မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Sunday, July 12, 2015
အစိုးရတပ်နှင့် ကေအိုင်အေ ဖားကန့်ဒေသတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား
အစိုးရတပ်နှင့် ကေအိုင်အေ ဖားကန့်ဒေသတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား
ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅
မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ ဖားကန့်ဒေသတွင် ဇူလိုင် ၁၀ ရက်က တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ဖားကန့်ဒေသတံတားညီ နောင်နှင့် လွယ်ဆိုင်ကျေးရွာဝန်းကျင်တွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
အစိုးရဘက်က ၎င်းတို့ဒေသအတွင်း အင်အားတိုးချဲ့ဝင်ရောက်လာမှုကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရကြောင်း ကေအိုင်အေသတင်းရင်းမြစ်များက ဆိုသည်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် နီးစပ်သူများကမူ ဖားကန့် ဒေသတွင် ကေအိုင်အေက ဆက်ကြေးကောက်ခံခြင်း၊ ပုံမှန်လုံခြုံ ရေးဆောင်ရွက်နေသော စစ်ကြောင်းများကို ပစ်ခတ်နှောင့်ယှက်ခြင်းများပြုလုပ်မှုကြောင့် ထိတွေ့မှုများဖြစ်ပွားခဲ့ကြောင်း ပြောသည်။
မြစ်ကြီးနားအခြေစိုက်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) က ဖားကန့်ဒေသစစ်ရေး အခြေအနေများနှင့် ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းကော်မတီ (UPWC) ထံ တင် ပြမည်ဖြစ်ကြောင်း 7Day Daily အား ပြောကြားထားသည်။
ဇူလိုင် ၁၀ ရက် ထိတွေ့ တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုများရှိနိုင်ကြောင်း သိရသော်လည်း နှစ်ဖက်စလုံးက အတည်ပြုချက်မရရှိပေ။
ပြီးခဲ့သည့် ဇွန်လနှောင်းပိုင်းမှစ၍ ဖားကန့်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ စစ်ရေးပြန်လည်တင်းမာလာခြင်း ဖြစ်သည်။
7 Day
Subscribe to:
Post Comments (Atom)
No comments:
Post a Comment