Sunday, July 12, 2015

ဗိုလ်ချုပ်ရုပ်ရှင် နဲ့ ကျွန်တော် (၄) - ဇာဂနာ ==========

ဗိုလ်ချုပ်ရုပ်ရှင် နဲ့ ကျွန်တော် (၄) - ဇာဂနာ ========== တကယ်တော့ လူတိုင်းက ရုပ်ရှင်ဆို အားလုံးအတူတူပဲလို့ ထင်တတ်ကြပါ တယ်။ အလွယ်ပဲ ပိတ်ကားပေါ်မှာ ဒါမှမဟုတ် ဖန်သား မျက်နှာပြင်ပေါ်မှာ ပြတာတွေကို ရုပ်ရှင်လို့ ယူဆလေ့ ရှိတာပေါ့။ ရုပ်ရှင်မှာ ဇာတ်လမ်းရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင်၊ အခန်းဆက် ရုပ်ရှင်၊ ဇာတ်လမ်းတို ရုပ်ရှင်၊ ကာတွန်းရုပ်ရှင် စသည်ဖြင့် အမျိုးမျိုး ကွဲပြားလေ့ရှိပါတယ်။ သဘော သဘာဝချင်း မတူသလို ရိုက်ကူးပုံ နည်းစနစ်လည်း တခြားစီပါ။ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတွေဆိုတာ ကမ္ဘာမှာ ဒိတ်ဒိတ်ကြဲ အောင်မြင် နေကြသလို ဇာတ်လမ်း ရုပ်ရှင် ဒါရိုက်တာတွေ ဆိုတာလည်း စူပါတွေချည်းပါပဲ။ မိုကယ်မိုးရ်တို့လို မှတ်တမ်းရုပ်ရှင် ဆရာကြီးတွေကလည်း ရုပ်ရှင်လောက မှာ တံခွန်စိုက်ထားသူ တွေပေါ့။ စပီးလ်ဘတ်တို့လို ဇာတ်လမ်းရုပ်ရှင် ဆရာကြီးတွေနဲ့ တစ်တန်းတည်းထား လေးစားရသူတွေပါ။ ယခုနှစ် အော်စကာဆု ရသွားတဲ့ လော်ရာပွိုင်ထရာဆိုတာ ၁၉၇၁ ခုနှစ် ကတည်းက မှတ်တမ်းရုပ်ရှင် တစ်မျိုးထဲ ကိုပဲ စိုက်လိုက်မတ်တတ် ရိုက်ခဲ့သူပါ။ ဒါပေမဲ့ ဇာတ်လမ်းရုပ်ရှင်နဲ့ မှတ်တမ်းရုပ်ရှင် ဆိုတာကတော့ တော်တော် ကွာပါတယ်။ ကင်မရာ အယူအဆက စလို့ မတူပါဘူး။ ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို ရိုက်ချင်တာ Feature Filmခေါ်တဲ့ ဇာတ်လမ်းရုပ်ရှင် အမျိုးအစားပါ။ ဒီအောက်မှာ တစ်ဆင့်ပြန်ခွဲရရင် Biopic Movieလို့ ခေါ်ရမှာပေါ့။ အတ္ထုပတ္တိ ရုပ်ရှင်ပေါ့လေ။ ကမ္ဘာမှာလည်း ဂန္ဒီတို့၊ မင်ဒဲလားတို့၊ လင်ကွန်းတို့ဆိုတဲ့ ကားမျိုးတွေ အောင်မြင်လိုက်ကြတာ ၀က်ဝက်ကွဲပါပဲ။ ဒီနှစ်မှာလည်း စတိဗ်ဂျော့ခ်ျ အကြောင်း၊ အဆိုတော် ဂျိမ်းစ်ဘရောင်း အကြောင်း ရိုက်ထားတဲ့ get on upတို့၊ အကောင်းစား အော်စကာ (ဇာတ်ညွှန်း)ဆုရ သွားတဲ့ Imitation Gameတို့ဆို အဲဒိ Biopic Movieတွေပေါ့။ ဖြစ်ချင်တော့ ကျွန်တော်နဲ့ ဆုံခဲ့ရတဲ့ ကမ္ဘောဒီးယားက ဂျာမန် ဒါရိုက်တာ တွေဟာ မှတ်တမ်းသီးသန့် ရိုက်ကူးတဲ့သူတွေ ဖြစ်နေပါတော့တယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တော် မှာ Metta houseဆိုပြီး ရုပ်ရှင်သင်တန်းကျောင်း ထူထောင်ထားကြတာပေါ့။ သူတို့ရိုက်ထားတဲ့ ကမ္ဘောဒီးယားက လယ်ယာမြေသိမ်း တိုက်ပွဲ အကြောင်း သတင်းကားတွေ စပြ ကတည်းက လွဲပြီ လို့ သိလိုက်ရပါ တော့တယ်။ သူတို့ စိတ်ထဲမှာလည်း ကျွန်တော်က The art of freedom film festivalဆိုတာကို လုပ်မယ်လို့ သိထားကြတာကိုး။ ဒါနဲ့ပဲ လွဲကာမှ လွဲပေရော့ သူတို့ဆီ က ဘာသိသိ ဘာရရ အမြတ်ချည်းပဲလို့ လေ့လာဆွေးနွေး လိုက်ခဲ့ရပါတော့တယ်။ တစ်ခုတော့ အမြတ်ထွက် ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရုပ်ရှင် ပြိုင်ပွဲကနေ ဆုရတဲ့ ဒါရိုက်တာ ၃ ဦးကို သူတို့ဆီမှာ သင်တန်း တက်ခွင့်ရတာပါ။ ဒီလိုနဲ့ ဒီခရီးကနေ ရန်ကုန်ကို ပြန်ရောက်လာတော့ ကျွန်တော့် အာသီသက ဟောလိဝုဒ်ကိုပဲ သွားချင်ပါတော့တယ်။ ဟောလိဝုဒ်က တစ်ယောက်ယောက် နဲ့ တွေ့ဆုံဆက်စပ်ဆွေးနွေး အကူအညီ တောင်းဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ရဲ့ ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံကို ခြေချခွင့် ကျွန်တော် ရခဲ့ပါတယ်။ အမေရိကားက ဟောလိဝုဒ်နဲ့ ကျွန်တော် ဘာအဆက်အသွယ်မှ မရှိပါဘူး။ တစ်ယောက်တော့ ရှိလေရဲ့။ ၂၀၀၇တုန်းက မြန်မာပြည်ကို အလည်လာခဲ့တဲ့ DOP (Director of Photography) စတီဖင်ဂိုးလ် ဘလတ်ဆိုတဲ့ လူကြီးတော့ ရှိပါတယ်။ သူနဲ့ကျွန်တော် အဆက်အသွယ်ရဖို့ တော်တော် ကြိုးစားရပါတယ်။ ဟီလာရီကလင်တန်နဲ့ တွေ့ဖို့ အဲ့သလောက် မခက်ခဲပေမယ့် သူနဲ့တွေ့ဖို့ကတော့ တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ အရင် မြန်မာပြည် အမေရိကန် သံရုံးမှာ အလုပ်လုပ်ခဲ့တဲ့ ဒေါ်စန်းစန်းမြင့်က ကူညီလို့ နောက်ဆုံးမှာ စတီဖင်နဲ့ တွေ့ခွင့်ရခဲ့ပါတော့တယ်။ စတီဖင် ဂိုးလ်ဘလတ် နေတာက ဆန်ဖရန်စစ္စကိုမှာပါ။ သူက မြန်မာပြည်ကို သံယောဇဉ် ရှိသူပါ။ ကျွန်တော်တို့နဲ့အတူ ဧရာဝတီ မြစ်ကြောင်းရယ် ချင်းတွင်းမြစ်ရိုးရယ်မှာ ဓာတ်ပုံ ထွက်ရိုက်ခဲ့တာပေါ့။ မြန်မာပြည်မှာ နာဂစ်မုန်တိုင်း တိုက်ချိန် ရန်ပုံငွေရအောင်ဆိုပြီး သူရိုက်ခဲ့တဲ့ မြန်မာပြည်က ရှုခင်း ဓာတ်ပုံတွေကို ဟောလီးဝုဒ်မှာ ပြပွဲလုပ် ရောင်းချပြီး ရသမျှ လှူခဲ့သူပေါ့။ ဒါကြောင့်လည်း သူနဲ့ တွေ့ခွင့်ရဖို့ လွယ်သွားတယ် ဆိုရမှာပါ။ သူဟာ ရုပ်ရှင်ကားပေါင်း များစွာကို DOPခေါ်တဲ့ ဓာတ်ပုံပညာ ဒါရိုက်တာ တာဝန်ယူပြီး ရိုက်ခဲ့သူပါ။ သူ့ရဲ့ Batman ဇာတ်ကားတွေကိုတော့ ပရိသတ် ရင်းနှီးပြီးသားပါ။ အထက်က ကျွန်တော် ပြောခဲ့သလို Biopicလို့ ခေါ်တဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်တွေလည်း သူရိုက်ခဲ့တာ အထင်အရှားပေါ့။ အမေရိကန် နိုင်ငံရေး သမိုင်းမှာ ကောင်းဘွိုင်လို့ နာမည်ကျော်ခဲ့တဲ့ အထက်လွှတ်တော် အမတ် ချာလီ ၀င်လ်ဆင် အကြောင်းကို ရိုက်ထားတဲ့ Charlie’s warဆိုတဲ့ အာဖဂန်နစ္စတန် စစ်ပွဲနောက်ခံ ရုပ်ရှင်ဆို တော်တော့်ကို အောင်မြင်ခဲ့ပါတယ်။ ဒီလိုပါပဲ ကျွန်တော် အမေရိကား ရောက်နေချိန် သူ့လက်ရာ The Helpဆိုတဲ့ ဇာတ်ကားဟာ အော်စကာ တစ်ကြိုစာရင်းထဲ ပါနေပြန်ပါတယ်။ တစ်ခါ အခုနှစ် အော်စကာ တစ်ကြိုထဲ ပါခဲ့တဲ့ get on upကလည်း တကယ့်ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။ သူ့အိမ်ကို ကျွန်တော်ရောက်တော့ သူက ညစာနဲ့ တည်ခင်း ဧည့်ခံသလို ဟောလိဝုဒ် ရုပ်ရှင် လောက အကြောင်းကိုလည်း ရှင်းပြပါတယ်။ သူပေးတဲ့ အကြံဉဏ်ကတော့ ဗိုလ်ချုပ်ရုပ်ရှင်ကို ကိုယ့်ဖာသာကိုယ် မြန်မာလူမျိုးတွေပဲ ဒါရိုက်တာလုပ်ပြီး ရိုက်ဖို့နဲ့ လိုအပ်တဲ့ ကင်မရာနဲ့ နည်းပညာတွေကို သူက အကူအညီပေး မယ် ဆိုတာပါပဲ။ ကျွန်တော်က ဗိုလ်ချုပ်ရုပ်ရှင်ကို ထုတ်လုပ်သူတွေ စိတ်ဝင်စားနိုင်သလားဆိုတော့ သူက ခေါင်းခါတယ်။ ဟောလိဝုဒ်က ပိုက်ဆံက လွဲရင် ဘာကိုမှ စိတ်မ၀င်စားဖူးတဲ့။ ဖြစ်နိုင်တာကတော့ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်၊ ပြပွဲတင် (ဆိုပါတော့ ကိန်းရုပ်ရှင်ပွဲတော်တို့ ဆန်းဒန့်စ်ရုပ်ရှင် ပွဲတော်တို့ပေါ့) အဲဒီမှာ လူကြိုက်ရင်တော့ ဟောလိဝုဒ်က လိုက်လာလိမ့်မယ်တဲ့။ ကိစ္စကတော့ ဒီမှာတင် တစ်စခန်းရပ်ပေါ့။ ဘာပဲဖြစ်ဖြစ် အမြတ်ထွက် တာကတော့ ဆန်ဖရန်စစ္စကို ရုပ်ရှင်တက္ကသိုလ်ကို လေ့လာခွင့် ရခဲ့သလို တကယ့် ရုပ်ရှင် ရိုက်ကွင်း တစ်ခုကိုလည်း ကြည့်ခွင့်ကြုံခဲ့ပါတယ်။ ဇွဲမလျှော့သေးပဲ မင်းသားကြီး လီယန်နီလ်ဆင်ကနေ တစ်ဆင့် ရုပ်ရှင် ထုတ်လုပ်သူ ကိုဟင် ညီနောင်ဆီ ဆက်သွယ်လိုက်တဲ့ အခါမှာတော့ Treatment ပေးပါတဲ့။ ရုပ်ရှင်နဲ့ ပတ်သက်လို့ Treatment ဆိုတာ ဘာမှန်းမသိလို့ နွေးနွေးစိန်မြင့်နဲ့ ဒေါ်ဆွေဇင်ထိုက်ကို အကူအညီ တောင်းပြီး Treatment ဆိုတာကို အမြန်ရေးရပါတော့တယ်။ ရေးပြီးလို့ ထုတ်လုပ်သူ ကိုဟင်ညီနောင်ဆီကို အဲ့ဒီ Treatment လှမ်းပို့လိုက်တဲ့ အခါမှာတော့ သူတို့ဆီက မှတ်ချက် ကလေးတစ်ကြောင်းပဲ ပြန်ရခဲ့တယ်။ စာကလေး တစ်ကြောင်းဟာ ကျွန်တော့်ကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တာ အမှန်ပါပဲ။ “ဗိုလ်ချုပ်အောင်ဆန်းက လူလား”တဲ့။ ဆက်ပါမည် ဇာဂန ဗိုလ်ချုပ်ရုပ်ရှင် နဲ့ ကျွန်တော် (၄) - ဇာဂနာ ========== တကယ်တော့ လူတိုင်းက ရုပ်ရှင်ဆို အားလုံးအတူတူပဲလို့ ထင်တတ်ကြပါ တယ်။ အလွယ်ပဲ ပိတ်ကားပေါ်မှာ ဒါမှမဟုတ် ဖန်သား မျက်နှာပြင်ပေါ်မှာ ပြတာတွေကို ရုပ်ရှင်လို့ ယူဆလေ့ ရှိတာပေါ့။ ရုပ်ရှင်မှာ ဇာတ်လမ်းရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင်၊ အခန်းဆက် ရုပ်ရှင်၊ ဇာတ်လမ်းတို ရုပ်ရှင်၊ ကာတွန်းရုပ်ရှင် စသည်ဖြင့် အမျိုးမျိုး ကွဲပြားလေ့ရှိပါတယ်။ သဘော သဘာဝချင်း မတူသလို ရိုက်ကူးပုံ နည်းစနစ်လည်း တခြားစီပါ။ မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတွေဆိုတာ ကမ္ဘာမှာ ဒိတ်ဒိတ်ကြဲ အောင်မြင် နေကြသလို ဇာတ်လမ်း ရုပ်ရှင် ဒါရိုက်တာတွေ ဆိုတာလည်း စူပါတွေချည်းပါပဲ။ မိုကယ်မိုးရ်တို့လို မှတ်တမ်းရုပ်ရှင် ဆရာကြီးတွေကလည်း ရုပ်ရှင်လောက မှာ တံခွန်စိုက်ထားသူ တွေပေါ့။ စပီးလ်ဘတ်တို့လို ဇာတ်လမ်းရုပ်ရှင် ဆရာကြီးတွေနဲ့ တစ်တန်းတည်းထား လေးစားရသူတွေပါ။ ယခုနှစ် အော်စကာဆု ရသွားတဲ့ လော်ရာပွိုင်ထရာဆိုတာ ၁၉၇၁ ခုနှစ် ကတည်းက မှတ်တမ်းရုပ်ရှင် တစ်မျိုးထဲ ကိုပဲ စိုက်လိုက်မတ်တတ် ရိုက်ခဲ့သူပါ။ ဒါပေမဲ့ ဇာတ်လမ်းရုပ်ရှင်နဲ့ မှတ်တမ်းရုပ်ရှင် ဆိုတာကတော့ တော်တော် ကွာပါတယ်။ ကင်မရာ အယူအဆက စလို့ မတူပါဘူး။ ကျွန်တော်တို့က ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ကို ရိုက်ချင်တာ Feature Filmခေါ်တဲ့ ဇာတ်လမ်းရုပ်ရှင် အမျိုးအစားပါ။ ဒီအောက်မှာ တစ်ဆင့်ပြန်ခွဲရရင် Biopic Movieလို့ ခေါ်ရမှာပေါ့။ အတ္ထုပတ္တိ ရုပ်ရှင်ပေါ့လေ။ ကမ္ဘာမှာလည်း ဂန္ဒီတို့၊ မင်ဒဲလားတို့၊ လင်ကွန်းတို့ဆိုတဲ့ ကားမျိုးတွေ အောင်မြင်လိုက်ကြတာ ၀က်ဝက်ကွဲပါပဲ။ ဒီနှစ်မှာလည်း စတိဗ်ဂျော့ခ်ျ အကြောင်း၊ အဆိုတော် ဂျိမ်းစ်ဘရောင်း အကြောင်း ရိုက်ထားတဲ့ get on upတို့၊ အကောင်းစား အော်စကာ (ဇာတ်ညွှန်း)ဆုရ သွားတဲ့ Imitation Gameတို့ဆို အဲဒိ Biopic Movieတွေပေါ့။ ဖြစ်ချင်တော့ ကျွန်တော်နဲ့ ဆုံခဲ့ရတဲ့ ကမ္ဘောဒီးယားက ဂျာမန် ဒါရိုက်တာ တွေဟာ မှတ်တမ်းသီးသန့် ရိုက်ကူးတဲ့သူတွေ ဖြစ်နေပါတော့တယ်။ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင် မြို့တော် မှာ Metta houseဆိုပြီး ရုပ်ရှင်သင်တန်းကျောင်း ထူထောင်ထားကြတာပေါ့။ သူတို့ရိုက်ထားတဲ့ ကမ္ဘောဒီးယားက လယ်ယာမြေသိမ်း တိုက်ပွဲ အကြောင်း သတင်းကားတွေ စပြ ကတည်းက လွဲပြီ လို့ သိလိုက်ရပါ တော့တယ်။ သူတို့ စိတ်ထဲမှာလည်း ကျွန်တော်က The art of freedom film festivalဆိုတာကို လုပ်မယ်လို့ သိထားကြတာကိုး။ ဒါနဲ့ပဲ လွဲကာမှ လွဲပေရော့ သူတို့ဆီ က ဘာသိသိ ဘာရရ အမြတ်ချည်းပဲလို့ လေ့လာဆွေးနွေး လိုက်ခဲ့ရပါတော့တယ်။ တစ်ခုတော့ အမြတ်ထွက် ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရုပ်ရှင် ပြိုင်ပွဲကနေ ဆုရတဲ့ ဒါရိုက်တာ ၃ ဦးကို သူတို့ဆီမှာ သင်တန်း တက်ခွင့်ရတာပါ။ ဒီလိုနဲ့ ဒီခရီးကနေ ရန်ကုန်ကို ပြန်ရောက်လာတော့ ကျွန်တော့် အာသီသက ဟောလိဝုဒ်ကိုပဲ သွားချင်ပါတော့တယ်။ ဟောလိဝုဒ်က တစ်ယောက်ယောက် နဲ့ တွေ့ဆုံဆက်စပ်ဆွေးနွေး အကူအညီ တောင်းဖို့ ကြိုးစားမယ်လို့ ဆုံးဖြတ်လိုက်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်ရဲ့ ဖေဖော်ဝါရီလမှာ အမေရိကန်နိုင်ငံကို ခြေချခွင့် ကျွန်တော် ရခဲ့ပါတယ်။ အမေရိကားက ဟောလိဝုဒ်နဲ့ ကျွန်တော် ဘာအဆက်အသွယ်မှ မရှိပါဘူး။ တစ်ယောက်တော့ ရှိလေရဲ့။ ၂၀၀၇တုန်းက မြန်မာပြည်ကို အလည်လာခဲ့တဲ့ DOP (Director of Photography) စတီဖင်ဂိုးလ် ဘလတ်ဆိုတဲ့ လူကြီးတော့ ရှိပါတယ်။ သူနဲ့ကျွန်တော် အဆက်အသွယ်ရဖို့ တော်တော် ကြိုးစားရပါတယ်။ ဟီလာရီကလင်တန်နဲ့ တွေ့ဖို့ အဲ့သလောက် မခက်ခဲပေမယ့် သူနဲ့တွေ့ဖို့ကတော့ တော်တော်လေးကို ခက်ခဲခဲ့ပါတယ်။ အရင် မြန်မာပြည် အမေရိကန် သံရုံးမှာ အလုပ်လုပ်ခဲ့တဲ့ ဒေါ်စန်းစန်းမြင့်က ကူညီလို့ နောက်ဆုံးမှာ စတီဖင်နဲ့ တွေ့ခွင့်ရခဲ့ပါတော့တယ်။ စတီဖင် ဂိုးလ်ဘလတ် နေတာက ဆန်ဖရန်စစ္စကိုမှာပါ။ သူက မြန်မာပြည်ကို သံယောဇဉ် ရှိသူပါ။ ကျွန်တော်တို့နဲ့အတူ ဧရာဝတီ မြစ်ကြောင်းရယ် ချင်းတွင်းမြစ်ရိုးရယ်မှာ ဓာတ်ပုံ ထွက်ရိုက်ခဲ့တာပေါ့။ မြန်မာပြည်မှာ နာဂစ်မုန်တိုင်း တိုက်ချိန် ရန်ပုံငွေရအောင်ဆိုပြီး သူရိုက်ခဲ့တဲ့ မြန်မာပြည်က ရှုခင်း ဓာတ်ပုံတွေကို ဟောလီးဝုဒ်မှာ ပြပွဲလုပ် ရောင်းချပြီး ရသမျှ လှူခဲ့သူပေါ့။ ဒါကြောင့်လည်း သူနဲ့ တွေ့ခွင့်ရဖို့ လွယ်သွားတယ် ဆိုရမှာပါ။ သူဟာ ရုပ်ရှင်ကားပေါင်း များစွာကို DOPခေါ်တဲ့ ဓာတ်ပုံပညာ ဒါရိုက်တာ တာဝန်ယူပြီး ရိုက်ခဲ့သူပါ။ သူ့ရဲ့ Batman ဇာတ်ကားတွေကိုတော့ ပရိသတ် ရင်းနှီးပြီးသားပါ။ အထက်က ကျွန်တော် ပြောခဲ့သလို Biopicလို့ ခေါ်တဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်တွေလည်း သူရိုက်ခဲ့တာ အထင်အရှားပေါ့။ အမေရိကန် နိုင်ငံရေး သမိုင်းမှာ ကောင်းဘွိုင်လို့ နာမည်ကျော်ခဲ့တဲ့ အထက်လွှတ်တော် အမတ် ချာလီ ၀င်လ်ဆင် အကြောင်းကို ရိုက်ထားတဲ့ Charlie’s warဆိုတဲ့ အာဖဂန်နစ္စတန် စစ်ပွဲနောက်ခံ ရုပ်ရှင်ဆို တော်တော့်ကို အောင်မြင်ခဲ့ပါတယ်။ ဒီလိုပါပဲ ကျွန်တော် အမေရိကား ရောက်နေချိန် သူ့လက်ရာ The Helpဆိုတဲ့ ဇာတ်ကားဟာ အော်စကာ တစ်ကြိုစာရင်းထဲ ပါနေပြန်ပါတယ်။ တစ်ခါ အခုနှစ် အော်စကာ တစ်ကြိုထဲ ပါခဲ့တဲ့ get on upကလည်း တကယ့်ဖြစ်ရပ်မှန် အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။ သူ့အိမ်ကို ကျွန်တော်ရောက်တော့ သူက ညစာနဲ့ တည်ခင်း ဧည့်ခံသလို ဟောလိဝုဒ် ရုပ်ရှင် လောက အကြောင်းကိုလည်း ရှင်းပြပါတယ်။ သူပေးတဲ့ အကြံဉဏ်ကတော့ ဗိုလ်ချုပ်ရုပ်ရှင်ကို ကိုယ့်ဖာသာကိုယ် မြန်မာလူမျိုးတွေပဲ ဒါရိုက်တာလုပ်ပြီး ရိုက်ဖို့နဲ့ လိုအပ်တဲ့ ကင်မရာနဲ့ နည်းပညာတွေကို သူက အကူအညီပေး မယ် ဆိုတာပါပဲ။ ကျွန်တော်က ဗိုလ်ချုပ်ရုပ်ရှင်ကို ထုတ်လုပ်သူတွေ စိတ်ဝင်စားနိုင်သလားဆိုတော့ သူက ခေါင်းခါတယ်။ ဟောလိဝုဒ်က ပိုက်ဆံက လွဲရင် ဘာကိုမှ စိတ်မ၀င်စားဖူးတဲ့။ ဖြစ်နိုင်တာကတော့ ဗိုလ်ချုပ်ရုပ်ရှင်ကို ရိုက်၊ ပြပွဲတင် (ဆိုပါတော့ ကိန်းရုပ်ရှင်ပွဲတော်တို့ ဆန်းဒန့်စ်ရုပ်ရှင် ပွဲတော်တို့ပေါ့) အဲဒီမှာ လူကြိုက်ရင်တော့ ဟောလိဝုဒ်က လိုက်လာလိမ့်မယ်တဲ့။ ကိစ္စကတော့ ဒီမှာတင် တစ်စခန်းရပ်ပေါ့။ ဘာပဲဖြစ်ဖြစ် အမြတ်ထွက် တာကတော့ ဆန်ဖရန်စစ္စကို ရုပ်ရှင်တက္ကသိုလ်ကို လေ့လာခွင့် ရခဲ့သလို တကယ့် ရုပ်ရှင် ရိုက်ကွင်း တစ်ခုကိုလည်း ကြည့်ခွင့်ကြုံခဲ့ပါတယ်။ ဇွဲမလျှော့သေးပဲ မင်းသားကြီး လီယန်နီလ်ဆင်ကနေ တစ်ဆင့် ရုပ်ရှင် ထုတ်လုပ်သူ ကိုဟင် ညီနောင်ဆီ ဆက်သွယ်လိုက်တဲ့ အခါမှာတော့ Treatment ပေးပါတဲ့။ ရုပ်ရှင်နဲ့ ပတ်သက်လို့ Treatment ဆိုတာ ဘာမှန်းမသိလို့ နွေးနွေးစိန်မြင့်နဲ့ ဒေါ်ဆွေဇင်ထိုက်ကို အကူအညီ တောင်းပြီး Treatment ဆိုတာကို အမြန်ရေးရပါတော့တယ်။ ရေးပြီးလို့ ထုတ်လုပ်သူ ကိုဟင်ညီနောင်ဆီကို အဲ့ဒီ Treatment လှမ်းပို့လိုက်တဲ့ အခါမှာတော့ သူတို့ဆီက မှတ်ချက် ကလေးတစ်ကြောင်းပဲ ပြန်ရခဲ့တယ်။ စာကလေး တစ်ကြောင်းဟာ ကျွန်တော့်ကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့တာ အမှန်ပါပဲ။ “ဗိုလ်ချုပ်အောင်ဆန်းက လူလား”တဲ့။ ဆက်ပါမည် ဇာဂန

No comments: