Sunday, July 12, 2015

မြန်မာပြည်မြောက်ဖျားမြေခွေးများကြားက သနားစရာမီးအိမ်ရှင်မလေးများ အပိုင်း (၂)

မြန်မာပြည်မြောက်ဖျားမြေခွေးများကြားက သနားစရာမီးအိမ်ရှင်မလေးများ အပိုင်း (၂) ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅ KIA တို့၏ တိုက်ပွဲဖန်တီးမှုများကြောင့် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ ပေါ်ပေါက် လာခဲ့ရပါသည်။ KIA အနေဖြင့် ၎င်းတို့ဖန်တီးမှုကြောင့် ခိုကိုးရာမဲ့နေကြရသောဒုက္ခသည် များအားမည်သည့် ထောက်ပံ့မှုမျိုးမျှ ပြုလုပ်ပေးခြင်းမရှိသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမှုများကိုတော့ ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့ကြပါသည်။ ဒါ့အပြင် ဒုက္ခသည်များအတွင်း လီဆူးတိုင်းရင်းသားကျောင်းနေ အရွယ်ကလေးများ၏ ပညာရေးအတွက် လီဆူးတိုင်းရင်းသားတို့က ဆရာ၊ ဆရာမခေါ်ယူရေးတင်ပြကြ သော်လည်း KIA ခေါင်းဆောင်ကြီးများက လက်မခံခဲ့ကြပေ။ KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများမကျန် ကချင်လူမျိုးကြီးဝါဒဖြင့် လူမျိုးရေးအရ ကြီးစိုးခြယ်လှယ်နေကြသော်လည်း KIA ခေါင်းဆောင် အင်ဘန်လကတော့ လော်ခီးလာညီလာခံတွင် ၎င်းတို့အဖွဲ့အနေဖြင့် အစိုးရမှလိုက်နာရန် ပျက်ကွက်နေသော ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဆောင်ရွက် လျက်ရှိကြောင်းမျက်နှာပြောင်တိုက်ကာပြောကြားခဲ့သည်ကိုလည်းတွေ့ရှိရပါသည်။ KIA တပ်ရင်း(၇)မှ ဗိုလ်ကြီးအဆင့်ရှိဖန်းရော်သည် ၂၀၁၅ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာမူလတန်းကျောင်းသို့ ရောက်ရှိလာခဲ့ပြီးဆရာမ ၂ ဦးဖြစ်သည့် ဒေါ်ခင်မိုးထွေး ၂၅ နှစ်(ဘ) ဦးတင်ထွေးနှင့် ဒေါ်သဲနုအောင် ၂၅ နှစ်(ဘ) ဦးသန်းအောင်တို့အားတွေ့ဆုံ၍ မလိယန်ကျောင်းတွင် ကျောင်းသား/သူ ၁၅ ဦးသာရှိသဖြင့် ၎င်းတို့ KIA အစီအစဉ်ဖြင့်သာ ဆရာမငှားရမ်းခန့်အပ်ခြင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ၎င်းအပြင် ပညာရေးဝန်ကြီးဌာနမှ ခန့်အပ်ထားသောမူ/ပြ ဆရာမ ဒေါ်ခင်မိုးထွေးနှင့် ဒေါ်သဲနုအောင်တို့ ၂ ဦးအား မလိုအပ်တော့ကြောင်းနှင့် ဆရာမများ နေထိုင်သည့် နေအိမ်မှပစ္စည်းများအား အသစ်ထပ်မံရောက်ရှိလာမည့် ဆရာမများအတွက် ထားခဲ့ရန်၊ နေအိမ်အား သော့မခတ်သွားရန်မှာကြား၍ မောင်းထုတ်ခဲ့ကြောင်း သိရှိရပါသည်။ ဆရာမ ၂ ဦးသည် KIA အဖွဲ့အား ကြောက်လန့်၍ ဆွမ်ပရာဘွမ်မြို့သို့ ထွက်ပြေးလာကြရာ မြို့နယ်ပညာရေးမှူး ဦးကျင်ခိုင်ခုတ်မှ ၎င်းတို့အား ဖျောင်းဖျ၍ အထက(ဆွမ်ပရာဘွမ်)တွင် တွဲဖက် တာဝန်ပေးထားကြောင်း သိရှိရပါသည်။ KIA တို့ အနေဖြင့် ကချင်ပြည်နယ်အတွင်း လက်နက်အားကိုးဖြင့် ထင်ရာစိုင်း၍ ယုတ်မာရိုင်းစိုင်းကာ လူ့အခွင့်အရေးချိုးဖောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ကချင်ပြည်နယ် နန့်ဆန်ယန်ကျေးရွာရှိဘုရားကျောင်းတွင် မှီခိုနေထိုင်သော ကချင်တိုင်းရင်းသူကျောင်းသူလေးတစ်ဦးအား KIA အဖွဲ့ဝင် ၅ ဦးမှ အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာကျောင်းသူလေးမှ ရေချောင်းသို့ ရေခပ်သွားနေစဉ် KIA အဖွဲ့ဝင်များ၏ အဓမ္မပြုကျင့်မှုကြောင့် သွေးထွက်လွန်၍ မေ့မျောနေစဉ်တွင် မလိယန်ကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များမှတွေ့ရှိ၍ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံသို့ အချိန်မီ ပို့ဆောင်ခဲ့ခြင်းကြောင့်သာ အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ရကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ်သည် တရားခံအား သိရှိသော်လည်း KIA တို့၏ သေနတ်ပြောင်းဝမှ အာဏာကိုကြောက်၍ တိမ်မြှုပ်ပျောက်ကွယ် ခဲ့ရပါသည်။ ကချင်ပြည်နယ်အတွင်း အလားတူဖြစ်စဉ်များ များစွာဖြစ်ပွားခဲ့သော်လည်း အပြစ်ကျူးလွန်သူ KIA တပ်ဖွဲ့ဝင် များအား လက်ရှိတပ်ရင်းမှ အခြားတပ်ရင်းသို့ ပြောင်းရွှေ့ခြင်းဖြင့်သာ KIA ခေါင်းဆောင်ကြီးများက ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ KIA တပ်ဖွဲ့အတွင်း လူအင်အား၊ လက်နက်အင်အားတောင့်တင်း လာသည်နှင့်အမျှ ငြိမ်းချမ်းရေးကို ခုတုံးလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်နေဦးမည်မှာ မလွဲဧကန်ဘဲဖြစ်ပါသည်။ ယခုအခါ ကချင်ပြည်နယ်အစွန်အဖျားရှိ အစိုးရမှ ခန့်အပ်ထားသော ပညာရေးဝန်ထမ်းများအား အကြောင်းမဲ့ မောင်းထုတ်ခြင်းသည် KIA ခေါင်းဆောင် အင်ဘန်လ၏ စေခိုင်းချက်များဖြစ်ကြောင်းသိရှိရပါသည်။ အင်ဘန်လအနေဖြင့် ပညာအရည်အချင်း ၄ တန်း ဖြင့် ဒုခေါင်းဆောင်ဖြစ်သည်ထိ လက်ရုံးရည်ဖြင့် ရာထူးတက်ခဲ့သူဖြစ်ကာ လက်ရဲဇက်ရဲ လုပ်တတ်ပြီး အာဏာသိမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့၍ ယနေ့ လက်ရှိနေရာသို့ ရောက်ခဲ့ရခြင်းကြောင့် ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဒေသရှိကျောင်းနေအရွယ် ကလေးများ၏ ပညာရေးကိုလည်းအလေးထားစဉ်းစားမည်မဟုတ်ပေ။ ကချင်ပြည်နယ်တွင် ကျောင်းနေအရွယ်ကလေးများ စာတတ်မြောက်ရေးမှာ တိုင်းရင်းသား အားလုံး၏ တာဝန်ပဲဖြစ်ပါသည်။ ပညာမတတ်လျှင် KIA ခေါင်းဆောင်များ၏ ကျော့ကွင်းထဲက သားကောင်ဘ၀များ ဖြစ်သွား နိုင်သလိုလူမိုက်တို့၏ ကျဉ်းမြောင်းသောအမြင်များ ရိုက်သွင်းခံရမည်ဖြစ်သည်။ သို့ဖြစ်၍ ကချင်ပြည်နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများကို လက်နက်ကိုင်အာဏာဖြင့် မောင်းထုတ်နေသော KIA အဖွဲ့အား ၀ိုင်းဝန်းကန့်ကွက်ရှုတ်ချရန်မှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး၏ တာဝန်ပဲဖြစ်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ #မရမ်ဘောက်နော်(ခေတ္တ စင်ကာပူ) Today Myanmar မြန်မာပြည်မြောက်ဖျားမြေခွေးများကြားက သနားစရာမီးအိမ်ရှင်မလေးများ အပိုင်း (၂) ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅ KIA တို့၏ တိုက်ပွဲဖန်တီးမှုများကြောင့် ကချင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ ပေါ်ပေါက် လာခဲ့ရပါသည်။ KIA အနေဖြင့် ၎င်းတို့ဖန်တီးမှုကြောင့် ခိုကိုးရာမဲ့နေကြရသောဒုက္ခသည် များအားမည်သည့် ထောက်ပံ့မှုမျိုးမျှ ပြုလုပ်ပေးခြင်းမရှိသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ ထောက်ပံ့ပေးမှုများကိုတော့ ခေါင်းပုံဖြတ်အမြတ်ထုတ်ခဲ့ကြပါသည်။ ဒါ့အပြင် ဒုက္ခသည်များအတွင်း လီဆူးတိုင်းရင်းသားကျောင်းနေ အရွယ်ကလေးများ၏ ပညာရေးအတွက် လီဆူးတိုင်းရင်းသားတို့က ဆရာ၊ ဆရာမခေါ်ယူရေးတင်ပြကြ သော်လည်း KIA ခေါင်းဆောင်ကြီးများက လက်မခံခဲ့ကြပေ။ KIA အနေဖြင့် ကချင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းများမကျန် ကချင်လူမျိုးကြီးဝါဒဖြင့် လူမျိုးရေးအရ ကြီးစိုးခြယ်လှယ်နေကြသော်လည်း KIA ခေါင်းဆောင် အင်ဘန်လကတော့ လော်ခီးလာညီလာခံတွင် ၎င်းတို့အဖွဲ့အနေဖြင့် အစိုးရမှလိုက်နာရန် ပျက်ကွက်နေသော ပြည်ထောင်စုမပြိုကွဲရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဆောင်ရွက် လျက်ရှိကြောင်းမျက်နှာပြောင်တိုက်ကာပြောကြားခဲ့သည်ကိုလည်းတွေ့ရှိရပါသည်။ KIA တပ်ရင်း(၇)မှ ဗိုလ်ကြီးအဆင့်ရှိဖန်းရော်သည် ၂၀၁၅ ခုနှစ် ဇွန်လ ၇ ရက်နေ့တွင် ဆွမ်ပရာဘွမ်မြို့နယ် မလိယန်ကျေးရွာမူလတန်းကျောင်းသို့ ရောက်ရှိလာခဲ့ပြီးဆရာမ ၂ ဦးဖြစ်သည့် ဒေါ်ခင်မိုးထွေး ၂၅ နှစ်(ဘ) ဦးတင်ထွေးနှင့် ဒေါ်သဲနုအောင် ၂၅ နှစ်(ဘ) ဦးသန်းအောင်တို့အားတွေ့ဆုံ၍ မလိယန်ကျောင်းတွင် ကျောင်းသား/သူ ၁၅ ဦးသာရှိသဖြင့် ၎င်းတို့ KIA အစီအစဉ်ဖြင့်သာ ဆရာမငှားရမ်းခန့်အပ်ခြင်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါသည်။ ၎င်းအပြင် ပညာရေးဝန်ကြီးဌာနမှ ခန့်အပ်ထားသောမူ/ပြ ဆရာမ ဒေါ်ခင်မိုးထွေးနှင့် ဒေါ်သဲနုအောင်တို့ ၂ ဦးအား မလိုအပ်တော့ကြောင်းနှင့် ဆရာမများ နေထိုင်သည့် နေအိမ်မှပစ္စည်းများအား အသစ်ထပ်မံရောက်ရှိလာမည့် ဆရာမများအတွက် ထားခဲ့ရန်၊ နေအိမ်အား သော့မခတ်သွားရန်မှာကြား၍ မောင်းထုတ်ခဲ့ကြောင်း သိရှိရပါသည်။ ဆရာမ ၂ ဦးသည် KIA အဖွဲ့အား ကြောက်လန့်၍ ဆွမ်ပရာဘွမ်မြို့သို့ ထွက်ပြေးလာကြရာ မြို့နယ်ပညာရေးမှူး ဦးကျင်ခိုင်ခုတ်မှ ၎င်းတို့အား ဖျောင်းဖျ၍ အထက(ဆွမ်ပရာဘွမ်)တွင် တွဲဖက် တာဝန်ပေးထားကြောင်း သိရှိရပါသည်။ KIA တို့ အနေဖြင့် ကချင်ပြည်နယ်အတွင်း လက်နက်အားကိုးဖြင့် ထင်ရာစိုင်း၍ ယုတ်မာရိုင်းစိုင်းကာ လူ့အခွင့်အရေးချိုးဖောက်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်ပါသည်။ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်း ကချင်ပြည်နယ် နန့်ဆန်ယန်ကျေးရွာရှိဘုရားကျောင်းတွင် မှီခိုနေထိုင်သော ကချင်တိုင်းရင်းသူကျောင်းသူလေးတစ်ဦးအား KIA အဖွဲ့ဝင် ၅ ဦးမှ အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ ဖြစ်စဉ်မှာကျောင်းသူလေးမှ ရေချောင်းသို့ ရေခပ်သွားနေစဉ် KIA အဖွဲ့ဝင်များ၏ အဓမ္မပြုကျင့်မှုကြောင့် သွေးထွက်လွန်၍ မေ့မျောနေစဉ်တွင် မလိယန်ကျေးရွာမှ ပြည်သူ့စစ်အဖွဲ့ဝင်များမှတွေ့ရှိ၍ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံသို့ အချိန်မီ ပို့ဆောင်ခဲ့ခြင်းကြောင့်သာ အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ရကြောင်း သိရှိရပါသည်။ အဆိုပါဖြစ်စဉ်သည် တရားခံအား သိရှိသော်လည်း KIA တို့၏ သေနတ်ပြောင်းဝမှ အာဏာကိုကြောက်၍ တိမ်မြှုပ်ပျောက်ကွယ် ခဲ့ရပါသည်။ ကချင်ပြည်နယ်အတွင်း အလားတူဖြစ်စဉ်များ များစွာဖြစ်ပွားခဲ့သော်လည်း အပြစ်ကျူးလွန်သူ KIA တပ်ဖွဲ့ဝင် များအား လက်ရှိတပ်ရင်းမှ အခြားတပ်ရင်းသို့ ပြောင်းရွှေ့ခြင်းဖြင့်သာ KIA ခေါင်းဆောင်ကြီးများက ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ KIA တပ်ဖွဲ့အတွင်း လူအင်အား၊ လက်နက်အင်အားတောင့်တင်း လာသည်နှင့်အမျှ ငြိမ်းချမ်းရေးကို ခုတုံးလုပ်ကာ လူ့အခွင့်အရေးချိုးဖောက်မှုလုပ်ငန်းများအား ဆက်လက် ဆောင်ရွက်နေဦးမည်မှာ မလွဲဧကန်ဘဲဖြစ်ပါသည်။ ယခုအခါ ကချင်ပြည်နယ်အစွန်အဖျားရှိ အစိုးရမှ ခန့်အပ်ထားသော ပညာရေးဝန်ထမ်းများအား အကြောင်းမဲ့ မောင်းထုတ်ခြင်းသည် KIA ခေါင်းဆောင် အင်ဘန်လ၏ စေခိုင်းချက်များဖြစ်ကြောင်းသိရှိရပါသည်။ အင်ဘန်လအနေဖြင့် ပညာအရည်အချင်း ၄ တန်း ဖြင့် ဒုခေါင်းဆောင်ဖြစ်သည်ထိ လက်ရုံးရည်ဖြင့် ရာထူးတက်ခဲ့သူဖြစ်ကာ လက်ရဲဇက်ရဲ လုပ်တတ်ပြီး အာဏာသိမ်းမှုတွင် ဦးဆောင်ပါဝင်ခဲ့၍ ယနေ့ လက်ရှိနေရာသို့ ရောက်ခဲ့ရခြင်းကြောင့် ကချင်ပြည်နယ်အတွင်း စစ်ရှောင်ဒေသရှိကျောင်းနေအရွယ် ကလေးများ၏ ပညာရေးကိုလည်းအလေးထားစဉ်းစားမည်မဟုတ်ပေ။ ကချင်ပြည်နယ်တွင် ကျောင်းနေအရွယ်ကလေးများ စာတတ်မြောက်ရေးမှာ တိုင်းရင်းသား အားလုံး၏ တာဝန်ပဲဖြစ်ပါသည်။ ပညာမတတ်လျှင် KIA ခေါင်းဆောင်များ၏ ကျော့ကွင်းထဲက သားကောင်ဘ၀များ ဖြစ်သွား နိုင်သလိုလူမိုက်တို့၏ ကျဉ်းမြောင်းသောအမြင်များ ရိုက်သွင်းခံရမည်ဖြစ်သည်။ သို့ဖြစ်၍ ကချင်ပြည်နယ် အတွင်းရှိ ပညာရေးဝန်ထမ်းများကို လက်နက်ကိုင်အာဏာဖြင့် မောင်းထုတ်နေသော KIA အဖွဲ့အား ၀ိုင်းဝန်းကန့်ကွက်ရှုတ်ချရန်မှာ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး၏ တာဝန်ပဲဖြစ်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ #မရမ်ဘောက်နော်(ခေတ္တ စင်ကာပူ) Today Myanmar

No comments: