Sunday, July 12, 2015

မန်ဝိန်းကြီးကျေးရွာမှ စစ်ဘေးဒုက္ခသည်များ သောက်သုံးရေ အခက်အခဲပြဿနာနှင့် အဓိကကြုံတွေ့နေရ

မန်ဝိန်းကြီးကျေးရွာမှ စစ်ဘေးဒုက္ခသည်များ သောက်သုံးရေ အခက်အခဲပြဿနာနှင့် အဓိကကြုံတွေ့နေရ ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅ ကချင် ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ မန် ဝိန်းကြီးကျေးရွာအတွင်းရှိ စစ်ရှောင် စခန်းများတွင် အထောက်အပံ့ပေး သော အဖွဲ့များနည်းပါးလာပြီးထောက် ပံ့ငွေမရရှိသည်မှာလည်း သုံးလဝန်း ကျင်ခန့်ရှိကာ သောက်သုံးရေအခက် အခဲပြဿနာနှင့် အဓိကကြုံတွေ့နေရ ကြောင်း သိရှိရသည်။ မန်ဝိန်းကြီးကျေးရွာ စိန့်ပက်ထ ရစ်ဘုရားကျောင်းဝင်းရှိ စစ်ရှောင် ကယ်ဆယ်ရေးစခန်းသည် ၂ဝ၁၁ ခု နှစ် နိုဝင်ဘာလမှစတင်ကာဖွင့်လှစ် ထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်ထောက် ပံ့သောအဖွဲ့များနည်းပါးလာကြောင်း အဆိုပါ စခန်းမှ ကော်မတီတာဝန်ခံ ဦးတင်မောင်ဝင်းကပြောသည်။ ''အခက်အခဲကတော့ အများ ကြီးရှိပါတယ်။ အခုမှာက ဘာအ ထောက်အပံ့မှ မလာတော့ဘူး။ ကမ့် မှာအခုဆိုမီးလဲ မရ၊ ရေလဲမလာ တော့ဘူး။ ကျောင်းသားတွေစာလုပ် ဖို့လဲ ခက်ခဲနေတယ်။ ခရီးလမ်းကလဲ တစ်ခါတလေ အရှုပ်အထွေးရှိတာ ရယ်၊ အခုကငြိမ်သွားတယ်ဆိုလား၊ ဘာလားမသိတော့ ထောက်ပံ့သူ တွေ မလာကြတော့တာပါ''ဟု စိန့် ပက်ထရစ်ကမ့်မှ ကော်မတီတာဝန်ခံ ဦးတင်မောင်ဝင်းက ပြောသည်။ လက်ရှိအချိန် WFP (World Food Program) မှ ထောက်ပံ့ပေးနေ သည့် ဆန်နှင့်ပဲများကို ရရှိနေသေး သော်လည်း UN အဖွဲ့အစည်းများ နှင့် လူမှုအဖွဲ့အစည်းများမှပေးအပ် သည့် လူတစ်ဦးလျှင် လစဉ် ၆ဝဝဝ ကျပ်ကို မရရှိသည်မှာ သုံးလခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာဒေသအနီးတွင် တစ်ခါတစ်ရံမငြိမ်သက်မှုများဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက် နေခြင်း၊ အခြားသောဒေသများတွင် လည်း စစ်ရှောင်ဒုက္ခသည်များရှိနေ ခြင်းကြောင့် ၄င်းတို့ နေရာသို့မလာ ရောက်နိုင်ကြောင်း သိရသည်။ မန်ဝိန်းကြီးစစ်ရှောင်စခန်းတွင်း ရှိ ဒုက္ခသည်များအတွက် အထောက် အပံ့ပစ္စည်းများ၊ ဆေးရုံသုံးဆေးပစ္စည်း များ၊ ကျောင်းသုံးပစ္စည်းများလိုအပ် မှုရှိနေပြီး အဓိကအားဖြင့် သောက် သုံးရေလိုအပ်နေကြောင်း သိရသည်။ . ''အခုအရင်ကထက် တဖြည်းဖြည်းခက်ခဲမှုတွေများလာပါတယ်။ ပိုက်ဆံရှာဖို့ကျတော့လဲ လုပ်စရာမြေ ကြီးမရှိဘူး။ သူများတွေဆီမှာ နေ့ စားလုပ်တော့လဲ နေ့တိုင်းအလုပ်မရှိ ဘူး။ တခြားအလုပ်လဲ မလုပ်တတ် ဘူး။ ရွာကိုအရမ်းပြန်ချင်ပါတယ်။ ဘာလို့မပြန်တာလဲဆိုတော့ တစ်ခါ တစ်ခါတိုက်ပွဲတွေဖြစ်တယ်လို့ကြား တယ်။ ပြန်သွားတဲ့လူတချို့လဲ မိုင်း နင်းမိပြီးသေသွားတော့ ပြန်ရမှာလဲ ကြောက်နေတာပေါ့''ဟု စစ်ရှောင် စခန်းတွင် လေးနှစ်ခန့်နေထိုင်လာသူ ပုန်းလိုင်ရွာမှမဒွဲးလာကပြောသည်။ အဆိုပါ စစ်ရှောင်စခန်းကို၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် စတင်တည် ထောင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်အထိ ရွာ ပေါင်း၄၁ ရွာမှ လူဦးရေ ၂၂၂၉ ဦး ရှိခဲ့ရာမှ ယခု ၂ဝ၁၅ ခုနှစ်၌ လူဦးရေ ၂၃၂၅ ဦး ရောက်ရှိနေထိုင်ခဲ့ကြကာ မန်ဝိန်းကြီးကျေးရွာတွင် စစ်ရှောင် ကယ်ဆယ်ရေးစခန်းလေးခု တည်ရှိ ကြောင်း သိရသည်။ N (MMK) #Democracytoday မန်ဝိန်းကြီးကျေးရွာမှ စစ်ဘေးဒုက္ခသည်များ သောက်သုံးရေ အခက်အခဲပြဿနာနှင့် အဓိကကြုံတွေ့နေရ ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅ ကချင် ပြည်နယ် မန်စီမြို့နယ်အတွင်းရှိ မန် ဝိန်းကြီးကျေးရွာအတွင်းရှိ စစ်ရှောင် စခန်းများတွင် အထောက်အပံ့ပေး သော အဖွဲ့များနည်းပါးလာပြီးထောက် ပံ့ငွေမရရှိသည်မှာလည်း သုံးလဝန်း ကျင်ခန့်ရှိကာ သောက်သုံးရေအခက် အခဲပြဿနာနှင့် အဓိကကြုံတွေ့နေရ ကြောင်း သိရှိရသည်။ မန်ဝိန်းကြီးကျေးရွာ စိန့်ပက်ထ ရစ်ဘုရားကျောင်းဝင်းရှိ စစ်ရှောင် ကယ်ဆယ်ရေးစခန်းသည် ၂ဝ၁၁ ခု နှစ် နိုဝင်ဘာလမှစတင်ကာဖွင့်လှစ် ထားခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင်ထောက် ပံ့သောအဖွဲ့များနည်းပါးလာကြောင်း အဆိုပါ စခန်းမှ ကော်မတီတာဝန်ခံ ဦးတင်မောင်ဝင်းကပြောသည်။ ''အခက်အခဲကတော့ အများ ကြီးရှိပါတယ်။ အခုမှာက ဘာအ ထောက်အပံ့မှ မလာတော့ဘူး။ ကမ့် မှာအခုဆိုမီးလဲ မရ၊ ရေလဲမလာ တော့ဘူး။ ကျောင်းသားတွေစာလုပ် ဖို့လဲ ခက်ခဲနေတယ်။ ခရီးလမ်းကလဲ တစ်ခါတလေ အရှုပ်အထွေးရှိတာ ရယ်၊ အခုကငြိမ်သွားတယ်ဆိုလား၊ ဘာလားမသိတော့ ထောက်ပံ့သူ တွေ မလာကြတော့တာပါ''ဟု စိန့် ပက်ထရစ်ကမ့်မှ ကော်မတီတာဝန်ခံ ဦးတင်မောင်ဝင်းက ပြောသည်။ လက်ရှိအချိန် WFP (World Food Program) မှ ထောက်ပံ့ပေးနေ သည့် ဆန်နှင့်ပဲများကို ရရှိနေသေး သော်လည်း UN အဖွဲ့အစည်းများ နှင့် လူမှုအဖွဲ့အစည်းများမှပေးအပ် သည့် လူတစ်ဦးလျှင် လစဉ် ၆ဝဝဝ ကျပ်ကို မရရှိသည်မှာ သုံးလခန့်ရှိပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါနေရာဒေသအနီးတွင် တစ်ခါတစ်ရံမငြိမ်သက်မှုများဖြစ်ခြင်း၊ လမ်းပန်းဆက်သွယ်မှု ပြတ်တောက် နေခြင်း၊ အခြားသောဒေသများတွင် လည်း စစ်ရှောင်ဒုက္ခသည်များရှိနေ ခြင်းကြောင့် ၄င်းတို့ နေရာသို့မလာ ရောက်နိုင်ကြောင်း သိရသည်။ မန်ဝိန်းကြီးစစ်ရှောင်စခန်းတွင်း ရှိ ဒုက္ခသည်များအတွက် အထောက် အပံ့ပစ္စည်းများ၊ ဆေးရုံသုံးဆေးပစ္စည်း များ၊ ကျောင်းသုံးပစ္စည်းများလိုအပ် မှုရှိနေပြီး အဓိကအားဖြင့် သောက် သုံးရေလိုအပ်နေကြောင်း သိရသည်။ . ''အခုအရင်ကထက် တဖြည်းဖြည်းခက်ခဲမှုတွေများလာပါတယ်။ ပိုက်ဆံရှာဖို့ကျတော့လဲ လုပ်စရာမြေ ကြီးမရှိဘူး။ သူများတွေဆီမှာ နေ့ စားလုပ်တော့လဲ နေ့တိုင်းအလုပ်မရှိ ဘူး။ တခြားအလုပ်လဲ မလုပ်တတ် ဘူး။ ရွာကိုအရမ်းပြန်ချင်ပါတယ်။ ဘာလို့မပြန်တာလဲဆိုတော့ တစ်ခါ တစ်ခါတိုက်ပွဲတွေဖြစ်တယ်လို့ကြား တယ်။ ပြန်သွားတဲ့လူတချို့လဲ မိုင်း နင်းမိပြီးသေသွားတော့ ပြန်ရမှာလဲ ကြောက်နေတာပေါ့''ဟု စစ်ရှောင် စခန်းတွင် လေးနှစ်ခန့်နေထိုင်လာသူ ပုန်းလိုင်ရွာမှမဒွဲးလာကပြောသည်။ အဆိုပါ စစ်ရှောင်စခန်းကို၂ဝ၁၁ ခုနှစ် နိုဝင်ဘာလတွင် စတင်တည် ထောင်ခဲ့ပြီး ၂ဝ၁၄ ခုနှစ်အထိ ရွာ ပေါင်း၄၁ ရွာမှ လူဦးရေ ၂၂၂၉ ဦး ရှိခဲ့ရာမှ ယခု ၂ဝ၁၅ ခုနှစ်၌ လူဦးရေ ၂၃၂၅ ဦး ရောက်ရှိနေထိုင်ခဲ့ကြကာ မန်ဝိန်းကြီးကျေးရွာတွင် စစ်ရှောင် ကယ်ဆယ်ရေးစခန်းလေးခု တည်ရှိ ကြောင်း သိရသည်။ N (MMK) #Democracytoday

No comments: