Sunday, July 12, 2015

အပြစ်ကျတရားခံများ ရွေ့ပြောင်းသည့် ရဲယာဉ်တန်း တိုက်ခိုက်ခံရ ========================================

အပြစ်ကျတရားခံများ ရွေ့ပြောင်းသည့် ရဲယာဉ်တန်း တိုက်ခိုက်ခံရ ======================================== 11, July, 2015 By Voice Of Kachin ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၀ ရက် နံနက် ၆ နာရ်ီခန့်တွင် အပြစ်ကျတရားခံ (၅၀)ဦးခန့်အား ရွေ့ပြောင်းရန်အတွက် လုံခြုံရေး ရဲတပ်ဖွဲ့များပါဝင်သည့် ယာဉ်(၁၀)စီးခန့်သည့် ဖားကန့်မှ မြစ်ကြီးနားသို့ ထွက်ခွာလာခဲ့ရာ နေ့လည် ၁ နာရီခွဲခန့်တွင် ဖားကန့်-ကာမိုင်းကားလမ်း နန့်တိန်ရွာနှင့် နန့်ယားရွာအကြား တံတားညီနောင်ရွာအထွက်တွင် ကေအိုင်အေအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့မှုကြောင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ မော်တော်ယာဉ်(၁၀)စီးမှာ နန့်ယားကျေးရွာသို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရှိရပါသည်။ ၎င်းနောက် တရားခံများအား စကခ(၇)လက်အောက်ခံ တပ်ရင်း(၁)ရင်းမှ လုံခြုံရေးဆောင်ရွက်ကာ ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရှိရပါသည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များဖြင့် ကာမိုင်းဘက်သို့ ဆက်လက် ထွက်ခွာခဲ့ရာ နေ့လည် ၂ နာရီခွဲခန့်တွင် လွယ်ဆိုင်ရွာအ၀င်အရောက်တွင် ကေအိုင်အေအဖွဲ့မှ ထောင်ထားသော ရီမုမိုင်း(၂)လုံး ပေါက်ကွဲပြီး ကေအိုင်အေအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဆက်လက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ ရီမုမိုင်းကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ တရားခံများပါသော ရဲယာဉ်တန်းများအား KIA မှ (၂)ကြိမ်တိုင်တိုင် တိုက်ခိုက်ခြင်းသည် ရည်ရွယ်ချက်ရှိကြောင်း၊ ၎င်း တရားခံများထဲတွင် KIA နှင့် ဆက်နွယ်မှုရှိကြောင်း သိသာထင်ရှား ပါသည်။ ဖားကန့်မြို့နယ်အတွင်းရှိ မကောင်းမှု ဒုစရိုက်လုပ်ငန်း မှောင်ခိုလုပ်ငန်း မှုးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားခြင်းများသည် KIA ၏ လုပ်ရပ်များသာဖြစ်ကြောင်း သိရှိရပါသည်။

No comments: