Monday, July 13, 2015

ပြည်ခိုင်ဖြိုးပါတီ လာမည့်ရွေးကောက်ပွဲတွင် သန့်သန့်ရှင်းရှင်း ၀င်ပြိုင်မည်ဟုဆို =========================================

ပြည်ခိုင်ဖြိုးပါတီ လာမည့်ရွေးကောက်ပွဲတွင် သန့်သန့်ရှင်းရှင်း ၀င်ပြိုင်မည်ဟုဆို ========================================= လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း (ဓာတ်ပုံ - H.E. Thura U Shwe Mann Facebook) ပြည်ခိုင်ဖြိုးပါတီသည် လာမည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို သန့်သန့်ရှင်းရှင်းနှင့် တရားမျှတမှုရှိစွာ အောင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြား သည်။ ဇူလိုင် ၁၁ ရက် နံနက်တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ ပါတီဗဟို ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ခရိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူးများ နှင့် တွေ့ဆုံရာတွင် အထက်ပါအ ချက်များထည့်သွင်းပြောကြားခဲ့ ကြောင်း သူရဦးရွှေမန်းက လူမှု ကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားဖော်ပြထားသည်။ နိုင်ငံသားတို့၏ အကျိုးစီးပွား ကို ဖော်ဆောင်ကာ အများအကျိုး ဆောင်ရွက်လိုသူများကိုသာ လာ မည့်ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်းအဖြစ် ရွေးချယ်မည် ဖြစ်ပြီး ပါတီကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သူများအနေဖြင့် ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တော် တည်ဆောက်ရာ၌ ပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ ပါတီကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများသည် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်း ကမ်းများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအ တွက် ထုတ်ပြန်ထားသည့် ကျင့် ၀တ်များနှင့်အညီ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။ ‘‘ရွေးကောက်ပွဲမှာ ၀င်ပြိုင် မယ့် ကိုယ်စားလှယ်လောင်းများ ကို အောက်ခြေအဆင့်ဆင့်ကနေ ဗဟိုကိုတင်ပြီးပါပြီ။ အခုအချိန်မှာ ဗဟိုမှာစိစစ်နေပါပြီ။ ဘယ်သူတွေ ၀င်ပြိုင်မယ်ဆိုတာကတော့ ၂၀ ရက်နေ့ဆို အဖြေထွက်ပါပြီ။ သိပ် မလိုတော့ပါဘူး။ လောလော ဆယ်တော့ ပြောခွင့်မရှိလို့ပါ’’ဟု ပါတီဗဟိုကော်မတီဝင် ဦးသာဝင်း က ပြောသည်။ ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံ တစ်ဝန်းရှိ မဲဆန္ဒနယ်အားလုံး တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ကြေညာထားပြီး NLD ပါတီကလည်း ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပြီဖြစ်သဖြင့် ၂၀၁၅ ရွေးကောက်ပွဲသည် အင်တိုက်အားတိုက် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ပြောကြားထားသည်။ ပြည်ခိုင်ဖြိုးပါတီ လာမည့်ရွေးကောက်ပွဲတွင် သန့်သန့်ရှင်းရှင်း ၀င်ပြိုင်မည်ဟုဆို ========================================= လက်ရှိ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း (ဓာတ်ပုံ - H.E. Thura U Shwe Mann Facebook) ပြည်ခိုင်ဖြိုးပါတီသည် လာမည့် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို သန့်သန့်ရှင်းရှင်းနှင့် တရားမျှတမှုရှိစွာ အောင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြား သည်။ ဇူလိုင် ၁၁ ရက် နံနက်တွင် နေပြည်တော်ရှိ ပါတီဌာနချုပ်၌ ပါတီဗဟို ကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ခရိုင်၊ မြို့နယ်ပါတီအတွင်းရေးမှူးများ နှင့် တွေ့ဆုံရာတွင် အထက်ပါအ ချက်များထည့်သွင်းပြောကြားခဲ့ ကြောင်း သူရဦးရွှေမန်းက လူမှု ကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ရေးသားဖော်ပြထားသည်။ နိုင်ငံသားတို့၏ အကျိုးစီးပွား ကို ဖော်ဆောင်ကာ အများအကျိုး ဆောင်ရွက်လိုသူများကိုသာ လာ မည့်ရွေးကောက်ပွဲတွင် ကိုယ်စား လှယ်လောင်းအဖြစ် ရွေးချယ်မည် ဖြစ်ပြီး ပါတီကိုယ်စားပြုဝင်ရောက် ယှဉ်ပြိုင်သူများအနေဖြင့် ဖက်ဒ ရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တော် တည်ဆောက်ရာ၌ ပါဝင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ ပါတီကိုယ်စားပြု ၀င်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်းများသည် ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်း၊ စည်း ကမ်းများ၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများအ တွက် ထုတ်ပြန်ထားသည့် ကျင့် ၀တ်များနှင့်အညီ ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ဆိုသည်။ ‘‘ရွေးကောက်ပွဲမှာ ၀င်ပြိုင် မယ့် ကိုယ်စားလှယ်လောင်းများ ကို အောက်ခြေအဆင့်ဆင့်ကနေ ဗဟိုကိုတင်ပြီးပါပြီ။ အခုအချိန်မှာ ဗဟိုမှာစိစစ်နေပါပြီ။ ဘယ်သူတွေ ၀င်ပြိုင်မယ်ဆိုတာကတော့ ၂၀ ရက်နေ့ဆို အဖြေထွက်ပါပြီ။ သိပ် မလိုတော့ပါဘူး။ လောလော ဆယ်တော့ ပြောခွင့်မရှိလို့ပါ’’ဟု ပါတီဗဟိုကော်မတီဝင် ဦးသာဝင်း က ပြောသည်။ ပြည်ခိုင်ဖြိုးပါတီသည် နိုင်ငံ တစ်ဝန်းရှိ မဲဆန္ဒနယ်အားလုံး တွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ကြေညာထားပြီး NLD ပါတီကလည်း ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပြီဖြစ်သဖြင့် ၂၀၁၅ ရွေးကောက်ပွဲသည် အင်တိုက်အားတိုက် ယှဉ်ပြိုင်ရမည့် ရွေးကောက်ပွဲတစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ပြောကြားထားသည်။ http://www.myanmarexpress.net/2015/07/blog-post_13.html -

No comments: