Sunday, July 12, 2015

တပ်နှင့်ကေအိုင်အေ တိုက်ပွဲများပြန်ဖြစ်နေ၍ စစ်ရေးအရှိန်မြင့်လာမည်ကို ဒေသခံများစိုးရိမ်

တပ်နှင့်ကေအိုင်အေ တိုက်ပွဲများပြန်ဖြစ်နေ၍ စစ်ရေးအရှိန်မြင့်လာမည်ကို ဒေသခံများစိုးရိမ် ဇူလှိုင်လ ၁၂ ရက်၊ ၂၀၁၅ မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ ဆွန်ပရာဘွမ်၊ ဖားကန့်ဒေသများတွင် တိုက်ပွဲ များ ပြန်လည်ဖြစ်ပွားနေခြင်း ကြောင့် စစ်ရေးအရှိန်ပြင်းထန် လာမည်ကို ဒေသခံပြည်သူများ စိုးရိမ်နေကြကြောင်း သတင်းရရှိ သည်။ ဇူလိုင် ၁၁ ရက်က ဆွန်ပ ရာဘွမ်မြို့နယ်ရှိ ကေအိုင်အေတပ်မဟာ (၁) လက်အောက်ခံ တပ်ရင်း ၂၂ မလိယန် ရှေ့တန်းစခန်းကို အစိုးရတပ် ခလရ ၂၉၊၅၈၊ ၃၇ စသည့် ပူးပေါင်းစစ် ကြောင်းများက လာရောက်တိုက် ခိုက်ခဲ့ကြောင်း ကေအိုင်အေ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းဖြစ်စဉ်များအတွင်း တပ်မတော်ဘက်မှ တိုက်လေ ယာဉ်နှင့်ရဟတ်ယာဉ်များ အသုံး ပြု တိုက်ခိုက်ခဲ့ကြောင်း ဒေသ တွင်း သတင်းရင်းမြစ်များက ပြောကြားသော်လည်း အတည်ပြုချက်မရရှိခဲ့ပေ။ တပ်မတော်အသိုင်းအ၀ိုင်း နှင့် နီးစပ်သည့် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်အေသည် တရား ဥပဒေနှင့် မညီညွတ်သည့် လုပ်ရပ်များကို ပြုလုပ်လာခြင်းကြောင့် စစ်ရေးတင်းမာလာရခြင်းဖြစ်ကြောင်း ပြောသည်။ ဇူလိုင် ၁၀ ရက်ကလည်း ဖားကန့်မှ မြစ်ကြီးနားသို့ ပို့ ဆောင်သည့် အချုပ်ကားကို ကာမိုင်းအနီးတွင် အေအိုင်အေက တိုက်ခိုက်ခဲ့မှုကြောင့် တပ်မတော်စစ်ကြောင်းများက နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ၎င်းကဆိုသည်။ မြန်မာ့တပ်မတော်နှင့် ကေ အိုင်အေတို့ စစ်ရေးတင်းမာလာ ခြင်းကြောင့် ပြည်သူများအနေ ဖြင့် စိုးရိမ်နေကြကြောင်း ဒေသခံ လူမှုအဖွဲ့အစည်းများနှင့် စစ်ဘေး ဒုက္ခသည်အရေး ကူညီဆောင် ရွက်သူများက ပြောသည်။ ‘‘စိုးရိမ်ကြတာပေါ့။ လူထု တွေလည်း ဒုက္ခရောက်တယ်လေ’’ ဟု ငြိမ်းချမ်းရေးအကျိုးဆောင် အဖွဲ့(PCG) မှ ဦးအင်ရှန်ဆန် အောင်က ဆိုသည်။ စစ်ရေးအရှိန်ပြင်းထန်လာ မှု မရှိစေရန် နှစ်ဖက်စလုံးအနေ ဖြင့် ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်သင့်ကြောင်း ဒေသတွင်း အရပ်ဘက်အဖွဲ့အစည်းများက အ ကြံပြုသည်။ ‘‘ယုံကြည်မှု ပျက်ပြားစေတဲ့ လုပ်ရပ်တွေကို နှစ်ဖက်စလုံးက မလုပ်တာအကောင်းဆုံးပဲ’’ ဟု ဦးအင်ရှန်ဆန်အောင်က ပြော သည်။ လက်ရှိအခြေအနေတွင် ဆွန်ပရာဘွမ်နှင့် ဖားကန့်ဒေသ များ၌ နှစ်ဖက်စလုံးက အင်အားတိုးမြှင့်ထားကြောင်း သတင်းရရှိ သည်။ 7 Day

No comments: