မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 14, 2015
တို့ အရေး ဖြစ်လာနေပြီ
တို့ အရေး ဖြစ်လာနေပြီ
မြန်မာနိုင်ငံသည် စီးပွားရေးအရ တိုးတက်လာသည်ဆိုသော်လည်း ယင်းနှင့်အတူ ဆင်းရဲချမ်းသာ ကွာဟမှုက ပို၍ နက်ရှိုင်းလာနေသည် အဖြစ်ကို ကြည့်က အဆိုပါ တိုးတက်မှုများသည် ပြည်သူများအတွက် ဘာမှ အကျိုးခံစားခွင့် မရရှိသေးသည့် အဖြစ်က သေချာသည်။ ပိုက်ဆံ ရှိ လူတန်းစားပင် ပို၍ ချမ်းသာလာကြရသည်။ ပညာရေး နှင့်၊ ကျန်းမာရေး ကဏ္ကများကို ကြည့်က သိသာနိုင်သည်။
တနိုငိငံလုံးက ထုတိလုပ်နေသော လျပ်စစ်ဓါတ် မီဂါဝတ် ပမာဏကိုပဲ ကြည့်ပါ အမေရိကန်ရှိ မြို့ကြီးတမြို့စာလောက်ပင် ရှိနေသေးသည်။ တနေ့ အမေရိကန် ၂ ဒေါ်လာ အောက် သာ ၀င်ငွေ ရှိသူများကို ဆင်းရဲတွင်းနက်နေသူများဟု ကမ္ဘာက သတ်မှတ်ထားရာ မြန်မာပြည်တွင် သန်းပေါင်းမည်မျ ရှိနေပြီလဲ။
လာတ်စားမှုများက မည်မျထိ ထူပြောလာနေသနညိး။.တိုက်ဖျက်ရန် မစဉ်းစား။ ဦးသိန်းစိန် အစိုးရ လက်ထက်တွင် မည်သည့် စစ်ဘက် နယ်ဘက် အရာရှိ ကြီးကြီး မာစတာထဲက အဘယ်သူများ အရေးယူ ခံခဲ့ရသနည်း။ စဉ်းစားကြည့်ပါ အရေးယူဘို့နေနေသာသာ အားပေးအားမျြောက်စကားများပင် ပြောနေပေသေးသည်။
မြန်မာသည် ရေနံစိမ်းများကို ပြည်ပမှ ၀ယ်ယူတင်သွင်းနေရဆဲ ဖြစ်သည်မို့ ကမ္ဘာ့ရေနံစိမ်း ဈေးနှုန်းကျ၍ ယခင်က တရာခန့် ပေးနေရာက ၆၀ လောက်သာ ပေးဝယ်ရပေတော့ရာ ပိုထွက်လာသော ပိုက်ဆံများ ဘယ်မှာသုံးစွဲနေကြသနည်း။ ဦးအောင်သောင်းလို အရေးပေါ်ဖြစ်က စင်္ကာပူမှ အထူး.သူနာပြု.လေယာဉ်ကြီး ဒေါ်လာ သိန်းချီပေး ငှားနိုင်ဘို့ စုများ ထားကြလေသလား။
ပြည်သူများ၏ အိပ်ကပ်ထဲမှ ခိုးယူကာ နိုင်ငံခြားဘဏ်များတွင် အမည်မပေါ် အပ်နှံထားကြသော ဒေါ်လာ ၁၁ ဘီလီယံကိစ္စ သတင်းစာများက ရှင်းပေးရန် လူသိရှင်ကြား အော်ဟစ်တောင်းဆိုနေသည့် အရေးကိုလည်း ၎င်းတို့နှင့် လားလားမှ မဆိုင်သလို လုပ်နေကြပြန်ပေသည်။
နယ်စပ်ဒေသရှိ လူထုခမျာလည်း ဟိုနေရာက ပြစ်၊ ဒီနေရာက ပြစ် နေမှုများကြောင့် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယခုထက်တိုင် ကျီးလန့်စားစား ပြေးလွှားနေရတုန်းဖြစ်ပြီး အကြီးအကျယ် ကြွားဝါထားခဲ့သော အပြစ်အခတ်ရပ်စဲရေးက တယောက်မျပင် စကားထဲ ထည့်မပြောကြတော့ပေ။
သို့အတွက် လာမည့် ၅ လ ကျော်တွင် မိမိတို့ဘ၀သည် ပိုမိုကောင်းမွန်သော အစိုးရ လက်အောက်တွင် နေရတော့မည် အဖြစ်ကား ကြိမ်းသေသလောက်ရှိနေရသော်ငြားလည်း ပြည်သူတရပ်လုံးက ရင်တထိတ်ထိတ်နှင့် ဖြစ်နေရသည်။ အဘယ့်ကြောင့်နည်း။
ရှင်းပါသည်။ ပြည်သူများအား ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့် မပေးလိုကြသော အာဏာဆုပ်ကိုင်ထားသည့် လက်ဆယ်ချောင်းပင် မပြည့်သော အရည်အတွက်ရှိ လူများက နည်းမျိုးစုံဖြင့် ညစ်ရန် နေတဒူဝဘစဉ်းစားတွေးခေါ် လုံးပမ်းလာနေကြခြင်းကို မြင်တွေ့နေရသောကြောင့်ပင်။
ညစိ၍ မရသည့်အဆုံး ၎င်းတို့လက်ကိုင်ဒုတ်အဖြစ် နှစ်ရှည်လများ အသုံးချလာသည့် တပ်မတော်ဆိုသည့် လက်နက်ကိုင် အဖွဲ့အစည်း၏ အကာအကွယ်ကို ယူ၍ အာဏာကို ဆက်လက်ကိုင်စွဲ ထားနိုင်ရေး အတွက် အခြေအနေများ ဖန်တီးပြစ်ရန် လည်း ဆင်ကြံ ကြံနေကြသည့် အဖြစ်ကို ၎င်းတို့နှင့် နှစ်ပေါင်း ၅၀ ကျော်မျ မချစ်သော်လည်း အောင့်ကာနမ်းနေရသည့် လူထုကြီးက ယဉ်ပါးပြီးသား ဖြစ်နေပေသည်။
ထိုကဲ့သို့သော မရေရာမှုများကြောင့် ပြည်သူများရင်ဝယ် တိုင်းပြည်အရေး ဒုံးဒုံး မချနိုင်။ အောင်ပွဲက လက်တကမ်းသာ လိုတော့သည့် အခုလို အချိန်တွင်ပင် ရတက်မအေးနိုင်ဖြစ်နေရသည်။
ဖိနှိပ်သူများမှ လက်နက်အားကိုးဖြင့် ပြည်သူတို့၏ ခေါင်းထောင်ထလာနေသော စစ်က္ဈန်ဘ၀မှ လွတ်မြောက်ရေး အခုလို လက်တကမ်းသာ လိုသည့် တိုက်ပွဲကြီးကို ချေမှုန်းရန် အစွမ်းကုန် နည်းမျိုး စုံသုံး၍ ဖြိုခွင်းရန် ကြိုးစားလာနေပေသည်။
အဆိုပ့ါ အမျိုးသားရေး တိုက်ပွဲကို ၁၉၈၈ နောက်ပိုင်း အစဉ်တဆိုက် ဦးဆောင်လာခဲ့သသသည့် အဖွဲ့အစည်းကို ကြည့်ပါက အမျိုးသား ဒီမိုကရေစီ အဖွဲံချုပ်ကိုသာလျင် တွေ့ရပေမည်။
ယခု မြန်မာ့နိုင်ငံရေး မျက်နှာစာတွငင် ဒေါ်အောင်ဆန်းစုကြည် နှငင့် ဒီချူ ပ် ပေါ်မလာဘူး ရှိကို မရှိခဲ့ဘူးဟု စိတ်ထဲတွင် မှတ်ယူပြီး တွေးကြည့်လိုက်စမ်းပါ၂၀၁၅ နောက်ပိုင်း ဘာဖြစ်နိုင်မည်လဲ မညာတမ်း သုံးသပ်ကြည့်ပါလေ။
သူမကဲ့သို့ နိုင်ငံတကာမှ ပြည်တွင်းတွင် ရင်းနှီးမြှုပ်နှံရဲအောင် ယုံကြညိမှု ရရှိခံရသူ၊ တိုင်းပြည် တိုးတက်ကြီးပွားလာအောင် ကိုယ်ကျိုးမဖက်မည့် ဥပမာ ဆိုရက ဦးဖြူ တယောက်လည်း ရှိနေပါရက်နှင့် မိမိတို့က သူမ မှ သူမ ဗိုလ်ချူ ပ်သမီးဖြစ်၍ တိုင်းပြည်ခေါင်းဆောင် ဖြစ်ရမည်။ မဲထည့်ကြပါ ဟု ဆိုလာပါက ပါတီစွဲ၊.ပုဂ္ဂိုလ်စွဲ မကင်းသည့် သူငယ်နာ မစင်သော လုပ်ရပ်ဟု ပြောနိုင်သည်။ အခုအခြေအနေက ထို့သို့မဟုတ်။ ပြေးကြည့်က ဘယ်သူမျ မမြင်။ ထို့အတွက် လူအများက သူမ မှ သူမ ဖြစ်မယ်ဟု.ပြောနေရခြင်းပင်သာတည်း။
ယခုအချိန်သည် ပါတီနိုင်ငံရေး ဆိုသည်မှာမရှိ အမျိုးသား လွတ်မြောက်ရေးအတွက် လှုပ်ရှားရုန်းကန်နေသော အမျိုးသား နိုင်ငံရေးသာ ရှိသည်။
အမျိုးသား လွတ်မြောက်ရေးအတွက် ချီတက်ရာလမ်းတလျောက်တွင် ကန့်လန့်ခံနေသော သစ်ပင်ကြီးအား ဖြိုလှဲရာတွင် အကိုင်းအဖျားလောက်ကို ခုတ်ထွင်ရန် မရည်ရွယ်။ တပင်လုံးအား အမြစ်မှ နှုတ်ရန် လုံးလပြု အားထုတ်နေသော အမှုတွင် ကိုယ်စီကိုယ်ငှ ပေါက်ဆိန်၊ ဓါး၊ လွှ ကိုင်ဆွဲ၍ တယောက်တလက် နိုင်သလောက် ရှင်းလင်းမှသာ အမြစ်ပြတ်နိုင်ပေသည်။
သို့အတွက် ပြည်သူများ အနေဖြင့် မဲစာရင်းကို သေချာစွာစစ်ဆေးပြီး မဲပေးခွင့် ရှိသူ မိမိ အိမ်ထောင်စုမှ တယောက်မကျန် ကြိမ်းသေ မဲပေးခွင့် ရထားရန် ကြိုးပမ်းကြခြင်းဖြင့် မိမိ အထက်က ဆိုခဲ့သလို ပေါက်ဆိန်၊ ဓါး၊.လွှ ဆွဲကိုင်၍ တနိုင်တပိုင် ၀င်ကူရာ ရောက်ပေလိမ့်မည်။
မဲပေးသည်ကို လေ့လာစောင့်ကြည့်ကြသော သူများအနေဖြင့်လည်း မဲရုံတရုံခြင်း သို့မဟုတ်က မြို့နယ်အလိုက် တရားဝင် ထုတ်ပြန်သော ရလာဒ်များကို ဓါတ်ပုံရိုက် မှတ်တမ်းတင်ကာ ဆိုရှယ်မီဒီယာများမှတဆင့် တင်ပြခြင်း ပြု လုပ်သင့်သည်။ သို့မှသာ နောက်ပိုင်းတွင် မဲအရည်အတွက်ကို တနိုင်ငံလုံး အတိုင်းအတာဖြင့် လိမ်လည်၍ ခဲယဉ်းကုန်ပေမည်။
ပြည်ပနိုင်ငံများမှလည်း မမှန်မကန် နည်းဖြင့် အနိုင်ရလာပါက အသိအမှတ်ပြု မည်မဟုတ်ဟု ပြတ်ပြတ်သားသား ကြေငြာချက် အခုထဲက ထုတ်ပြန်အောင် သက်ဆိုင်ရာ သံရုံးများကို ဖိအားပေးသင့်သည်။
သမာသမတ်ကျစွာဖြင့် ဆောင်ရွက်ရမည့် အခရာကျလှသည့် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဆိုသူမှာလည်း ပြည်သူများ၏ ယုံကြည်မှုက သုံညအောက်သို့ပင် ဆင်းနေသည့် လူ ဖြစ်နေရရာ အားလုံးမှ နှစ်ဆ တိုး၍ လုံးပမ်းကြရမည်သာ ဖြစ်တော့သည်။
HSW
Subscribe to:
Post Comments (Atom)
No comments:
Post a Comment