Sunday, July 12, 2015

မြစ်ကြီးနားထောင်သို့ပို့မည့် အချုပ်ကား တိုက်ခိုက်ခံရမှုကြောင့် အရပ်သားတစ်ဦး သေဆုံး

မြစ်ကြီးနားထောင်သို့ပို့မည့် အချုပ်ကား တိုက်ခိုက်ခံရမှုကြောင့် အရပ်သားတစ်ဦး သေဆုံး ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅ ဖားကန့်ရဲစခန်းအချုပ်မှ အချုပ်တရားခံများကို မြစ်ကြီးနား ထောင်သို့ ကားဖြင့်ပို့ဆောင်စဉ် ကေအိုင်အေက လမ်းမှစောင့်ကာ တိုက်ခိုက်သောကြောင့် အရပ်သားတစ်ဦးသေဆုံးကာ ခုနစ်ဦးဒဏ်ရာရခဲ့သည်ဟု သတင်းရရှိသည်။ ဖားကန့်မြို့နယ် ကာမိုင်းရဲ စခန်းပိုင်နယ်မြေဖြစ်သည့် နမ့် ယားနှင့် နမ့်တိန်းကျေးရွာကြား တွင် ဇူလိုင် ၁၀ ရက်နေ့လယ် ၁၂ နာရီခန့်က တိုက်ခိုက်ခံခဲ့ရခြင်းဖြစ် ပြီး အချုပ်ကားယာဉ်မောင်း ဦး အေးမော်၏ နဖူးကိုသေနတ်မှန် ကာသေဆုံးသွားခဲ့သည်ဟု ဒေသ တွင်းရဲတပ်ဖွဲ့က အတည်ပြု သည်။လက်နက်ကြီးကြောင့် လွင့် စဉ်လာသည့်ယမ်းစများ မှန်ကာ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးလည်း ဒဏ် ရာရခဲ့သည်ဟု သတင်းရရှိသည်။ ဖားကန့်ရဲစခန်းအချုပ်မှ ထောင်ဒဏ်အမိန့်ချမှတ်ပြီးသား အချုပ်သား ၄၉ ဦးနှင့် ဖားကန့် ဒေသတွင် တာဝန်ကျနေသည့် ရဲ တပ်ဖွဲ့ဝင်အင်အား ၂၀၀ ကျော် ကို မြစ်ကြီးနားသို့ယာဉ်ရှစ်စီးဖြင့် ပို့စဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည် ဟု ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးကပြောသည်။ ‘‘တရားခံတွေက အမိန့်ကျ ပြီးသား။ ရဲတပ်ဖွဲ့ဝင်တွေက လည်း ရဲတပ်ရင်းချင်းချိန်းဖို့အ တွက် မြစ်ကြီးနားကိုပြန်တာ။ လမ်းမှာစောင့်အပစ်ခံရတာ’’ဟု အဆိုပါရဲအရာရှိကပြောသည်။ တိုက်ခိုက်ခံရပြီးနောက် မိ နစ်ပိုင်းအကြာတွင် အစိုးရတပ်မ တော်ရောက်လာခဲ့ပြီး နှစ်ဖက် တိုက်ပွဲများဖြစ်ပွားသည်ဟု သ တင်းရရှိသည်။ တပ်မတော်လုံခြုံ ရေးအစောင့်ဖြင့် ယင်းနေရာမှ ထွက်ခွာနိုင်ခဲ့ပြီး နမ့်ယားနှင့်နမ့် တိန်းကျေးရွာကြားတွင် တိုက်ပွဲ များဆက်လက်ဖြစ်ပွားနေသည် ဟု ဒေသတွင်းရဲတပ်ဖွဲ့ထံမှ သ တင်းရရှိသည်။ သေဆုံးသွားသော ယာဉ် မောင်းတွင် ဇနီးနှင့် (၄)နှစ်နှင့် (၈)နှစ်အရွယ်သမီးနှစ်ဦးကျန် ရစ်ကာ နေပြည်တော်ရဲတပ်ဖွဲ့က ကျန်ရစ်သူမိသားစုကိုလိုအပ်သော ထောက်ပံ့မှုများပေးမည်ဟု သ တင်းရရှိသည်။ 7 Day

No comments: