မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 14, 2015
ပြောလိုက်ပါရစေသမ္မတကြီးခင်ဗျား။
ပြောလိုက်ပါရစေသမ္မတကြီးခင်ဗျား။
လောက်ကိုင်ဒေသမှာကျဆုံးခဲ့တဲ့အရာရှိ၊စစ်သည်တွေဟာ
နိုင်ငံချစ်စိတ်နဲ့ ငါ့နိုင်ငံတော်ငါ့နိုင်ငံသားငါ့တပ်မတော်အတွက်
ငါ၏အသက်ကိုစွန့်လွှတ်ရန်အဓိဋ္ဌာန်ပြုပါ၏ လို့သစ္စာဆိုခဲ့ကြပါတယ်။
ကျန်းမာရေးအကြောင်းပြချက်နဲ့တိုက်ပွဲကိုရှောင်လွှဲတဲ့တပ်မတော်သား
တစ်ယောက်မှ မရှိခဲ့သလိုနိုင်ငံတော်အတွက်သူတို့အသက်တွေကို
ငယ်ငယ်ရွယ်ရွယ်နဲ့စွန့်လွှတ်ဝံ့ပြီးစိတ်ဓတ်ပြင်းထန်ရဲဝံ့စွာနဲ့
စွန့်လွှတ်ခဲ့ကြပါတယ်။
သမ္မတကြီးလည်းသစ္စာအဓိဋ္ဌာန် ၄ချက်ကိုသစ္စာဆိုအဓိဋ္ဌာန်ပြုခဲ့သော
သူဖြစ်ပါတယ်။
ငါ့အားအထက် မှပေးအပ်သောအမိန့်နဲ့တာဝန်ကိုကျေပြွန်စွာ
ထမ်းဆောင်ပါမည်လို့လဲသစ္စာဆိုခဲ့သူဖြစ်ပါတယ်။
ဒါ့ကြောင့် မိဘပြည်သူများကပေးအပ်တဲ့ တာဝန်ကိုကျေပြွန်စွာထမ်းဆောင်ဖို့လိုအပ်ပါတယ်။
ကျန်းမာရေးကြောင့် ပေးအပ်ထားတဲ့တာဝန်ကို
ကျေပြွန်စွာမထမ်းဆောင်လိုတော့ပါဘူးဆိုတဲ့အကြောင်းပြချက်နဲ့တော့
သစ္စာအဓိဋ္ဌာန်ပြုခဲ့တာကို မပယ်ဖျက်ပါနဲ့။
ဒီမိုကရေစီစံနစ်ကိုကူးပြောင်းစမြန်မာနိုင်ငံတော်မှာ
ဒီမိုကရေစီစံနစ် သမ္မတအတွေ့အကြုံ ၅နှစ်ရှိတဲ့သူ
မြန်မာနိုင်ငံမှာ သမ္မတကြီးကလွဲလို့ ဘယ်သူ တစ်ဦးတစ်ယောက်မှ မရှိပါဘူးဆိုတာပြည်သူကသိရှိထားပါတယ်။
၅နှစ်ဆိုတဲ့အချိန်ဟာလွတ်လပ်ရေးရပြီးနှစ်၆၀နဲ့စာရင်တစ်စက္ကန့်
လောက်သာရှိတဲ့ အလွန် တိုတောင်းတဲ့ ကာလလေးပါ။
ဒီတိုတောင်းလှတဲ့ကာလလေးမှာဒီမိုကရေစီစံနစ်ကိုပြည့်ဝစွာအသွင် မကူးပြောင်းနိုင်ဘူးဆိုတာနားလည်ကြမှာပါ။၅နှစ်သားလေးဟာအချိန်မရွေး
ပျက်စီးသွားနိုင်ပေမဲ့၁၀နှစ်သား ကတော့ ဒူပေဒဏ်ပေ ခံနိုင်ရည်တော်တော်ရှိသွားပြီဖြစ်ပါတယ်။
ဒါကြောင့်သမ္မတနောက်တစ်ဆက်ကိုကျန်းမာရေးအကြောင့်ပြ
မငြင်းဘဲဆက်လက်တာဝန်ထမ်းေ ဆာင်ပါ လို့မိဘပြည်သူများ ကိုယ်စားတာဝန်ပေးအပ်လိုပါတယ်။
တောင်းဆိုပါတယ်။
ကျဆုံးလေပြီးသော
သူရဲကောင်းစစ်သည်များ၏မျက်နှာကိုထောက်ရှုပြီး နိုင်ငံတော်အတွက်
အသက်စွန့်ကြိုးပန်းတာဝန်ထမ်းဆောင်နိုင်သော သမ္မတကြီးဖြစ်ပါစေ
လို့ပြောကြားတင်ပြလိုပါသည်ခင်ဗျား။
Sky Drgon ပြောလိုက်ပါရစေသမ္မတကြီးခင်ဗျား။

Sky Drgon
Subscribe to:
Post Comments (Atom)
No comments:
Post a Comment