Sunday, July 12, 2015

ကချင်ဒုက္ခသည်စခန်းများတွင် မဲပေးခွင့်ရှိသူ စာရင်းကောက်ပြီးသော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းထွက်ပြီးမှသာ ထုတ်ပြန်ကြေညာမည်ဟုဆို

ကချင်ဒုက္ခသည်စခန်းများတွင် မဲပေးခွင့်ရှိသူ စာရင်းကောက်ပြီးသော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းထွက်ပြီးမှသာ ထုတ်ပြန်ကြေညာမည်ဟုဆို ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅ လူဦးရေတည်ငြိမ်မှု မရှိသဖြင့် မဲပေးခွင့်ရှိသော ဒုက္ခသည်များစာရင်းကို လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းပြီး နောက်ပိုင်းမှ သာထုတ်ပြန်ကြေညာမည်ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။ အစိုးရထိန်းချုပ်နယ်မြေ တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်များ စာရင်းကို ကောက်ယူထားပြီးဖြစ်သော်လည်း လူဦးရေ မတည်ငြိမ်သဖြင့် အချက်အလက် သွင်းခြင်း မလုပ်ရသေးကြောင်း၊ သို့သော်အိမ်ထောင်စု စာရင်းရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မဲပေးခွင့်ရရှိမည်ဖြစ်၍ မစိုးရိမ်ကြရန် မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲအဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောသည်။ ‘‘ဒုက္ခသည်စခန်းတွေထဲမှာ တခြားနယ်က ရောက်တဲ့သူတွေ လည်းပါတော့ လူဦးရေက မငြိမ် နိုင်ဘူး။ သူတို့က ကိုယ့်ဒေသမှာ ရော၊ အခုနေတဲ့နေရာမှာရော မဲပေးခွင့် ရှိတဲ့သူတွေဆိုတော့ ရွေးချယ်စရာရှိနေတယ်။ အဲဒါကြောင့် လွှတ်တော်ကိုယ်စား လှယ်လောင်းစာရင်း ထွက်ပြီးမှ သာ စာရင်းသွင်းဖို့ လုပ်ထားတာပါ’’ဟု ဦးကျော်စိုးအောင်က ပြောသည်။ ကချင်ပြည်နယ်ရှိ အသက်(၁၈)နှစ်ကျော်သော ဒုက္ခသည် မည်သူမဆို မဲပေးခွင့်ရရှိမည်ဖြစ် ပြီး အပြောင်းအရွှေ့ရှိ၊ မရှိ စောင့် ကြည့်နေခြင်းကြောင့် မဲစာရင်း မ ကပ်ခြင်း ဖြစ်သော်လည်း လူဦးရေ စာရင်းကောက်ယူထားပြီး ဖြစ်သည်ဟု ဆိုသည်။ ဒုက္ခသည်အရေး ဆောင် ရွက်နေသည့် ကချင်နှစ်ခြင်းအ သင်းတော် (KBC)က ကောက်ယူ ထားသော စာရင်းအရ ကချင် ပြည်နယ် အစိုးရထိန်းချုပ်နယ် မြေအတွင်း ဒုက္ခသည်စခန်း ခြောက်ဆယ်ခန့်ရှိပြီး လူဦးရေ လေးသောင်းကျော်ရှိသည်ဟု ဆိုသည်။ ‘‘ဒုက္ခသည်စခန်း ငါးဆယ် ကျော်မှာ မဲပေးနိုင်တဲ့ (၁၈)နှစ် ပြည့်ပြီးသူက လူဦးရေ နှစ်သောင်း လောက် ရှိမယ်ထင်တယ်’’ဟု KBC အတွင်းရေးမှူးဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။မြန်မာ-တရုတ်နယ်စပ်တစ် လျှောက်တွင် နေထိုင်သူ ဒုက္ခ သည် ခုနစ်သောင်းကျော်ရှိပြီး သုံး သောင်းခွဲခန့်မှာ မဲပေးနိုင်သည့် အသက်အရွယ်ရှိကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။ ဒုက္ခသည်များ မဲပေးခွင့်ရှိ သည့် အခွင့်အရေး ပိုင်ဆိုင်ထား သော်လည်း မဲပေးရမည့် အခြေခံ စည်းမျဉ်းအချက်များကိုသိရှိသူ နည်းပါးကာ ယခုအချိန်ထိ မည်သို့ မဲပေးရမည်ကို မသိရှိသေးကြောင်း၊မဲပေးခွင့်ကိုမူ စိတ်ဝင်စားမှုရှိ ကြောင်း ၎င်းကပြောသည်။ ဒုက္ခသည်စခန်းများရှိ အ သက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေး ခွင့်ရှိသည်ဟု အကြောင်းကြား ပြောဆိုထားကြောင်း မြစ်ကြီးနား ခရိုင်ကော်မရှင် အတွင်းရေးမှူးက ပြောသည်။ မြစ်ကြီးနားခရိုင် အတွင်းရှိ ဒုက္ခသည်စခန်း ၃၇ ခုတွင် ဒုက္ခသည်ပေါင်း တစ်သောင်း နှစ်ထောင်ကျော်ရှိပြီး အသက်(၁၂) နှစ် အထက် ဒုက္ခသည် ခုနစ်ထောင်ကျော်၊ အသက်(၁၂)နှစ်အောက် ဒုက္ခသည် လေးထောင်ကျော်ရှိ ကြောင်း မြစ်ကြီးနားခရိုင် ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ 7 Day ကချင်ဒုက္ခသည်စခန်းများတွင် မဲပေးခွင့်ရှိသူ စာရင်းကောက်ပြီးသော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းထွက်ပြီးမှသာ ထုတ်ပြန်ကြေညာမည်ဟုဆို ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅ လူဦးရေတည်ငြိမ်မှု မရှိသဖြင့် မဲပေးခွင့်ရှိသော ဒုက္ခသည်များစာရင်းကို လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းပြီး နောက်ပိုင်းမှ သာထုတ်ပြန်ကြေညာမည်ဟု ကချင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိသည်။ အစိုးရထိန်းချုပ်နယ်မြေ တွင် ဖွင့်လှစ်ထားသော ဒုက္ခသည်များ စာရင်းကို ကောက်ယူထားပြီးဖြစ်သော်လည်း လူဦးရေ မတည်ငြိမ်သဖြင့် အချက်အလက် သွင်းခြင်း မလုပ်ရသေးကြောင်း၊ သို့သော်အိမ်ထောင်စု စာရင်းရှိသည်ဖြစ်စေ၊ မရှိသည် ဖြစ်စေ မဲပေးခွင့်ရရှိမည်ဖြစ်၍ မစိုးရိမ်ကြရန် မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲအဖွဲ့ခွဲအတွင်းရေးမှူး ဦးကျော်စိုးအောင်က ပြောသည်။ ‘‘ဒုက္ခသည်စခန်းတွေထဲမှာ တခြားနယ်က ရောက်တဲ့သူတွေ လည်းပါတော့ လူဦးရေက မငြိမ် နိုင်ဘူး။ သူတို့က ကိုယ့်ဒေသမှာ ရော၊ အခုနေတဲ့နေရာမှာရော မဲပေးခွင့် ရှိတဲ့သူတွေဆိုတော့ ရွေးချယ်စရာရှိနေတယ်။ အဲဒါကြောင့် လွှတ်တော်ကိုယ်စား လှယ်လောင်းစာရင်း ထွက်ပြီးမှ သာ စာရင်းသွင်းဖို့ လုပ်ထားတာပါ’’ဟု ဦးကျော်စိုးအောင်က ပြောသည်။ ကချင်ပြည်နယ်ရှိ အသက်(၁၈)နှစ်ကျော်သော ဒုက္ခသည် မည်သူမဆို မဲပေးခွင့်ရရှိမည်ဖြစ် ပြီး အပြောင်းအရွှေ့ရှိ၊ မရှိ စောင့် ကြည့်နေခြင်းကြောင့် မဲစာရင်း မ ကပ်ခြင်း ဖြစ်သော်လည်း လူဦးရေ စာရင်းကောက်ယူထားပြီး ဖြစ်သည်ဟု ဆိုသည်။ ဒုက္ခသည်အရေး ဆောင် ရွက်နေသည့် ကချင်နှစ်ခြင်းအ သင်းတော် (KBC)က ကောက်ယူ ထားသော စာရင်းအရ ကချင် ပြည်နယ် အစိုးရထိန်းချုပ်နယ် မြေအတွင်း ဒုက္ခသည်စခန်း ခြောက်ဆယ်ခန့်ရှိပြီး လူဦးရေ လေးသောင်းကျော်ရှိသည်ဟု ဆိုသည်။ ‘‘ဒုက္ခသည်စခန်း ငါးဆယ် ကျော်မှာ မဲပေးနိုင်တဲ့ (၁၈)နှစ် ပြည့်ပြီးသူက လူဦးရေ နှစ်သောင်း လောက် ရှိမယ်ထင်တယ်’’ဟု KBC အတွင်းရေးမှူးဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။မြန်မာ-တရုတ်နယ်စပ်တစ် လျှောက်တွင် နေထိုင်သူ ဒုက္ခ သည် ခုနစ်သောင်းကျော်ရှိပြီး သုံး သောင်းခွဲခန့်မှာ မဲပေးနိုင်သည့် အသက်အရွယ်ရှိကြောင်း ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။ ဒုက္ခသည်များ မဲပေးခွင့်ရှိ သည့် အခွင့်အရေး ပိုင်ဆိုင်ထား သော်လည်း မဲပေးရမည့် အခြေခံ စည်းမျဉ်းအချက်များကိုသိရှိသူ နည်းပါးကာ ယခုအချိန်ထိ မည်သို့ မဲပေးရမည်ကို မသိရှိသေးကြောင်း၊မဲပေးခွင့်ကိုမူ စိတ်ဝင်စားမှုရှိ ကြောင်း ၎င်းကပြောသည်။ ဒုက္ခသည်စခန်းများရှိ အ သက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေး ခွင့်ရှိသည်ဟု အကြောင်းကြား ပြောဆိုထားကြောင်း မြစ်ကြီးနား ခရိုင်ကော်မရှင် အတွင်းရေးမှူးက ပြောသည်။ မြစ်ကြီးနားခရိုင် အတွင်းရှိ ဒုက္ခသည်စခန်း ၃၇ ခုတွင် ဒုက္ခသည်ပေါင်း တစ်သောင်း နှစ်ထောင်ကျော်ရှိပြီး အသက်(၁၂) နှစ် အထက် ဒုက္ခသည် ခုနစ်ထောင်ကျော်၊ အသက်(၁၂)နှစ်အောက် ဒုက္ခသည် လေးထောင်ကျော်ရှိ ကြောင်း မြစ်ကြီးနားခရိုင် ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ 7 Day

No comments: