Monday, July 13, 2015

သမီးတော်ပြီးတော့ သားတော် ================= သမီးတော်တွေအကြောင်းချည်း ရေးနေတော့ သားတော်တွေက လိမ္မာသလို ဖြစ်နေတယ်။ သားတော်တွေကလည်း မထူးပါဘူး။ ပိုပြီးဆိုးတဲ့ ကိုသာဆိုးတွေပါပဲ။ သားတော် သုံးပါးမှာ နှစ်ပါးကပဲ လူရှေ့ထွက်ပြီး စီးပွားရေး လုပ်ပါတယ်။ သူတို့ကတော့ ဘုမ္မာစိုးတွေ စုတိကျပြီး လူဖြစ်လာသလား ထင်ရလောက်အောင် မြေတွေကို မက်မောကြပါတယ်။ မြန်မာနိုင်ငံအနှံ့က ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ မြေတွေ ဟာ သူတို့လက်ထဲမှာချည်းပါပဲ။ အဲဒီလို သူတို့လိုချင်တဲ့ မြေတွေကိုရရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းကို သူတို့လက်သပ် မွေးထားတဲ့ မုတ်ဆိတ် ကုမ္ပဏီတစ်ခုနဲ့ တည်ဆောက်လေ့ ရှိကြပါတယ်။ သူတို့လိုချင်တဲ့ မြေနေရာတွေက တချို့က အစိုးရပိုင် ဖြစ်ပေမယ့် အသုံးမပြုဘဲ လွတ်နေတဲ့မြေတွေ ပါသလို လက်ရှိအစိုးရ ရုံးစိုက်ထားတဲ့ နေရာတွေကိုလည်း မလွတ်စတမ်း မိအောင်ဖမ်းဆိုသလို လိုချင်တာနဲ့ သံပြားကာပြီး ယူလေ့ရှိကြတယ်။ အရင်ခေတ်က ဘုရင်နှစ်သက်တဲ့ ကောင်မလေးတွေဆိုရင် အိမ်ရှေ့မှာ သဲဖြူခင်း ရာဇမတ် ကာလိုက်တာနဲ့ ဒီအိမ်က ကောင်မလေးဟာ ဘုရင့် ပစ္စည်း ဖြစ်သွားတာမျိုးပါပဲ။ ဒီလိုပဲ သံပြားကာ ဆေးသုတ်ပြီး သူတို့ယူသွားတဲ့ မြေတွေထဲကမှ ပြည်လမ်းမကြီးပေါ်က မြေတစ်ကွက်အကြောင်း ပြောပြချင်တယ်။ ဒီမြေကွက်ကတော့ အခု မာလာဆောင် ပြန်ဖြစ်သွားတဲ့ စီးပွားရေး တက္ကသိုလ် အမျိုးသမီးဆောင်နဲ့ မျက်စောင်းထိုးမှာပါ။ တစ်ခေတ်တစ်ခါက ကမာရွတ်မြို့နယ် ပြည်သူ့ကောင်စီရုံး၊ ဒီဘက် ခေတ်မှာ တော့ ကမာရွတ်မြို့နယ် ငြိမ်ဝပ်ပိပြားမှု အဖွဲ့ ရုံးစိုက်တဲ့ နေရာပါ။ အဲဒီနေရာကို အရင်ခေတ်က မာလာဆောင်က ကျောင်းသူတွေကို ရစ်တဲ့ အမျိုးသားတွေလည်း ရောက်ဖူးပါတယ်။ လက်ဖက်ရည်ဆိုင် ရှိလို့ပါ။ အဲဒီဆိုင်မှာပဲ ကျောင်းသားကျောင်းသူ စုံတွဲတွေ ထိုင်လေ့ရှိသလို မြို့နယ်အုပ်ချုပ်ရေးရုံးကိုလာတဲ့ စီးပွားရေးသမားတွေ၊ အမှုအခင်း ဖြစ်တဲ့သူတွေလည်း ထိုင်လို့ အလွန်စည်ကားတဲ့ လက်ဖက်ရည်ဆိုင်လေးပေါ့။ မြေကလည်း အကျယ်ကြီး ၂.၁၁ ဧကတောင် ရှိတယ်။ ပြည်လမ်းမကြီး ပေါ်မှာဆိုတော့ တန်ဖိုးက စဉ်းစားသာကြည့်ပေါ့ဗျာ။ အဲဒီနေရာရဲ့ အခုပေါက်ဈေးက တစ်ပေပတ်လည်ကို ငါးသိန်းတန် တယ်။ အဲဒီမြေကို အိမ်ရှေ့စံ သားတော်ကြီးနဲ့ သမီးတော်တွေက လိုချင်ပါတယ် ဆိုတော့ ပိုင်တဲ့ပြည်ထဲရေး ၀န်ကြီးဌာနကလည်း မြေကို စွန့်လွှတ်ပေးတယ်။ ပြီးတော့ ပိုင်ရှင်ဖြစ်တဲ့ အိုးအိမ် က အိမ်ရှေ့စံ သားတော်ကြီးကို ဘယ်လောက်နဲ့ လွှဲပေးလိုက်တယ် ထင်သလဲ။ စာဖတ်ပရိသတ်များ မှန်းကြည့်ကြပါ။ မှန်းနေလဲ အကြီးကြီးလွဲမယ့် အတူတူ လက်စောင်းထက်ကပဲ ဖော်ကောင်လုပ်လိုက်ပါ့မယ်။ မြန်မာ ငွေကျပ် သုံးသောင်းနဲ့ ပေးလိုက်တာပါ။ ဒီခေတ်ရော အရင်ခေတ်ကရော သင်္ချိုင်းက ခြောက်ပေသုံးပေ မြေတောင် ကျပ်သုံးသောင်းနဲ့ ၀ယ်မရပေမယ့် ပြည်လမ်းမကြီးပေါ်က မြေကွက်ကြီးကတော့ ကျပ်သုံးသောင်း နဲ့ ရသွားကြလေရဲ့။ ရတာနဲ့ အဲဒီ့ခြံကြီးကို ၀ုန်းဒိုင်းနဲ့ သွပ်ပြားတွေကာ၊ အထဲမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ဆိုင်းမဆင့် ဘုံမဆင့် ၀င်ဖျက်ကြပါလေရော။ အဲဒီလက်ဖက်ရည်ဆိုင် ပိုင်ရှင် ကတော့ အဲဒီအချိန်မှာ တန်ခိုးထွား နေတဲ့ တပ်မတော် ထောက်လှမ်းရေး တပ်မှူးတစ်ဦးရဲ့ ညီပါပဲ။ သူက သူ့အစ်ကိုကို ဒီလိုဒီလိုတော့ ဖြစ်ကုန်ပြီ ပြောလိုက်တယ်။ ဒီတော့ ထောက်လှမ်းရေး တပ်မှူးက အဲဒီ့ အိမ်ရှေ့စံ သားတော်ကြီးဆီကို ဖုန်းကောက် ဆက်တယ်။ ကို...ရေ မင်းတို့မိသားစုကို ငါတို့ကြောက်ပါတယ်ကွာ။ မင်းတို့ ဒီမြေကို ယူသွားမှတော့ ငါတို့ဖယ်ပေးရမှာပေါ့။ ဒါပေမဲ့ လူကိုလူလိုတော့ ဆက်ဆံပါကွာလို့ ပြောလိုက်တယ် ဆိုတာ နားနဲ့ဆတ်ဆတ် ကြားရသူ တွေက ပြန်ပြောပြခဲ့တယ်။ အဲဒီလို ဖုန်းဆက်လည်း ဆက်တာပဲ ရှိတာပါ။ လက်ဖက်ရည်ဆိုင် ဖျက်သိမ်းရေးကို တော့ အိမ်ရှေ့စံက အလုပ်အပ်မယ့် မုတ်ဆိတ်တွေက ဆက်လက် ဆောင်ရွက်သွားကြပါတယ်။ အမှန်ကတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လူကဲခတ် မှားတာဗျ။ မင်းသားမှတ်လို့ နန်းအပ်လိုက်တာ ဘီလူးကို နန်းအပ်မိရက်သား ဖြစ်သွားတော့ ဝေသာလီ တစ်ပြည်လုံး ပြုတ်ပြုတ်ပြုန်းပြီး အရိုးတွေ တောင်လိုပုံတဲ့ကိန်းလို ဖြစ်သွားတော့တာပါပဲ။ နောက်ဇာတ်လမ်းတွေကတော့ ၅၁သန်းသော ပြည်သူပြည်သားများ သိတဲ့အတိုင်း ငြမ်းသာ မဆောက် တတ်တာ ထီးတင်ပြီးရင် ငြင်းဖျက်တာ ကျွမ်းကျင်တဲ့ အာဏာရှင်ကြီးက သူ့ကို နန်းအပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အရာချရုံမက ထောင်ထဲပါ သွတ်သွင်းခဲ့တာဟာ ဆုတ်ကပ်မှာ ၀ဋ်ဆိုတာ ဘ၀မကူးဘူးဆိုတာ လက်တွေ့ပြလိုက်သလိုပါပဲဗျာ။ အိမ်ရှေ့စံ သားတော်ကြီး ယူထားတဲ့ မြေတွေကို သိသလောက် ပြောပြရရင် အိုရီရင်တယ်ဟောက်စ်လို့ ခေါ်တဲ့ မြို့မကျောင်းလမ်းက စားသောက်ဆိုင် ကို တပ်မတော် ဆေးတပ်ရဲ့ မြေပေါ်မှာ ယူထားတယ်။ အရမ်း အချက်အချာကျတဲ့ မန္တလေး မျက်ပါးရပ်မှာ မြေတွေယူပြီး မုတ်ဆိတ်တွေနဲ့ပဲ ဆောက်လုပ်ရေး လုပ်ငန်း အကြီးအကျယ် လုပ်နေတယ်။ သူမပြောနဲ့ အာဏာရှင်ကြီးရဲ့ တပည့်ရင်း ထောက်လှမ်းရေး ဒုညွှန်ချုပ် ကျီးကန်းကြီးဆိုရင် သူ့နာမည်ရှေ့မှာ အိမ်တစ်ရာလို့ ဘွဲ့နာမ တပ်ခေါ်ရအောင် မြန်မာနိုင်ငံ တစ်ဝှမ်းမှာ အိမ်အလုံး ၁၀၀ ပိုင်ပါသတဲ့။ ဒီလိုဆိုရင် သားတော်တွေ၊ သမီးတော်တွေက ဒီထက်မက ပိုင်ဆိုင်တော့မှာပေါ့ဗျာ။ သူတို့ကို အတုယူပြီး အဲဒီခေတ်က အိုးအိမ် တာဝန်ရှိသူတွေက ကမာရွတ်မြို့နယ် အတွင်းက တဲပေါ် ကလူ တိုက်ပေါ်တင်တဲ့ စီမံကိန်းတွေ မှာ သူများမြေတွေကို သိမ်းပြီး စီမံကိန်း လည်း လုပ်၊ တချို့ မြေကွက်တွေ လည်း သူတို့အမည် ဖောက်ပြီး မောင်ပိုင်စီးထားတဲ့ မြေကွက်တွေ လည်းအများကြီးဗျ။ ဒါကြောင့် ပုတ်ရင်ပေါ်တယ်။ ဟုတ်ရင် ကျော်တယ်လို့ စာဆိုရှိခဲ့တာ မဟုတ်ပေလားဗျာ။ တဖြည်းဖြည်းနဲ့ ပုတ်တာတွေ ပေါ်လာလိမ့်မယ်။ အချိန်တော့ စောင့်ရတာပေါ့။ ၂၀၁၅ နောက်ပိုင်းမှာ တခြား သားတော် သမီးတော်တွေ ဇာတ်လမ်းတွေ ဆက်လက် ပေါ်ထွက်လာပါဦးမယ်။ ကိုယ့်သားသမီး ကိုယ်ထိန်းပြီး အခုကတည်းက မတရားယူထား တာတွေရှိရင် စွန့်လွှတ်ကြဖို့နဲ့ မတော်မတရား လုပ်ရပ်တွေကို ခုအချိန်ကစပြီး ရပ်တန့်ဖို့ ခရာမှုတ် သတိပေး လိုက်ရပါတယ်ဗျာ။ လက်စောင်းထက် tomorrow ဂျာနယ် သမီးတော်ပြီးတော့ သားတော် ================= သမီးတော်တွေအကြောင်းချည်း ရေးနေတော့ သားတော်တွေက လိမ္မာသလို ဖြစ်နေတယ်။ သားတော်တွေကလည်း မထူးပါဘူး။ ပိုပြီးဆိုးတဲ့ ကိုသာဆိုးတွေပါပဲ။ သားတော် သုံးပါးမှာ နှစ်ပါးကပဲ လူရှေ့ထွက်ပြီး စီးပွားရေး လုပ်ပါတယ်။ သူတို့ကတော့ ဘုမ္မာစိုးတွေ စုတိကျပြီး လူဖြစ်လာသလား ထင်ရလောက်အောင် မြေတွေကို မက်မောကြပါတယ်။ မြန်မာနိုင်ငံအနှံ့က ကောင်းပေ့ညွှန့်ပေ့ဆိုတဲ့ မြေတွေ ဟာ သူတို့လက်ထဲမှာချည်းပါပဲ။ အဲဒီလို သူတို့လိုချင်တဲ့ မြေတွေကိုရရင်တော့ ဆောက်လုပ်ရေး လုပ်ငန်းကို သူတို့လက်သပ် မွေးထားတဲ့ မုတ်ဆိတ် ကုမ္ပဏီတစ်ခုနဲ့ တည်ဆောက်လေ့ ရှိကြပါတယ်။ သူတို့လိုချင်တဲ့ မြေနေရာတွေက တချို့က အစိုးရပိုင် ဖြစ်ပေမယ့် အသုံးမပြုဘဲ လွတ်နေတဲ့မြေတွေ ပါသလို လက်ရှိအစိုးရ ရုံးစိုက်ထားတဲ့ နေရာတွေကိုလည်း မလွတ်စတမ်း မိအောင်ဖမ်းဆိုသလို လိုချင်တာနဲ့ သံပြားကာပြီး ယူလေ့ရှိကြတယ်။ အရင်ခေတ်က ဘုရင်နှစ်သက်တဲ့ ကောင်မလေးတွေဆိုရင် အိမ်ရှေ့မှာ သဲဖြူခင်း ရာဇမတ် ကာလိုက်တာနဲ့ ဒီအိမ်က ကောင်မလေးဟာ ဘုရင့် ပစ္စည်း ဖြစ်သွားတာမျိုးပါပဲ။ ဒီလိုပဲ သံပြားကာ ဆေးသုတ်ပြီး သူတို့ယူသွားတဲ့ မြေတွေထဲကမှ ပြည်လမ်းမကြီးပေါ်က မြေတစ်ကွက်အကြောင်း ပြောပြချင်တယ်။ ဒီမြေကွက်ကတော့ အခု မာလာဆောင် ပြန်ဖြစ်သွားတဲ့ စီးပွားရေး တက္ကသိုလ် အမျိုးသမီးဆောင်နဲ့ မျက်စောင်းထိုးမှာပါ။ တစ်ခေတ်တစ်ခါက ကမာရွတ်မြို့နယ် ပြည်သူ့ကောင်စီရုံး၊ ဒီဘက် ခေတ်မှာ တော့ ကမာရွတ်မြို့နယ် ငြိမ်ဝပ်ပိပြားမှု အဖွဲ့ ရုံးစိုက်တဲ့ နေရာပါ။ အဲဒီနေရာကို အရင်ခေတ်က မာလာဆောင်က ကျောင်းသူတွေကို ရစ်တဲ့ အမျိုးသားတွေလည်း ရောက်ဖူးပါတယ်။ လက်ဖက်ရည်ဆိုင် ရှိလို့ပါ။ အဲဒီဆိုင်မှာပဲ ကျောင်းသားကျောင်းသူ စုံတွဲတွေ ထိုင်လေ့ရှိသလို မြို့နယ်အုပ်ချုပ်ရေးရုံးကိုလာတဲ့ စီးပွားရေးသမားတွေ၊ အမှုအခင်း ဖြစ်တဲ့သူတွေလည်း ထိုင်လို့ အလွန်စည်ကားတဲ့ လက်ဖက်ရည်ဆိုင်လေးပေါ့။ မြေကလည်း အကျယ်ကြီး ၂.၁၁ ဧကတောင် ရှိတယ်။ ပြည်လမ်းမကြီး ပေါ်မှာဆိုတော့ တန်ဖိုးက စဉ်းစားသာကြည့်ပေါ့ဗျာ။ အဲဒီနေရာရဲ့ အခုပေါက်ဈေးက တစ်ပေပတ်လည်ကို ငါးသိန်းတန် တယ်။ အဲဒီမြေကို အိမ်ရှေ့စံ သားတော်ကြီးနဲ့ သမီးတော်တွေက လိုချင်ပါတယ် ဆိုတော့ ပိုင်တဲ့ပြည်ထဲရေး ၀န်ကြီးဌာနကလည်း မြေကို စွန့်လွှတ်ပေးတယ်။ ပြီးတော့ ပိုင်ရှင်ဖြစ်တဲ့ အိုးအိမ် က အိမ်ရှေ့စံ သားတော်ကြီးကို ဘယ်လောက်နဲ့ လွှဲပေးလိုက်တယ် ထင်သလဲ။ စာဖတ်ပရိသတ်များ မှန်းကြည့်ကြပါ။ မှန်းနေလဲ အကြီးကြီးလွဲမယ့် အတူတူ လက်စောင်းထက်ကပဲ ဖော်ကောင်လုပ်လိုက်ပါ့မယ်။ မြန်မာ ငွေကျပ် သုံးသောင်းနဲ့ ပေးလိုက်တာပါ။ ဒီခေတ်ရော အရင်ခေတ်ကရော သင်္ချိုင်းက ခြောက်ပေသုံးပေ မြေတောင် ကျပ်သုံးသောင်းနဲ့ ၀ယ်မရပေမယ့် ပြည်လမ်းမကြီးပေါ်က မြေကွက်ကြီးကတော့ ကျပ်သုံးသောင်း နဲ့ ရသွားကြလေရဲ့။ ရတာနဲ့ အဲဒီ့ခြံကြီးကို ၀ုန်းဒိုင်းနဲ့ သွပ်ပြားတွေကာ၊ အထဲမှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ဆိုင်းမဆင့် ဘုံမဆင့် ၀င်ဖျက်ကြပါလေရော။ အဲဒီလက်ဖက်ရည်ဆိုင် ပိုင်ရှင် ကတော့ အဲဒီအချိန်မှာ တန်ခိုးထွား နေတဲ့ တပ်မတော် ထောက်လှမ်းရေး တပ်မှူးတစ်ဦးရဲ့ ညီပါပဲ။ သူက သူ့အစ်ကိုကို ဒီလိုဒီလိုတော့ ဖြစ်ကုန်ပြီ ပြောလိုက်တယ်။ ဒီတော့ ထောက်လှမ်းရေး တပ်မှူးက အဲဒီ့ အိမ်ရှေ့စံ သားတော်ကြီးဆီကို ဖုန်းကောက် ဆက်တယ်။ ကို...ရေ မင်းတို့မိသားစုကို ငါတို့ကြောက်ပါတယ်ကွာ။ မင်းတို့ ဒီမြေကို ယူသွားမှတော့ ငါတို့ဖယ်ပေးရမှာပေါ့။ ဒါပေမဲ့ လူကိုလူလိုတော့ ဆက်ဆံပါကွာလို့ ပြောလိုက်တယ် ဆိုတာ နားနဲ့ဆတ်ဆတ် ကြားရသူ တွေက ပြန်ပြောပြခဲ့တယ်။ အဲဒီလို ဖုန်းဆက်လည်း ဆက်တာပဲ ရှိတာပါ။ လက်ဖက်ရည်ဆိုင် ဖျက်သိမ်းရေးကို တော့ အိမ်ရှေ့စံက အလုပ်အပ်မယ့် မုတ်ဆိတ်တွေက ဆက်လက် ဆောင်ရွက်သွားကြပါတယ်။ အမှန်ကတော့ ဗိုလ်ချုပ်ကြီး ခင်ညွန့်လည်း လူကဲခတ် မှားတာဗျ။ မင်းသားမှတ်လို့ နန်းအပ်လိုက်တာ ဘီလူးကို နန်းအပ်မိရက်သား ဖြစ်သွားတော့ ဝေသာလီ တစ်ပြည်လုံး ပြုတ်ပြုတ်ပြုန်းပြီး အရိုးတွေ တောင်လိုပုံတဲ့ကိန်းလို ဖြစ်သွားတော့တာပါပဲ။ နောက်ဇာတ်လမ်းတွေကတော့ ၅၁သန်းသော ပြည်သူပြည်သားများ သိတဲ့အတိုင်း ငြမ်းသာ မဆောက် တတ်တာ ထီးတင်ပြီးရင် ငြင်းဖျက်တာ ကျွမ်းကျင်တဲ့ အာဏာရှင်ကြီးက သူ့ကို နန်းအပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို အရာချရုံမက ထောင်ထဲပါ သွတ်သွင်းခဲ့တာဟာ ဆုတ်ကပ်မှာ ၀ဋ်ဆိုတာ ဘ၀မကူးဘူးဆိုတာ လက်တွေ့ပြလိုက်သလိုပါပဲဗျာ။ အိမ်ရှေ့စံ သားတော်ကြီး ယူထားတဲ့ မြေတွေကို သိသလောက် ပြောပြရရင် အိုရီရင်တယ်ဟောက်စ်လို့ ခေါ်တဲ့ မြို့မကျောင်းလမ်းက စားသောက်ဆိုင် ကို တပ်မတော် ဆေးတပ်ရဲ့ မြေပေါ်မှာ ယူထားတယ်။ အရမ်း အချက်အချာကျတဲ့ မန္တလေး မျက်ပါးရပ်မှာ မြေတွေယူပြီး မုတ်ဆိတ်တွေနဲ့ပဲ ဆောက်လုပ်ရေး လုပ်ငန်း အကြီးအကျယ် လုပ်နေတယ်။ သူမပြောနဲ့ အာဏာရှင်ကြီးရဲ့ တပည့်ရင်း ထောက်လှမ်းရေး ဒုညွှန်ချုပ် ကျီးကန်းကြီးဆိုရင် သူ့နာမည်ရှေ့မှာ အိမ်တစ်ရာလို့ ဘွဲ့နာမ တပ်ခေါ်ရအောင် မြန်မာနိုင်ငံ တစ်ဝှမ်းမှာ အိမ်အလုံး ၁၀၀ ပိုင်ပါသတဲ့။ ဒီလိုဆိုရင် သားတော်တွေ၊ သမီးတော်တွေက ဒီထက်မက ပိုင်ဆိုင်တော့မှာပေါ့ဗျာ။ သူတို့ကို အတုယူပြီး အဲဒီခေတ်က အိုးအိမ် တာဝန်ရှိသူတွေက ကမာရွတ်မြို့နယ် အတွင်းက တဲပေါ် ကလူ တိုက်ပေါ်တင်တဲ့ စီမံကိန်းတွေ မှာ သူများမြေတွေကို သိမ်းပြီး စီမံကိန်း လည်း လုပ်၊ တချို့ မြေကွက်တွေ လည်း သူတို့အမည် ဖောက်ပြီး မောင်ပိုင်စီးထားတဲ့ မြေကွက်တွေ လည်းအများကြီးဗျ။ ဒါကြောင့် ပုတ်ရင်ပေါ်တယ်။ ဟုတ်ရင် ကျော်တယ်လို့ စာဆိုရှိခဲ့တာ မဟုတ်ပေလားဗျာ။ တဖြည်းဖြည်းနဲ့ ပုတ်တာတွေ ပေါ်လာလိမ့်မယ်။ အချိန်တော့ စောင့်ရတာပေါ့။ ၂၀၁၅ နောက်ပိုင်းမှာ တခြား သားတော် သမီးတော်တွေ ဇာတ်လမ်းတွေ ဆက်လက် ပေါ်ထွက်လာပါဦးမယ်။ ကိုယ့်သားသမီး ကိုယ်ထိန်းပြီး အခုကတည်းက မတရားယူထား တာတွေရှိရင် စွန့်လွှတ်ကြဖို့နဲ့ မတော်မတရား လုပ်ရပ်တွေကို ခုအချိန်ကစပြီး ရပ်တန့်ဖို့ ခရာမှုတ် သတိပေး လိုက်ရပါတယ်ဗျာ။ လက်စောင်းထက် tomorrow ဂျာနယ်

No comments: