ ဦးခိုက်ကန်တော့ပန်းဆင်ရင်း ဘုန်းဘုန်းရဲ့ စာကို အဆုံးသတ်လိုက်ပါတယ်ကွယ်။ By/ လဒဘုကျ အရှင် ဆွေပိန်ရ် Credit to original · ဖတ်မိ၍ ကြိုက်မိသွားသော သရော်စာ __________________________ သို့/ သမ္မတကြီး ဘုန်းကြီးစာရေးလိုက်ပါတယ်။ အရင်က ဒေါ်အောင်ဆန်းစုကြည်ကို အလေးစားလွန်ပြီး ဒကာကြီးရဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရ စွမ်းဆောင်ချက်တွေကို အဝိဇ္ဇာဖုံးပြီး ဘုန်းဘုန်း မမြင်နိုင်ခဲ့ဘူးကွယ်။ တကယ်တော့ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုနဲ့ တကယ်ထိုက်တန်တာက ဒကာကြီးပါ။ ဒေါ်စုက အချောင်ရထားတာပါ။ သူက ဘာများလုပ်ခဲ့လို့လဲ။ ဒကာကြီးကသာ သူပုန်တွေကို လှုပ်မရအောင် စာရွက်တွေနဲ့ ချည်နှောင်ထားလိုက်နိုင်ပြီ မဟုတ်လား။ အနည်းဆုံးတော့ စာရွက်ပေါ်မှာ ငြိမ်းချမ်းကြရပြီလေ။ မိုးကြိုးပစ် ထန်းလက်နဲ့ကာ ဆိုသလို ကျည်ဆန်တွေကို စာရွက်နဲ့ ကာထားနိုင် တဲ့ ဒကာကြီးမှ ငြိမ်းချမ်းရေးနိုဗယ်လ်ဆုနဲ့ မထိုက်တန်ရင် ဘယ်သူထိုက်တန်ပါတော့မလဲကွယ်။ ဒကာကြီးကတော့ သမိုင်းရော၊ အုတ်ကျင်းရော၊ ကုလားကျောင်းရော ဝင်သွားပါပြီကွယ်။ နော့ပြီး ဒကာကြီးရဲ့ ရတနာသုံးပါးကြည်ညိုမှုကလည်း သြချလောက်ပါတယ်ကွယ်။ သူများတွေက ဘုရားမှာပဲ ဆီမီးကပ်လှူပေမယ့် သဒ္ဓါတရား အားကြီးတဲ့ ဒကာကြီးကတော့ သံဃာတော်တွေကိုပါ မီးပန်းတွေရှို့ ပေးတာ အသားညိုတဲ့ကိုယ်တော်တွေတောင် အရေခွံလဲပြီး ဖြုဖြုဖွေးဖွေး ကြည့်ကောင်းကုန်သကွယ်။ သာဓု သာဓု သာဓု။ ဒါတင် ဘာကမတုန်း။ ဘာသာသာသနာကို အကြည်ညိုပျက်စေလို့ ထင်လင်းဦး " ဆိုတဲ့သူကို ဖမ်းချုပ်ထားတာ ဘုန်းဘုန်း ကျေနပ်သကွယ်။ သာသနာဆိုတာ အာဏာရှိတွေနဲ့ပဲဆိုင်တာ။ ဒင်းတို့ဝေဖန်စရာမှ မဟုတ်တာ။ အပြင်လူက သာသနာကို မစွက်ဖက်သင့်သလို၊ သာသနာတွင်းကဘုန်းကြီးတွေက လည်း အပြင်ကိစ္စတွေ မပါသင့်ဘူးလေ။ ဒါကြောင့် ဟိုဘုန်းကြီးက မိချောင်းမင်းရေကင်းပြလုပ်ပြီး မင်းကျင့်တရားလေးဘာလေး လာဟောနေတာ ကြည့်မရပေါင်။ အခု ဒင်း ဟောခွင့်အပိတ်ခံရပြီလေ။ ဒီလောက် မင်းကျင့်တရားနဲ့ညီတဲ့ ဒကာကြီးတို့ကို စော်ကားနေမှတော့ သူတော့ မြေတောင်အမျိုခံရမလားလို့ ဘုန်းကြီးစိုးရိမ်မိသေးတယ်ကွယ်။ ဒါတင် ဟုတ်သေးလား။ ဖုတ်တဘာသာ သာသနာပြု ခြင်ပျံ ဆရာတော် လို ရွက်ပုန်းသီး ဘုန်းကြီးတွေ ကို ပွဲထုတ်ပေးနိုင်တဲ့ ဒကာကြီးရဲ့ ဘာသာရေးအမြင် စူးရှထက်မြက် မှုကိုလည်း ဘုရာသားတော်ဖြစ်တဲ့ ဘုန်းကြီးတောင် လေးစားအားကျမိတယ်ကွယ်။ အခုဆို အဲဒီ ခြင်ပျံဆရာတော်ရဲ့ "ဖျာသယ်မကြီး" ဂါထာကို တောရောမြို့ပါမကျန် ကြည်ညိုစွာ ရွတ်ဆိုပွားများနေကြပြီလေ။ သူ့ရဲ့ ဘာသာခြားနှိပ်ကွပ်ရေး မယောင်ရာဆီလူး "လင်ယူသားမွေး ဘုန်းဘုန်းပါမစ်ပေး" ဆိုတဲ့ ဥပဒေတော်ကြီးကို ဒကာကြီးတို့က ကူညီရေးဆွဲပေး၊ ဝိုင်းအတည်ပြုပေးနဲ့ တပ်ထွက်ကြီး တွေ ထမီဝတ်ပြီး တက်ညီလက်ညီ ဆောင်ရွက်နေတာ အားရသကွယ်။ ပြီးတော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို လိုအပ်တဲ့ အချိန်ကောင်းကျမှသာ အပြင်ထွက် သောင်းကျန်းစေပြီး ကျန်တဲ့အချိန်တွေ လုံခြုံစွာ ဖွက်ထားနိုင်တာကိုလည်း ကျေးဇူးတင်သကွယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဆိုတာ ဒါမျိုးကိုဖြစ်နေရမယ်။ အခုခေတ်က ဆုတ်ကပ်ဆိုတော့ လူတွေက ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်တာ မင်္ဂလာ တပါးဆို တာကို မသိကြတော့ဘူးကွယ့်။ ကျေးဇူးမတင်တဲ့အပြင် အပြစ်တင်ဖို့လောက် ချောင်းနေတာ။ တကယ်ဆို ဒီလူအုပ်ကြီး အချိန်တိုင်း လမ်းပေါ်မှာသာဆိုရင် ဘယ်လောက်ကြောက်စရာ ကောင်းမလဲ စဉ်းစားကြည့်စမ်း။ ဒီလိုမဖြစ်အောင် ထိန်းကွပ်ထားနိုင်တဲ့ကျေးဇူးကို ကန်းရက်ကြတယ်။ ကောင်းမွန်တဲ့အုပ်ချုပ်ရေးဆိုလို့ ကိုယ့်သားသမီးအရွယ် ကျောင်းသားလေးတွေကို တုတ်နဲ့ရိုက်ဆုံးမတာကိုလည်း သဘောကျလှသကွယ်။ တကယ်တော့ မိဘ ဆရာတွေဆိုတာ သားသမီးတွေ၊ တပည့်တွေကို ရိုက်ပြီး မဆုံးမဖူးသူ ဘယ်သူရှိလို့တုန်း။ ဒီတော့ ဒကာကြီးဟာလည်း မိဘ ဆရာတွေနဲ့ တဂိုဏ်းတည်း ထားရလောက်အောင် အုပ်ချုပ်မှုကောင်းလွန်းပါသကွယ်။ အနန္တောအနန္တ ၅ ပါးမှာ ဒကာကြီးပါဆိုရင် ၆ ပါးဖြစ်ပြီပေါ့ကွယ်။ နောက်ပြီး မြို့အလှနဲ့ သန့်ရှင်းရေးကို ထိခိုက်စေတဲ့ ကျူးကျော်တွေကို ဘူဒိုဇာနဲ့ထိုး၊ လမ်းဘေးဈေးသည်တွေကို လူအားနဲ့ ဝင်ဖမ်းတာတွေလုပ်ပေး တော့ အခုဆို အလွန်ကို သန့်ရှင်းသပ်ရပ်တဲ့နိုင်ငံတော်ကြီးဖြစ်နေပြီလေ။ ဒါကိုမှ သန့်ရှင်းသော အစိုးရလို့ မခေါ်ရင် ဘာကိုခေါ်မလဲကွယ်။ ဒင်းတို့ တဲမရှိရင် တိုက်နဲ့နေပေါ့၊ လမ်းဘေးဈေးမရောင်းရရင် တိုက်ခန်းနဲ့ရောင်းပေါ့။ ဒီလောက်လွယ်နေတာကို ဒကာကြီးတို့ကို ဒုက္ခပေးချင်လို့ကို သက်သက်လိုက်ညစ်နေကြတာ။ ဒါကိုတောင် သူတို့က ဒကာကြီးတို့ကို သန့်ရှင်းသော အစိုးရဖြစ်စေချင်လို့ သက်သက်ပါရမီဖြည့်ပေးတယ်လို့ နှလုံးသွင်းနိုင်တာ ဘုန်းကြီးတော့ ပါးစပ်အဟောင်းသားကိုဖြစ်ရပါတယ် ကွယ်။ ပြောရင်းပြောရင်းနဲ့ ဘုန်းကြီးလေ တနိုင်ငံလုံးရဲ့ တုနှိုင်းမဲ့ ကျေးဇူရှင်၊ အကြွေးတို့ရဲ့ ဘုရင်၊ ငြိမ်းချမ်းရေးရဲ့သခင်၊ သံဃာတော်တွေရဲ့ ခမည်းတော်၊ သူတော်စင် ဒကာ သမ္မတကြီးကို လေးစား ကြည်ညိုလွန်း လို့ ရိုသေမြတ်နိုး လက်စုံမိုးလို့ ဦးခိုက်ကန်တော့ပန်းဆင်ရင်း ဘုန်းဘုန်းရဲ့ စာကို အဆုံးသတ်လိုက်ပါတယ်ကွယ်။ By/ လဒဘုကျ အရှင် ဆွေပိန်ရ် Credit to original ·

No comments: