မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 12, 2015
တုနှိုင်းမရသည့် မေတ္တာတရား ========================================
တုနှိုင်းမရသည့် မေတ္တာတရား
========================================
11, July, 2015 By Voice Of Kachin
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ရေကြီးခဲ့တဲ့အတွက်ကြောင့် အမှိုက်များဖြင့် ပိတ်ဆို့နေသော နေရာတွေ ရေတိုက်စားမှုကြောင့် ပျက်ဆီးသွားတဲ့လမ်းတွေ ရေနှုတ်မြောင်း တွေကို ဒေသခံများနှင့် တပ်မတော်သားများ အစိုးရ၀န်ထမ်းများ ပူးပေါင်းဆောင်ရွက်မှုကြောင့် အချိန်တိုတိုအတွင်းမှာပဲ ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်လို့ သိရပါတယ်။
သန့်ရှင်းရေးလာလုပ်တဲ့ တပ်မတော်သားများနဲ့ အစိုးရ၀န်ထမ်းများကို ဒေသခံတွေက နွေးထွေးစွာ ကြိုဆိုနှုတ်ဆက်မှုတွေကို ရရှိခဲ့တဲ့အတွက် တပ်မတော်သားတွေကိုယ်စား စစ်သည်တစ်ဦး၏ ရင်ဖွင့်ပြောဆို သံကိုလည်း အခုလို ကြားသိခဲ့ရပါတယ်။
“ ဘယ်လိုပြောရမလဲဆိုတော့ဗျာ ရင်ထဲမှာ အရမ်းကြည်နူးမိတယ်ဗျ၊ တကယ်ကိုဘဲ ကိုယ့်မိဘ၊ ကိုယ့်ညီအစ်ကိုမောင်နှမတွေရဲ့အိမ်ကို ပြန်ရောက်သွားသလို ခံစားမိပါတယ်။ ကျွန်တော်တို့က တပ်မတော်သားဆိုတော့ မိသားစုနဲ့ဝေးကွာပြီး နိုင်ငံတော်အတွက် ကျရာတာဝန်တွေ ထမ်းဆောင်နေရတာလေ… မိသားစုရဲ့ နွေးထွေးမှုနဲ့ ဝေးကွာနေတဲ့အချိန်မှာ အခုလိုပြည်သူတွေရဲ့နွေးနွေးထွေးထွေး ကြိုဆိုတာကိုတွေ့ရတော့ရင်ထဲမှာ အရမ်းကြည်နူးမိ တယ်ဗျာ။ ပြည်သူတွေရဲ့ ဖော်ရွေမှုတွေ၊ အားကိုးတဲ့အကြည့်တွေ၊ ခင်မင်တဲ့အပြုံးတွေအောက်မှာ အလုပ်လုပ်ရတာဆိုတော့ဗျာ ပင်ပန်းတယ်လို့ကို မထင်ပါဘူး” ဟု ပြောကြားခဲ့ပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment