Monday, July 13, 2015

နယ်ခြားစောင့်တပ်မှ နယ်မြေရှင်းလင်းစဉ် ကေကေအိုအဖွဲ့မှ သိမ်းဆည်းထားသော လက်နက်ခဲယမ်းများအား သိမ်ဆည်းရမိ

၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်တွင် အမှတ်(၁၀၂၁) နယ်ခြားစောင့်တပ်မှ တောင်ကြာအင်း၊ မြောက်ကြာအင်း ပတ်ဝန်းကျင်တစ်ဝိုက်အား ရှင်းလင်းဆောင်ရွက်စဉ် ကေကေအို မှ စိန်မြင့်နှင့်အဖွဲ့သည် လက်နက်များအား ဖွက်၍ အရပ်ဝတ်ဖြင့် ထွက်ပြေးတိမ်းရှောင်းသွားကြောင်း သတင်းရရှိသဖြင့် အောင်ဗလကုန်းတစ်ဝိုက်အား ဖြန့်ခွဲရှင်းလင်းခဲ့ရာ ခန့်မှန်း(အမ်ယူ-၀၆၃၂၆၄) နေရာတွင် ကေကေအိုအဖွဲ့မှ သိမ်းဆည်းထားခဲ့သော အမ်-၁၆ ၁ လက်၊ စနိုက်ပါမှန်ပြောင်း ၁ ခု၊ ကျည်အိမ် ၁၁ ခု၊ ကျည် ၂၂၀ တောင့်၊ အာရ်ပီဂျီ ၂ လက်၊ ဗုံးသီး ၇ လုံး၊ အေကေ-၄၇ ၁ လက်၊ ကျည် ၂၀ တောင့်နှင့် အမ်-၇၉ ဗုံးပစ် လောင်ချာ ၂ လက်၊ ဗုံးသီး ၁၈ လုံးတို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။

((( တပ်မတော်သတင်း စစ်သတင်း တိုက်ပွဲ သတင်းများ ဖတ်ရှုနိုင်ရန် အောက်ပါ Link မှ သက်ဆိုင်ရာ ဆော့ဝဲလ်အား Download ယူထားစေချင်သည် )))နယ်ခြားစောင့်တပ်မှ နယ်မြေရှင်းလင်းစဉ် ကေကေအိုအဖွဲ့မှ သိမ်းဆည်းထားသော လက်နက်ခဲယမ်းများအား သိမ်ဆည်းရမိ

No comments: