Friday, July 10, 2015

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော်*--

ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော်*-- ****----- ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ရှင်ကို ရိုက်ကူးဖို့ လိုက်ပြီးစည်းရုံး နေတယ်ဆိုတာဟာ ဘယ်လောက်ထိ ကြီးမားတဲ့ ပြစ်မှုလဲဆိုတာ သိသလား။ သိချင်တာပေါ့။ သိတ်သိချင်တာပေါ့။ ပြောပြစမ်းပါ။ (ဒေါ်) အောင်ဆန်းစုကြည်က ဒါကိုခုတုံးလုပ်ပြီး နိုင်ငံရေး အသာစီး ယူသွားမယ်ဆိုတာ သိသလား။ သိချင်တာပေါ့။ သိပ်သိချင်တာပေါ့။ ပြောပြစမ်းပါ။ ခန်းမကြီးထဲမှာ ဗိုလ်မှူးကြီး ဆိုတဲ့လူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်းရယ်။ အအေးခန်းထဲမှာ သူချွေးတွေ ပျံနေလေရဲ့။ သနားလိုက်တာ။ သူ ဗိုလ်ချုပ်အောင်ဆန်းကို ကောင်းကောင်း သိပါတယ်။ သူဘာကြောင့် သည်လို စကားတွေ ပြောနေရတယ် ဆိုတာကိုလဲ သူကောင်းကောင်း သိပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးရခြင်းရဲ့ လက္ခဏာကို ကျွန်တော် ကောင်းကောင်း မြင်နေရပါပြီ။ သနားလိုက်တာ။ သူဘာပြောပြော ကျွန်တော့ တုန့်ပြန်မှုတွေက သူ့အရှိုက်ကို ပင့်ကာပင့်ကာ ထိုးနေသလို ဖြစ်နေတာပေါ့။ မတတ်နိုင်ပါဘူး။ မတတ်နိုင်ဘူးလေ။ ကျွန်တော်က ဒီလိုပဲ တုန့်ပြန်ရမှာပ။ ဗိုလ်ချုပ် အောင်ဆန်းဆိုတာ အမျိုးသား ခေါင်းဆောင်။ လူထုခေါင်းဆောင်၊ တပ်မတော်ဖခင်၊ ဒီလို အာဇာနည်ကြီး တစ်ယောက် အကြောင်းကို ရုပ်ရှင်ရိုက်ဖို့ ကျွန်တော် ကြိုးစားတာဟာ နိုင်ငံတော်ကို အကြည်အညို ပျက်စေမှုလို့များ ခေါင်းစဉ်တပ်လိုက် ရင်လဲ သေဒဏ်သာ ချလိုက်ပါ။ ကျေကျေနပ်နပ်ကြီး ခံလိုက်ပါမယ်လို့ ပြန်ပြောလိုက်တဲ့အခါ အဲဒီ ဗိုလ်မှူးကြီးဟာ ကျွန်တော့ကို ဘာပြန် ဖြေရမှန်း မသိရှာခဲ့ပါဘူး။ (အခု ဒီစာကိုရေးနေချိန် ပြည်သူ့လွှတ်တော်ထဲမှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုပွဲ လုပ်နေပါတယ်။ အဲဒီ ဗိုလ်မှူးကြီးကို ကြည့်စေ ချင်လိုက်တာ။ တစ်နိုင်ငံလုံး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုနေကြပါတယ်။ အဲဒီဗိုလ်မှူးကြီးကို မြင်စေချင်ပါတယ်) ကျွန်တော့မှာတော့ အဲဒီခန်းမကြီးထဲက ထွက်လာချိန်မှာ အနုပညာ လုပ်ငန်းများ လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံခဲ့ရပါတယ်။ တိုတို ပြောရရင် အနုပညာ အလုပ်နဲ့ ထမင်းရှာစားလို့ မရတော့ဘူးပေါ့။ ကျွန်တော့် မိသားစုကို ဘယ်လို ကျွေးရပါ့။ ကျွန်တော့်သားနဲ့ သမီးကို ပညာဘယ်လို သင်ပေးရပါ့။ ဒါတွေကို ခုလိုရေးပြနေတာဟာ အဲဒီအချိန်တုန်းက ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဆိုတာကြီးက ဘယ်ဘက်က ရပ်တည်ခဲ့တာလဲတဲ့။ ဇာဂနာဘက်က မရပ်ပါနဲ့။ အစိုးရဘက်ကလဲ မရပ်ပါနဲ့။ အမှန်တရားဘက်က ရပ်ဖို့ပဲ လိုတာပါ။ ခုကျမှ (အဲဒီတုန်းက လူတွေက) သတ္တိတွေ ထောင်းလမောင်း ထပြနေတာကိုတော့ ကျွန်တော့် အနေနဲ့ ရွံရှာတာ အမှန်ပါပဲ။ ထားပါတော့။ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ကနေ ဘေးရောက်ကုန်ပါ့မယ်။ ကျွန်တော် ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်လို့ သိသင့်ပါသင့်တာ မှန်သမျှကို ဟိုဟိုဒီဒီကနေ စုဆောင်း ရပါတယ်။ အဲဒီမှာ စိတ်ကူးတစ်ခု ရလိုက်ပါတယ်။ ဘာလဲဆိုတော့ Blogပေါ်တင်ပြီး ဇာတ်ညွှန်း ရေးလိုက်မယ်ပေါ့။ ဒါဆို စိတ်ဝင်စားသူ မည်သူမဆို ပူးပေါင်း ပါဝင်လို့ရမယ်။ တစ်ခါ စုထားဆောင်းထားတဲ့ လူတွေလည်း ပေါ်လာနိုင်တယ်ပေါ့။ ဒီစိတ်ကူး အတိုင်းပဲ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ညွှန်းကို စပြီး ရေးတင်တော့တာပါပဲ။ တစ်ခါဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ သီချင်းတွေကိုပါ ရေးတင်လိုက်ပါတယ်။ ဒီမှာနိုင်ငံခြား အသံလွှင့် ဌာနတွေက စိတ်ဝင်စားပြီး ကျွန်တော့ကို လှမ်းအင်တာဗျူးပါတယ်။ ကျွန်တော်လဲ ကျွန်တော့် အိပ်မက်ကို ရှင်းပြရတာပေါ့။ (ဒီအင်တာဗျူးကို ဒေါ်အောင်ဆန်းစုကြည်လဲ နားထောင် လိုက် ရတယ်လို့ နောင်တော့ ပြောပြပါတယ်) ဒါနဲ့ပဲ ကျွန်တော်ဗိုလ်ချုပ် ဇာတ်ညွှန်း ရေးလိုက် တင်လိုက် လုပ်နေခဲ့တာ ၂၀၀၇ သံဃာ့ အရေးတော်ပုံကြီး ပေါ်လာတော့ တန်းရပ် သွားတော့ တာပါပဲ။ ကျွန်တော်လဲ အဖမ်းခံရလို့ ထောင်ထဲ ရောက်သွားတာကိုး။ အဲဒီနောက် နာဂစ်မုန်တိုင်း ဖြစ်တဲ့အခါ ထပ်အဖမ်းခံ ရပြန်တော့ ကျွန်တော့် ဗိုလ်ချုပ် ဇာတ်ညွှန်းဟာ ရှေ့မဆက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် ကျွန်တော်ထောင်က ပြန်လွတ်လာပြီးတဲ့အခါ ဗိုလ်ချုပ်ရုပ်ရှင် အိပ်မက်ဟာ တခါ ပြန်နိုးထလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝန်းထဲမှာ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင် တွေနဲ့ တွေ့ဆုံပွဲ လုပ်တဲ့အခါမှာ အန်တီက ဗိုလ်ချုပ်ရုပ်ရှင်ကို Feature Film ရိုက်ချင်လို့ ၀ိုင်းကူ ကြဖို့ ထုတ်ပြော လိုက်ပါတယ်။ အားလုံး တက်တက်ကြွကြွနဲ့ တစ်ယောက် တစ်ခွန်း အကြံပြုလိုက်ကြရင်းက ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဆိုတာ ပေါ်ပေါက် လာခဲ့ပါတော့တယ်။ ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရဲ့ အစည်းအဝေးကို ဆာကူရာတာဝါ ထိပ်ဆုံးက ကော်ဖီဆိုင်မှာ လုပ်ခဲ့တာပါ။ ပထမဆုံး အရေးကြီးတာက ရန်ပုံငွေ၊ ဒုတိယက ဇာတ်ညွှန်းဆိုပြီး ဒီနှစ်ခု ဘယ်လိုလုပ်ကြမယ်ဆိုတာ စတိုင်ပင်ပါတယ်။ ဘကြီးမိုး (ဦးမိုးသူ)က ရန်ပုံငွေ ကိစ္စ ထည့်မစဉ်းစားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်က အပြည့်အ၀ တာဝန်ယူလိမ့်မယ်လို့ ပြောလာတဲ့အခါမှာ ကျွန်တော်တို့ အနုပညာ အရေးကိစ္စတွေကိုပဲ ဦးစားပေး စဉ်းစားဖို့ ဆုံးဖြတ်လိုက် ပါတယ်။ ဒါပေမဲ့ အဖွဲ့ရုံးခန်းလေး တစ်ခုတော့ ရှိသင့်တယ်လို့ ကျွန်တော်တို့ စဉ်းစားမိတဲ့အခါ ရုံးခန်းရှာဖို့ပါ တာဝန်က ပိုလာပါတယ်။ အန်တီ့ရဲ့ အတွင်းဝန်လို ဖြစ်နေတဲ့ ဦးခွန်သာမြင့်ကို ပြောပြလိုက်တော့ အန်တီ့ကို ပြောပြီး အခန်းတစ်ခန်းရအောင် လုပ်ပေးမယ်လို့ ဆိုလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဖွဲ့သားတွေက အခန်းမလိုချင်၊ ခြံဝန်းနဲ့ ရုံးခန်းမျိုး လိုချင်တယ်လို့ ဆိုလာတဲ့ အခါမှာတော့ စီစဉ်ပေးရမဲ့ ကျွန်တော့်မှာ တော်တော် အကြံအိုက်သွားပါတော့တယ်။ ကိုယ်တိုင်တောင် နေစရာ ခြံမရှိသူက ဘယ်လိုလုပ်ပြီး ခြံနဲ့ဝန်းကို ရှာနိုင်မှာတဲ့လဲ။ ဒုတိယ အကြိမ် အစည်းအဝေး လုပ်တော့ ကိုမော်လင်းတို့ရဲ့ ဆူးလေအိမ် ဂယ်လာရီမှာပါ။ ဒီမှာတော့ ဖြစ်နိုင်ခြေ အရှိဆုံးနဲ့ ဦးစား အပေးသင့်ဆုံး လုပ်ငန်းစဉ်တွေချပြီး တန်းစီ လုပ်ဖို့ ဆုံးဖြတ်တဲ့အခါ (၁) ဆရာကြီး ဒဂုန်တာရာကို တွေ့ပြီး အင်တာဗျူးဖို့ (၂) ဗိုလ်ရဲထွဋ်ကို အင်တာဗျူးဖို့  (၃) သမိုင်းပညာရှင်များနဲ့ တွေ့ဆုံပြီး သမိုင်းဆိုင်ရာ အချက်အလက်တွေ မမှားရအောင် လုပ်ဆောင်ဖို့ ဆိုတာတွေ ပါလာပါတော့တယ်။ နိုင်ငံတကာက ပညာရှင်တွေ၊ ထုတ်လုပ်သူတွေနဲ့ တိုင်ပင်ဖို့ အကူအညီတောင်းဖို့ ကိစ္စတွေက လည်း ထိပ်ဆုံးက ပါတာပေါ့။ ခက်နေတာက ကျွန်တော်က ဘယ်နိုင်ငံမှ မရောက်ဖူးဘူး။ အန်တီက ဇွတ်တာဝန်ပေးလို့သာ အဖွဲ့ရဲ့ အတွင်းရေးမှူး ရာထူး ယူလိုက်ရတာပါ။ ဒီတော့ အမေရိကန် သံရုံး ပြန်ကြားရေး က လူတွေဆီ အကူအညီတောင်း၊ အင်္ဂလန်သံရုံးက လူတွေဆီ အကူအညီတောင်း၊ ပြင်သစ် သံအမတ်ကိုပါ နားပူနားဆာ လုပ်ရပါတော့တယ်။ ဖြစ်ချင်တော့ ကျွန်တော့် ပထမဆုံး နိုင်ငံခြား ခရီးစဉ်က ဘန်ကောက်နဲ့ ဖနွမ်းပင်။ ဒီတော့ ဘန်ကောက်က ရုပ်ရှင် ပညာရှင်တွေ ကမ္ဘောဒီးယား ရောက်နေတဲ့ ဂျာမန်ရုပ်ရှင် ဆရာတွေနဲ့ တွေ့ခွင့်ရမယ်လို့ သိလိုက်တဲ့အခါ တော်တော် ပျော်သွားခဲ့တာ အမှန်ပါ။ ဒါပေမဲ့ တကယ်တမ်း သူတို့နဲ့ တွေ့လိုက်တဲ့ အခါမှာတော့….. ဆက်ရန် ဇာဂနာ ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ကျွန်တော်*-- ****----- ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ရှင်ကို ရိုက်ကူးဖို့ လိုက်ပြီးစည်းရုံး နေတယ်ဆိုတာဟာ ဘယ်လောက်ထိ ကြီးမားတဲ့ ပြစ်မှုလဲဆိုတာ သိသလား။ သိချင်တာပေါ့။ သိတ်သိချင်တာပေါ့။ ပြောပြစမ်းပါ။ (ဒေါ်) အောင်ဆန်းစုကြည်က ဒါကိုခုတုံးလုပ်ပြီး နိုင်ငံရေး အသာစီး ယူသွားမယ်ဆိုတာ သိသလား။ သိချင်တာပေါ့။ သိပ်သိချင်တာပေါ့။ ပြောပြစမ်းပါ။ ခန်းမကြီးထဲမှာ ဗိုလ်မှူးကြီး ဆိုတဲ့လူနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်းရယ်။ အအေးခန်းထဲမှာ သူချွေးတွေ ပျံနေလေရဲ့။ သနားလိုက်တာ။ သူ ဗိုလ်ချုပ်အောင်ဆန်းကို ကောင်းကောင်း သိပါတယ်။ သူဘာကြောင့် သည်လို စကားတွေ ပြောနေရတယ် ဆိုတာကိုလဲ သူကောင်းကောင်း သိပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးရခြင်းရဲ့ လက္ခဏာကို ကျွန်တော် ကောင်းကောင်း မြင်နေရပါပြီ။ သနားလိုက်တာ။ သူဘာပြောပြော ကျွန်တော့ တုန့်ပြန်မှုတွေက သူ့အရှိုက်ကို ပင့်ကာပင့်ကာ ထိုးနေသလို ဖြစ်နေတာပေါ့။ မတတ်နိုင်ပါဘူး။ မတတ်နိုင်ဘူးလေ။ ကျွန်တော်က ဒီလိုပဲ တုန့်ပြန်ရမှာပ။ ဗိုလ်ချုပ် အောင်ဆန်းဆိုတာ အမျိုးသား ခေါင်းဆောင်။ လူထုခေါင်းဆောင်၊ တပ်မတော်ဖခင်၊ ဒီလို အာဇာနည်ကြီး တစ်ယောက် အကြောင်းကို ရုပ်ရှင်ရိုက်ဖို့ ကျွန်တော် ကြိုးစားတာဟာ နိုင်ငံတော်ကို အကြည်အညို ပျက်စေမှုလို့များ ခေါင်းစဉ်တပ်လိုက် ရင်လဲ သေဒဏ်သာ ချလိုက်ပါ။ ကျေကျေနပ်နပ်ကြီး ခံလိုက်ပါမယ်လို့ ပြန်ပြောလိုက်တဲ့အခါ အဲဒီ ဗိုလ်မှူးကြီးဟာ ကျွန်တော့ကို ဘာပြန် ဖြေရမှန်း မသိရှာခဲ့ပါဘူး။ (အခု ဒီစာကိုရေးနေချိန် ပြည်သူ့လွှတ်တော်ထဲမှာ ဗိုလ်ချုပ်ကို ဂုဏ်ပြုပွဲ လုပ်နေပါတယ်။ အဲဒီ ဗိုလ်မှူးကြီးကို ကြည့်စေ ချင်လိုက်တာ။ တစ်နိုင်ငံလုံး ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုနေကြပါတယ်။ အဲဒီဗိုလ်မှူးကြီးကို မြင်စေချင်ပါတယ်) ကျွန်တော့မှာတော့ အဲဒီခန်းမကြီးထဲက ထွက်လာချိန်မှာ အနုပညာ လုပ်ငန်းများ လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံခဲ့ရပါတယ်။ တိုတို ပြောရရင် အနုပညာ အလုပ်နဲ့ ထမင်းရှာစားလို့ မရတော့ဘူးပေါ့။ ကျွန်တော့် မိသားစုကို ဘယ်လို ကျွေးရပါ့။ ကျွန်တော့်သားနဲ့ သမီးကို ပညာဘယ်လို သင်ပေးရပါ့။ ဒါတွေကို ခုလိုရေးပြနေတာဟာ အဲဒီအချိန်တုန်းက ကျွန်တော်တို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဆိုတာကြီးက ဘယ်ဘက်က ရပ်တည်ခဲ့တာလဲတဲ့။ ဇာဂနာဘက်က မရပ်ပါနဲ့။ အစိုးရဘက်ကလဲ မရပ်ပါနဲ့။ အမှန်တရားဘက်က ရပ်ဖို့ပဲ လိုတာပါ။ ခုကျမှ (အဲဒီတုန်းက လူတွေက) သတ္တိတွေ ထောင်းလမောင်း ထပြနေတာကိုတော့ ကျွန်တော့် အနေနဲ့ ရွံရှာတာ အမှန်ပါပဲ။ ထားပါတော့။ ဗိုလ်ချုပ် အောင်ဆန်းရုပ်ရှင်ကနေ ဘေးရောက်ကုန်ပါ့မယ်။ ကျွန်တော် ဗိုလ်ချုပ်ရုပ်ရှင်နဲ့ ပတ်သက်လို့ သိသင့်ပါသင့်တာ မှန်သမျှကို ဟိုဟိုဒီဒီကနေ စုဆောင်း ရပါတယ်။ အဲဒီမှာ စိတ်ကူးတစ်ခု ရလိုက်ပါတယ်။ ဘာလဲဆိုတော့ Blogပေါ်တင်ပြီး ဇာတ်ညွှန်း ရေးလိုက်မယ်ပေါ့။ ဒါဆို စိတ်ဝင်စားသူ မည်သူမဆို ပူးပေါင်း ပါဝင်လို့ရမယ်။ တစ်ခါ စုထားဆောင်းထားတဲ့ လူတွေလည်း ပေါ်လာနိုင်တယ်ပေါ့။ ဒီစိတ်ကူး အတိုင်းပဲ ကျွန်တော် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ညွှန်းကို စပြီး ရေးတင်တော့တာပါပဲ။ တစ်ခါဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ သီချင်းတွေကိုပါ ရေးတင်လိုက်ပါတယ်။ ဒီမှာနိုင်ငံခြား အသံလွှင့် ဌာနတွေက စိတ်ဝင်စားပြီး ကျွန်တော့ကို လှမ်းအင်တာဗျူးပါတယ်။ ကျွန်တော်လဲ ကျွန်တော့် အိပ်မက်ကို ရှင်းပြရတာပေါ့။ (ဒီအင်တာဗျူးကို ဒေါ်အောင်ဆန်းစုကြည်လဲ နားထောင် လိုက် ရတယ်လို့ နောင်တော့ ပြောပြပါတယ်) ဒါနဲ့ပဲ ကျွန်တော်ဗိုလ်ချုပ် ဇာတ်ညွှန်း ရေးလိုက် တင်လိုက် လုပ်နေခဲ့တာ ၂၀၀၇ သံဃာ့ အရေးတော်ပုံကြီး ပေါ်လာတော့ တန်းရပ် သွားတော့ တာပါပဲ။ ကျွန်တော်လဲ အဖမ်းခံရလို့ ထောင်ထဲ ရောက်သွားတာကိုး။ အဲဒီနောက် နာဂစ်မုန်တိုင်း ဖြစ်တဲ့အခါ ထပ်အဖမ်းခံ ရပြန်တော့ ကျွန်တော့် ဗိုလ်ချုပ် ဇာတ်ညွှန်းဟာ ရှေ့မဆက်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၁၁ ခုနှစ် ကျွန်တော်ထောင်က ပြန်လွတ်လာပြီးတဲ့အခါ ဗိုလ်ချုပ်ရုပ်ရှင် အိပ်မက်ဟာ တခါ ပြန်နိုးထလာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝန်းထဲမှာ ရုပ်ရှင်အနုပညာရှင် အတတ်ပညာရှင် တွေနဲ့ တွေ့ဆုံပွဲ လုပ်တဲ့အခါမှာ အန်တီက ဗိုလ်ချုပ်ရုပ်ရှင်ကို Feature Film ရိုက်ချင်လို့ ၀ိုင်းကူ ကြဖို့ ထုတ်ပြော လိုက်ပါတယ်။ အားလုံး တက်တက်ကြွကြွနဲ့ တစ်ယောက် တစ်ခွန်း အကြံပြုလိုက်ကြရင်းက ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး အဖွဲ့ဆိုတာ ပေါ်ပေါက် လာခဲ့ပါတော့တယ်။ ပထမဆုံး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရဲ့ အစည်းအဝေးကို ဆာကူရာတာဝါ ထိပ်ဆုံးက ကော်ဖီဆိုင်မှာ လုပ်ခဲ့တာပါ။ ပထမဆုံး အရေးကြီးတာက ရန်ပုံငွေ၊ ဒုတိယက ဇာတ်ညွှန်းဆိုပြီး ဒီနှစ်ခု ဘယ်လိုလုပ်ကြမယ်ဆိုတာ စတိုင်ပင်ပါတယ်။ ဘကြီးမိုး (ဦးမိုးသူ)က ရန်ပုံငွေ ကိစ္စ ထည့်မစဉ်းစားဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်က အပြည့်အ၀ တာဝန်ယူလိမ့်မယ်လို့ ပြောလာတဲ့အခါမှာ ကျွန်တော်တို့ အနုပညာ အရေးကိစ္စတွေကိုပဲ ဦးစားပေး စဉ်းစားဖို့ ဆုံးဖြတ်လိုက် ပါတယ်။ ဒါပေမဲ့ အဖွဲ့ရုံးခန်းလေး တစ်ခုတော့ ရှိသင့်တယ်လို့ ကျွန်တော်တို့ စဉ်းစားမိတဲ့အခါ ရုံးခန်းရှာဖို့ပါ တာဝန်က ပိုလာပါတယ်။ အန်တီ့ရဲ့ အတွင်းဝန်လို ဖြစ်နေတဲ့ ဦးခွန်သာမြင့်ကို ပြောပြလိုက်တော့ အန်တီ့ကို ပြောပြီး အခန်းတစ်ခန်းရအောင် လုပ်ပေးမယ်လို့ ဆိုလာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အဖွဲ့သားတွေက အခန်းမလိုချင်၊ ခြံဝန်းနဲ့ ရုံးခန်းမျိုး လိုချင်တယ်လို့ ဆိုလာတဲ့ အခါမှာတော့ စီစဉ်ပေးရမဲ့ ကျွန်တော့်မှာ တော်တော် အကြံအိုက်သွားပါတော့တယ်။ ကိုယ်တိုင်တောင် နေစရာ ခြံမရှိသူက ဘယ်လိုလုပ်ပြီး ခြံနဲ့ဝန်းကို ရှာနိုင်မှာတဲ့လဲ။ ဒုတိယ အကြိမ် အစည်းအဝေး လုပ်တော့ ကိုမော်လင်းတို့ရဲ့ ဆူးလေအိမ် ဂယ်လာရီမှာပါ။ ဒီမှာတော့ ဖြစ်နိုင်ခြေ အရှိဆုံးနဲ့ ဦးစား အပေးသင့်ဆုံး လုပ်ငန်းစဉ်တွေချပြီး တန်းစီ လုပ်ဖို့ ဆုံးဖြတ်တဲ့အခါ (၁) ဆရာကြီး ဒဂုန်တာရာကို တွေ့ပြီး အင်တာဗျူးဖို့ (၂) ဗိုလ်ရဲထွဋ်ကို အင်တာဗျူးဖို့  (၃) သမိုင်းပညာရှင်များနဲ့ တွေ့ဆုံပြီး သမိုင်းဆိုင်ရာ အချက်အလက်တွေ မမှားရအောင် လုပ်ဆောင်ဖို့ ဆိုတာတွေ ပါလာပါတော့တယ်။ နိုင်ငံတကာက ပညာရှင်တွေ၊ ထုတ်လုပ်သူတွေနဲ့ တိုင်ပင်ဖို့ အကူအညီတောင်းဖို့ ကိစ္စတွေက လည်း ထိပ်ဆုံးက ပါတာပေါ့။ ခက်နေတာက ကျွန်တော်က ဘယ်နိုင်ငံမှ မရောက်ဖူးဘူး။ အန်တီက ဇွတ်တာဝန်ပေးလို့သာ အဖွဲ့ရဲ့ အတွင်းရေးမှူး ရာထူး ယူလိုက်ရတာပါ။ ဒီတော့ အမေရိကန် သံရုံး ပြန်ကြားရေး က လူတွေဆီ အကူအညီတောင်း၊ အင်္ဂလန်သံရုံးက လူတွေဆီ အကူအညီတောင်း၊ ပြင်သစ် သံအမတ်ကိုပါ နားပူနားဆာ လုပ်ရပါတော့တယ်။ ဖြစ်ချင်တော့ ကျွန်တော့် ပထမဆုံး နိုင်ငံခြား ခရီးစဉ်က ဘန်ကောက်နဲ့ ဖနွမ်းပင်။ ဒီတော့ ဘန်ကောက်က ရုပ်ရှင် ပညာရှင်တွေ ကမ္ဘောဒီးယား ရောက်နေတဲ့ ဂျာမန်ရုပ်ရှင် ဆရာတွေနဲ့ တွေ့ခွင့်ရမယ်လို့ သိလိုက်တဲ့အခါ တော်တော် ပျော်သွားခဲ့တာ အမှန်ပါ။ ဒါပေမဲ့ တကယ်တမ်း သူတို့နဲ့ တွေ့လိုက်တဲ့ အခါမှာတော့….. ဆက်ရန် ဇာဂနာ

No comments: