Sunday, July 12, 2015

ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးကောက်ခံလျက်ရှိ

ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးကောက်ခံလျက်ရှိ ဇူလိုင်လ ၁၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဇွန် ၂၈ ရက်နေ့မှ စတင် ကာ ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံနေကြောင်း ယင်းဒေသခံလုပ်ငန်းရှင်များထံမှ သိရှိရသည်။ “ဆက်ကြေးတောင်းနေတာတော့ ခဏခဏပါပဲ၊ အခုက တော်တော်များတယ်၊ တိုက်ပွဲဖြစ်ပွားနေတော့ ရောင်းဝယ်ဖောက်ကားမှုကလည်းမရှိ၊ အဝယ်လည်းနည်း၊ သယ်ယူစရိတ်တွေက ဈေးကြီး၊ အရောင်းအဝယ် နည်းနေတော့ သူတို့တောင်းတဲ့ဆက်ကြေးက များနေတယ်၊ အဆင်မပြေဘုး”ဟု ဖားကန့်မြို့မှ ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။ အဆိုပါအဖွဲ့သည် ဖားကန့်ဒေသတွင် ဇွန် ၂၈ ရက်နေ့မှစ၍ ကုန်စုံဆိုင်ကြီး ၁ ဆိုင်လျှင် ၁၀ သိန်းကျပ်၊ လက်ဖက်ရည်ဆိုင် ၁ ဆိုင်လျှင် ၁ သိန်းကျပ် ကောက်ခံထားကြောင်းနှင့် ၂၀၁၅ ခုနှစ် အတွက် ဆက်ကြေး ပေးဆောင်ရန်ကျန်ရှိနေသည့် ကုမ္ပဏီအသေး၊ ရွှေဆိုင်၊ ကုန်မာဆိုင်၊ လောင်းကစားနှင့် အခြားတရားမ၀င် လုပ်ငန်းယာဉ်/ယန္တရားပိုင်ရှင် များအားလည်း အမာခံများမှတစ်ဆင့် ဆက်ကြေးငွေများ တောင်းခံထားကြောင်း လည်းသိရသည်။ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ စီးပွားရေးလုပ်နေသော ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များထံမှ မကြာခဏ ဆက်ကြေးငွေများ ကောက်ခံခြင်းပြုလုပ် လျက်ရှိသောကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များမှာ အဆင်မပြေ မှုများစွာကြုံနေရကြောင်းနှင့် ဒေသခံတိုင်းရင်းသားတို့မှာလည်း အလုပ်လုပ်ရာတွင် အနှောက်အယှက် ဖြစ်နေ သောကြောင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလျက်ရှိကြောင်း ဖားကန့်မြို့ခံရွှေဆိုင်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသွားသည်။ ဆိုင်နော်(ဖားကန့်) ဒေသခံစီးပွားရေးလုပ်ငန်းရှင်များအား KIA အဖွဲ့မှ အတင်းအကြပ် ဆက်ကြေးကောက်ခံလျက်ရှိ ဇူလိုင်လ ၁၁ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအား KIA အဖွဲ့မှ ဇွန် ၂၈ ရက်နေ့မှ စတင် ကာ ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံနေကြောင်း ယင်းဒေသခံလုပ်ငန်းရှင်များထံမှ သိရှိရသည်။ “ဆက်ကြေးတောင်းနေတာတော့ ခဏခဏပါပဲ၊ အခုက တော်တော်များတယ်၊ တိုက်ပွဲဖြစ်ပွားနေတော့ ရောင်းဝယ်ဖောက်ကားမှုကလည်းမရှိ၊ အဝယ်လည်းနည်း၊ သယ်ယူစရိတ်တွေက ဈေးကြီး၊ အရောင်းအဝယ် နည်းနေတော့ သူတို့တောင်းတဲ့ဆက်ကြေးက များနေတယ်၊ အဆင်မပြေဘုး”ဟု ဖားကန့်မြို့မှ ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။ အဆိုပါအဖွဲ့သည် ဖားကန့်ဒေသတွင် ဇွန် ၂၈ ရက်နေ့မှစ၍ ကုန်စုံဆိုင်ကြီး ၁ ဆိုင်လျှင် ၁၀ သိန်းကျပ်၊ လက်ဖက်ရည်ဆိုင် ၁ ဆိုင်လျှင် ၁ သိန်းကျပ် ကောက်ခံထားကြောင်းနှင့် ၂၀၁၅ ခုနှစ် အတွက် ဆက်ကြေး ပေးဆောင်ရန်ကျန်ရှိနေသည့် ကုမ္ပဏီအသေး၊ ရွှေဆိုင်၊ ကုန်မာဆိုင်၊ လောင်းကစားနှင့် အခြားတရားမ၀င် လုပ်ငန်းယာဉ်/ယန္တရားပိုင်ရှင် များအားလည်း အမာခံများမှတစ်ဆင့် ဆက်ကြေးငွေများ တောင်းခံထားကြောင်း လည်းသိရသည်။ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ စီးပွားရေးလုပ်နေသော ဒေသခံတိုင်းရင်းသား လုပ်ငန်းရှင်များထံမှ မကြာခဏ ဆက်ကြေးငွေများ ကောက်ခံခြင်းပြုလုပ် လျက်ရှိသောကြောင့် တိုင်းရင်းသားလုပ်ငန်းရှင်များမှာ အဆင်မပြေ မှုများစွာကြုံနေရကြောင်းနှင့် ဒေသခံတိုင်းရင်းသားတို့မှာလည်း အလုပ်လုပ်ရာတွင် အနှောက်အယှက် ဖြစ်နေ သောကြောင့် ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားလျက်ရှိကြောင်း ဖားကန့်မြို့ခံရွှေဆိုင်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသွားသည်။ ဆိုင်နော်(ဖားကန့်)

No comments: