မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, July 14, 2015
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂နှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃ နှစ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂နှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃ နှစ် =============================================
July 14, 2015
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂နှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃ နှစ်
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ၂နှစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၃ နှစ်
==============================================
တစ်ပါတီတည်းမှ ဖြစ်သော အာဏာရ
ပြည်ခိုင်ဖြိုးပါတီ၏ လွှတ်တော်အမတ်
များနှင့် အစိုးရ အဖွဲ့ဝင်များ
တစ်နည်းဆိုရသော် အစိုးရအဖွဲ့
အကြီးအကဲ လက်ရှိ နိုင်ငံတော်
သမ္မတ ဦးသိန်းစိန်နှင့် အာဏာရပါတီ၏ လက်ရှိက်္ကဋ္ဌ ဖြစ်သူ လွှတ်တော်နာယက
သူရ ဦးရွှေမန်းတို့၏ အကွဲအပြဲ ဇာတ်လမ်းမှာ တစ်နေ့ထက် တစ်နေ့
ဖုံးမနိုင် ဖိမရ
ပေါ်လာနေသည်။
ထိုအချိန်တွင် ၁၆၆ မဲပိုင်ရှင်
တပ်မတော်သား ကိုယ်စားလှယ်များ
က အစိုးရဘက်က ၀င်ရပ်သည်။
ဆိုရလျှင် အစိုးရအဖွဲ့ကို တိုက်ခိုက်
သည်ဟု ထင်ရသော အဆိုအားလုံးကို လွှတ်တော်တွင် ပယ်ချလျက်ရှိသည်။
ထို့ကြောင့်လည်းမည်သည့် နိုင်ငံနှင့်မျှ
မတူ မြန်မာ့နိုင်ငံရေးဇာတ်လမ်းသည်
ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်တွင်
ဇာတ်လမ်းအသစ်ကို ကပြလျက်ရှိသည်။
အဘယ်ကြောင့် အာဏာရပါတီထဲမှ အမတ်အများစုဖြင့် လွှတ်တော်တွင် ကြီးစိုးထားပြီး ထိုပါတီမှပင်
ဖွဲ့သော အစိုးရတို့ မညီမညွတ် ဖြစ်နေကြပါသနည်း။
ပြန်ကောက်ရလျှင် ဗိုလ်ချုပ်မှူး
ကြီး သန်းရွှေသည် ထိုသို့ဖြစ်ရန်
စနစ်တကျ စီစဉ်ထားခဲ့ခြင်း ဖြစ်သည်ဟု ယူဆရန် အကြောင်းရှိနေသည်။
ကျန်းမာရေးကြောင့် သမ္မတ မလုပ်ပါရစေနှင့် ပါတီတာဝန်သာ ပေးပါဟုဆိုသော ဦးသိန်းစိန်ကို သမ္မတ ခန့်ခဲ့ပြီး သမ္မတ လုပ်ချင်ပါသည်ဆိုသော သူရဦးရွှေမန်းကို လွှတ်တော်ဥက္ကဋ္ဌသာ ပေးခဲ့ခြင်းဖြင့် ရန်မီးကို မွှေးပေးခဲ့သည်။
သို့မှသာ လွှတ်တော်နှင့် အစိုးရကြား
တစ်ချိန်လုံး မသင့်မတင့်ဖြစ်ပြီး
ပြည်သူများ၏ အာရုံကို သူ့ထံမရောက်
ရန် စီမံခဲ့ခြင်းဖြစ်သည်။
သူအုပ်ချုပ်စဉ်ကလည်း
တစ်ချိန်လုံး ထိုသို့ တစ်ဖွဲ့နှင့်
တစ်ဖွဲ့ အားပြိုင်စေမည့်
သူများကို ရာထူးများခန့်အပ်ပြီး သူ၏အာဏာကို တည်မြဲစေခဲ့သည်။
သူစခဲ့သော
မီးသည် ယခုတော့ အရှိန်ပြင်းပြင်း တောက်လောက်စပြုပြီ ဖြစ်သည်။
ယခုအချိန်အထိ သမ္မတ ဦးသိန်းစိန်
က ပြည်ခိုင်ဖြိုးပါတီမှနေ၍ ရွေးကောက်ပွဲ
ဝင်မည်ဟု တစ်ခွန်းမှမပြော။
သို့သော် ပြည်သူများ ဆန္ဒရှိပါက သမ္မတတာဝန် ဆက်လက်ထမ်းဆောင်မည်ဟု
အရိပ်အမြွက် စကားများ မကြာခဏ ပြောထားသည်။
တစ်ချိန်တည်းတွင် သမ္မတသည် ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်ရ
မည်ဆိုသော အခြေခံဥပဒေ ပြင်ဆင်
ချက် အဆိုကို တပ်မတော်သားကိုယ်စားလှယ်
များ၏မဲဟု ယူဆရသော မဲများဖြင့် ပယ်ချခဲ့သည်။
တစ်ချိန်တည်းတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည်
ရေတပ်စခန်း အခြေစိုက်ရာမြို့ဖြစ်
သော ကိုကိုးကျွန်း
မှ ၀င်ရောက် အရွေးချယ်ခံမည်ဟု သတင်းများ ထွက်နေသည်။
အချို့ကလည်း
ထားဝယ်မှ ၀င်ရောက် အရွေးခံမည်ဟု ပြောဆိုနေကြသည်။
ဖြစ်နိုင်ခြေ အရှိဆုံး
မှာ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ်သည် တပ်ထဲတွင်ပင် ဆက်လက်နေပြီး
တပ်မတော် မဲ ၁၆၆ မဲကို ကိုင်တွယ် အသုံးချရန် အလားအလာ ပိုများ
နေသည်။
ထို့အပြင် ယခုရက်ပိုင်းအတွင်း ထူးခြားဖြစ်စဉ် တစ်ခုကလည်း ပေါ်ပေါက်ခဲ့သည်။
ပြည်ခိုင်ဖြိုး ပါတီမှ ရွေးကောက်ပွဲဝင်
ရန် စာရင်းပေးထားသော ဗိုလ် ချုပ်
နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးအထက်
ရာထူးရှိသူ ၁၃ဦးက ရွေးကောက်ပွဲ
မ၀င်တော့ဘဲ သက်
ပြည့်သူများက ပင်စင်ယူသွားပြီး
ပင်စင်ယူရန် အသက်မပြည့်သေး
သူများက တပ်မတော်တွင်ပင် ဆက်လက်နေရန်ဟု အတွင်းစကားများ ထွက်လာခြင်းဖြစ်သည်။
ထိုအချက်က တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်သည်
တပ်တွင်ပင် ဆက်လက်နေမည်ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်သလို ဖွဲ့
စည်းပုံ အခြေခံ
ဥပဒေပုဒ်မ ၄၁၈အရ နိုင်ငံတော်
သမ္မတက အာဏာအပ်နှင်းပါက
အာဏာသုံးရပ်ကို လက်လွှဲယူရန် အသင့်အနေအထား ပြင်ဆင်ထားခြင်းဟုလည်း
ပြောနိုင်သည်။
တပ်မတော်သားများ အကြားတွင် ရေပန်းစားနေသော စကား
တစ်ခွန်းမှာ
"ရန်သူထက် သစ္စာဖောက်ကို ပိုကြောက်ရတယ်"ဟု ဖြစ်သည်။
ထိုစကားသည် တစ်ချိန်က
တပ်မတော်တွင် တာဝန်
ထမ်းဆောင်ခဲ့ပြီး ပြည်ခိုင်ဖြိုး
ပါတီ၏ ထိပ်တန်း တာဝန်များ ယူထားသူများကို ဆိုလိုပုံရသည်။
အမှန်စင်စစ် ယနေ့တိုင်းပြည်ကို ဦးဆောင်နေသူ အများစုသည် စစ်တက္ကသိုလ်
ကျောင်းဆင်းများ ဖြစ်ကြသည်။
ထို့ထက် တိတိပပဆိုရလျှင်
သမ္မတကြီး ဦးသိန်းစိန်၊
လွှတ်တော် နာယကကြီး သူရဦးရွှေမန်း
နှင့်
သမ္မတရုံး ၀န်ကြီး ဦးစိုးသိန်းတို့သည်
စစ်တက္ကသိုလ်တွင် အောင်ဇေယျ တပ်ခွဲ၊ တပ်စု (၉)မှဖြစ်ကြသည်။
ဦးသိန်းစိန် တတိယနှစ် ဗိုလ်လောင်း
lတွင် ဦးရွှေမန်း နှင့် ဦးစိုးသိန်း
တို့က ပထမနှစ် ဗိုလ်လောင်းများ ဖြစ်ကြသည်။
ဤမျှရင်းနှီးသောသူများ အကြား
မည်သည့် ရန်ငြိုးအာဃာတများ
ဖြစ်ပွားနေသည်မှာ စဉ်းစားရခက်လှသည်။
ပြည်ခိုင်ဖြိုးပါတီဘက်ကို ပြန်ကြည့်မည် ဆိုလျှင်လည်း တစ်ချိန်က သူတို့ရေးဆွဲ
ခဲ့သော ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သင်သည့် အချိန်ရောက်ပြီဟု ယူဆကာ ပြင်ဆင်ရေးအဆိုကို လွှတ်တော်တွင် တင်သွင်းခဲ့ခြင်း
ဖြစ်သည်။
သို့သော် ကန့်လန့်ကာ နောက်ကွယ်
တွင် ဇာတ်လမ်းတစ်ပုဒ် ရှိနေသည်။
မည်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်မည်၊ မည်သည်တို့ကို မပြင်ဘဲ မူလအတိုင်းထားမည်ကို ကာလုံ
(အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး
ကောင်စီ)
တွင် ညှိနှိုင်းပြီး ဖြစ်ပါလျက်
ထိုညှိနှိုင်းစဉ်က မပါသည့် အချက်များ
ကို ပြင်ဆင်ရန် ပြည်ခိုင်ဖြိုး ပါတီက ထည့်သွင်းခဲ့သည်ဟူသော အသံတစ်သံ အစိုးရဘက်က ထွက်လာသည်။
ထို့အတူ ပြည်ခိုင်ဖြိုးပါတီ ဘက်က
လည်း တပ်မတော်သည်
ပြည်သူ့ဆန္ဒကို လစ်လျူရှုကာ ဖွဲ့စည်း
ပုံ အခြေခံ ဥပဒေ စာအုပ်ကြီးကို
ကာကွယ်နေသည်ဟု ပြောင်ပြောင်တင်းတင်း ဝေဖန်လိုက်
သည်။
ထိုအခြေအနေမျိုးတွင်
တပ်မတော် အရာရှိကြီးများ အနေဖြင့် ပြည်ခိုင်ဖြိုးပါတီမှ ၀င်ရောက် အရွေးခံရန် လုံးဝမဖြစ်နိုင်သည့် အနေအထား ရောက်ရှိသွားပြီဖြစ်သည်။
အလားတူ
ပြည်ထောင်စုအဆင့် အစိုးရ အဖွဲ့ဝင်များသည်လည်း ပါတီမဲ့တစ်သီး ပုဂ္ဂလ အနေအထားဖြင့်သာ ၀င်ရောက် ယှဉ်ပြိုင်ရမည့် အခြေအနေ ဖြစ်နေသည်။
သို့ဆိုရလျှင် မည်သည်တို့ ဖြစ်လာနိုင်သနည်း။
၂၀၁၅ ရွေးကောက်ပွဲတွင်
လက်ရှိ
အစိုးရ အဖွဲ့ဝင်များသည်
ပါတီအမည် အသုံးပြုခွင့် မရသဖြင့်
ပါတီအသစ်ထောင်
ပြီး ပြိုင်မည်လော၊
တစ်သီး ပုဂ္ဂလအမတ်များ အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်လော ဆုံးဖြတ်ရတော့မည် ဖြစ်သည်။
လာမည့် ရွေးကောက်ပွဲသည်
အမျိုးသား ဒီမို
ကရေစီ အဖွဲ့ချုပ်၊ ပြည်ခိုင်ဖြိုး ပါတီနှင့် တိုင်းရင်းသား ပါတီများ မဲခွဲဝေယူရမည့်
အခြေအနေ ရှိနေသည်။
ထိုအချိန်တွင် တပ်မတော်၏ တစ်သွေးတစ်သံတစ်မိန့်
၁၆၆မဲသည် လွှတ်တော်တွင်
အဆုံးအဖြတ် ဖြစ်လာပေလိမ့်မည်။
တပ်မတော်
က သမ္မတလောင်း အမည်ကို
လက်ရှိသမ္မတ ဦးသိန်းစိန် အမည်
တင်သွင်း
ခဲ့ပါက တပ်မတော်သားများမဲ၊
လက်ရှိ အစိုးရနှင့် နီးစပ်သော
တိုင်းရင်းသား
ပါတီများမဲ၊
တပ်မတော်က သြဇာညောင်းသော ပါတီငယ်များမဲဖြင့် ဦးသိန်းစိန်
သည် သမ္မတ ဆက်လက်အရွေးခံရဖွယ် ရှိနေသည်။
သို့သော် လက်ရှိ သမ္မတ
ဦးသိန်းစိန်၏ ကျန်းမာရေးသည် မကောင်းလှသဖြင့် နှစ်နှစ်ခန့်
သမ္မတ တာဝန် ထမ်းဆောင်ပြီးလျှင် အနားယူလိုက်မည် ဆိုပါက
တပ်မတော်က တင်သွင်းခဲ့သော သမ္မတလောင်း နေရာ လစ်လပ်သွား
သဖြင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော်က တင်သွင်းမည့် သမ္မတလောင်း အနေဖြင့်
ပေါ်လာလိမ့်မည်။
လွှတ်တော်အတွင်း အထက်တွင်
ဆိုခဲ့သော မဲများအနေအထား
အရ နောက်အစိုးရ၏ ကျန်သက်တမ်း သုံးနှစ်ကို
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
တစ်ဖြစ်လဲ ဦးမင်းအောင်လှိုင်က သမ္မတအဖြစ် ဆက်လက် တာဝန်ထမ်းဆောင်
လိမ့်မည်ဟု
လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခင်းအကျင်းများကို
လေ့လာ
သုံးသပ် ခန့်မှန်းရေးသား လိုက်ရပါတော့သည်။
လက်စောင်းထက်
( Tomorrow သတင်းဂျာနယ်ပါဆောင်းပါး ) July 14, 2015

( Tomorrow သတင်းဂျာနယ်ပါဆောင်းပါး )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment