Sunday, July 12, 2015

KIA ရင်း(၆)မှ ဖားကန့်မြို့နယ်အတွင်းရှိ တိုက်နယ်မှူးအဆင့်ရှိသူများအား ကွမ်းယာဆိုင်ပါမကျန် ဆက်ကြေးကောက်ခံရန် ခိုင်းစေထားကြောင်း သိရှိရ =========================================

KIA ရင်း(၆)မှ ဖားကန့်မြို့နယ်အတွင်းရှိ တိုက်နယ်မှူးအဆင့်ရှိသူများအား ကွမ်းယာဆိုင်ပါမကျန် ဆက်ကြေးကောက်ခံရန် ခိုင်းစေထားကြောင်း သိရှိရ ========================================= 11, July, 2015 By Voice Of Kachin KIA ရင်း(၆)ရှိ KIO ဖားကန့် ခရိုင်အုပ်ချုပ်ရေးရုံးမှ ခရိုင်မှူးအဆင့်ရှိသူ ဇော်ရမ်သည် ဇွန်လ (၂၈)မှစ၍ လက်အောက်ခံမြို့နယ် တိုက်နယ်မှူးအဆင့်ရှိသူများအား ဆက်ကြေးငွေ ကောက်ခံရန် စေခိုင်းထားကြောင်း သိရှိရပါသည်။ ကုန်စုံဆိုင်ကြီး ၁ ဆိုင်လျှင် ၁၀ သိန်းကျပ်၊ လက်ဖက်ရည်ဆိုင် ၁ ဆိုင်လျှင် ၁ သိန်းကျပ် ကွမ်းယာဆိုင် ၁ ဆိုင်လျှင် ၃ သောင်းကျပ် ကောက်ခံရထားကြောင်း၊ ၂၀၁၅ ခုနှစ်အတွက် ဆက်ကြေးပေးဆောင်ရန် ကျန်ရှိသည့် ကုမ္ပဏီအသေး ရွှေဆိုင်၊ ကုန်မာဆိုင်၊ ချဲထီ၊ ဘောလုံး၊ လောင်းကစားနှင့် အခြားတရားမ၀င်ဆိုင်များ၊ ယာဉ်/ယန္တရားပိုင်ရှင်များအား ဆက်ကြေးကောက်ခံ ရန် ၎င်းတို့အမာခံ ပြည်သူ့စစ်များမှ တစ်ဆင့် မှာကြားထားကြောင်း ဖားကန့်ဒေသမှ ကောက်ခံရရှိသော ငွေကြေးများအား ရင်း(၆)မှ တစ်ဆင့် ဗဟိုဌာနချုပ်သို့ ပေးဆောင်ရမည် ဖြစ်ကြောင်း သိရှိရပါသည်။ KIA တပ်ဖွဲ့များအား မတန်တဆ ဆက်ကြေးပေးနေရမှုအပေါ် ရိုးသားစွာ လုပ်ကိုင် စားသောက်သော ကုန်စုံဆိုင်များက “ကျွန်မတို့က ဆက်ကြေးပေးရအောင် တရားမ၀င် ဘာပစ္စည်းမှ မရောင်းဘူး၊ တရားမ၀င် သယ်လာတာလဲ မရှိဘူး၊ ဒီကုန်မာဆိုင်ဖွင့်တာ ၂ နှစ် မပြည့်သေးဘူး ဆက်ကြေးပေးရတာ (၃)ခါရှိသွားပြီ၊ ကျမလဲ ကချင်စစ်စစ်ပဲ ကျမ သားသမီးတွေ ကျောင်းထားရအုံးမယ် ပြောလဲမရဘူး မပေးရင် တစ်ခုခုလုပ်တော့မှာဆိုတော့ နောက်ဆုံး ပေးရတာပဲ ဘုရားသခင်ကတော့ သူတို့ကို ဒဏ်ခတ်အုံးမှာပဲ” ဟု ကချင်ဈေးဆိုင် တစ်ဆိုင်က ပြောပြထားပါတယ်။

No comments: