Monday, July 13, 2015

လာပြန်ချေပြီ

လာပြန်ချေပြီ မနေ့က MRTV မှ မဲပေးစနစ် ပြောင်းလဲ ကျင့်သုံးမည့်အကြောင်း ရွေးကောက်ပွဲ ကော်မရှင်မှ ကြေငြာချက် ထုတ်ပြန်ခဲ့ပြန်ပြီ။ ယခုအခါ ကတော့ ထူးဆန်းအံသြဘွယ် အတိပင်။ ဗိုလ်တင်အေး နဖူးပေါ်လက်တင်ကာ ညစဉ် ညဏ်နီ ညဏ်နက် မျိုးစုံ ထုတ်ရာမှ ပေါ်လာသည့် အကြံပေလော။ သူသာ သိပေမည်။ ယခုကား မဲဆန္ဒရှင်များ မဲစာရွက်ပေါ်တွင် အမှန်မခြစ်ကြရတော့။ တံဆိပ်တုံး ထုကာ မဲပေးကြရပေတော့မည်။ မဲစာရင်း ကော်လံ ၃ ခုတွင် ရွေးကောက်ခံသူ အမည်၊.သူ ကိုယ်စားပြု သည့်ပါတီ နှင့် မဲပေးသူ တုံးနှိပ်ရမည့် အကွက် ဟူ၍ ထားရှိရာ သတင်းအဆိုအရ ကြိုက်သည့် အကွက်တွင် နှိပ်နိုင်သည်။ ဒါတွေ အသေးစိတ် ရေးမပြတော့။ အားလုံးသိပြီးသား ဖြစ်ပေမည်။ သို့သော် အကြီးအကျယ် မိမိစိုးရိမ်မိသည့် အချက်ကို တခွန်းတလေမျ ဖေါ်ပြသွားခြင်း မရှိခဲ့ပေ။ ယင်းသည်က တံဆိပ်တုန်းကို ပြောင်းပြန်နှိပ်မိက ပယ်မဲ ဖြစ်မည်လား ဆိုသည့် ကိစ္စပင်။ တံဆိပ်တုံး အတည့် နှိပ်နိုင်ဘို့အရေး အတွေ့အကြုံ ရှိသူများပင် မနည်း သတိထားဆောင်ရွက်ရသည်ကို သိကြမည်သာ။ နိုင်ငံတကာ စနစ်က အမှား အမှန် ခြစ်၊ အပေါက်ဖေါက်( punch card) စသည့် စနစ်များ သုံးကြပေရာ က္ဈန်တော်တို့ အဖို့က အတော်ကို ထူးဆန်းလှပေသည်။ ယင်းသည်က ဗိုလ်တင်အေး၏ နောက်ဆုံးဝှက်ဖဲ တချပ် ဖြစ်ပေမည်။ နောက်တချက်က နိုင်ငံတ၀ှမ်းရှိ လေးသောင်း ခုနှစ်ထောင်ရှိသော မဲရုံများအတွက် တံဆိပ်တုံးများ အလုံအလောက် ရှိဘို့ ငွေကြေးများ ရင်းနှီးမြှုပ်နံရပေ အုန်းမည်။ လောလောဆယ် အစိုးရက ရွေးကောက်ပွဲအတွက် ဘတ်ဂျက်ကို ဒေါ်လာ ၁၃၆,၀၀၀ လျာထားခဲ့ရာ နိုင်ငံတကာမှ က္ဈမ်းကျင်သူများရဲ့ ခန့်မှန်းချက်အရ ဆိုက အနည်ဆုံး ဒေါ်လာ ၂ သန်းလောက်မှ ဖြစ်မယ်လို့ ဆိုပါတယ်။ သို့ဆိုက ဗိုလ်တင်အေး အဘယ်အတွက်ကြောင့် ငွေကုန်ကျေးကြ ထပ်များရမည့် ကိစ္စကို အဘယ့်ကြောင့်မျာ့း ကြံရပြန်ပေသနည်း။ ရှင်းပါသည်။ မြန်မာပြည်ရှိ ၇၀% သော မဲဆန္ဒရှင်များသည် လယ်ယာစိုက်ပျိုးရေးနှင့် အသက်မွေးဝမ်းကြောင်းနေသူ များ ဖြစ်၍ တံဆိပ်တုံး ကို ကိုင်တွယ်ဘူးသူများ မဟုတ်ကြပေ။ အမှားမှား အယွင်းယွင်း ဖြစ်၍ အငြင်းအခုံဖြစ်ကြကာ ပယ်မဲများ တောင်လိုရာလို ပုံကြပေတော့မည်။ ဤကဲ့သို့ လူကြိုက်မများသော ဗိုလ်တင်အေးကို ညစ်နည်းပေါင်းစုံ သုံး၍ ညစ်ခိုင်းကာ နောက်ဆုံးတွင် မြစ်ဆုံ၊ ရွှေတိဂုံ စေတီတော်ကြီး အရေးလို ရာထူးမှ ဖယ်ရှားကာ အနီးကပ်မှ နာမည်ကောင်း ယူကြပေအုန်းမည်။ မည်သို့ပင် ဖြစ်စေ လူထု အနေဖြင့် ဤတံဆိပ်တုံးကိစ္စကိုကား အလေးအနက်ထား၍ စဉ်းစားသင့်သည်။ ၎င်းတို့အဖို့ကား အာဏာရဘို့ဆိုလျင် ၈၈ ကဲ့သို့ တိုင်းပြည်ကို မီးလောင်တိုက်သွင်းကာ အစက ပြန်စဘို့လည်း ၀န်လေးမည့်သူများ မဟုတ်ကြ။ မိမိတို့ ပြည်သူများအနေဖြင့် ထိုအရေးကို ကာကွယ်ကြဘို့သာရှိသည်။

No comments: