Wednesday, July 8, 2015

``MPTကို ကျေးဇူးမတင်လိုက်ပါနဲ့ မှားသွားပါလိမ့်မယ်´´

``MPTကို ကျေးဇူးမတင်လိုက်ပါနဲ့ မှားသွားပါလိမ့်မယ်´´

ကိုသက်ဆွေရေမြန်မာ့ဆက်သွယ်ရေး MPT က ဇူလိုင်လ ၈ ရက်နေ့ နံနက် 00:00:01 မှစ၍ ဆွေသဟာအစီအစဉ် သုံးစွဲသူတွေကိုတစ်မိနစ် ၃၅ကျပ်ကနေ တစ်မိနစ် ၂၃ ကျပ်ကိုကောက်ခံသွားမယ်ဆိုတော့ ကျွန်တော်အမြင်အရပြောရ ရင်တော့ များနေသေးတယ်လို့ပြောလိုက်ပါရစေ။ဘယ်အကြောင်းအရာတွေကြောင့် များနေတာလဲလို့ ရေဘူယျ ပြောရရင် နိုင်ငံပိုင်မြေ၊နိုင်ငံပိုင်ငွေနဲ့အဆောက်ဦးဆောက် ပစ္စည်းဝယ်၊ နိုင်ငံပိုင်လျှစ်ကိုသုံးနေလို့ပါပဲ။MPT ရဲ့ကုန်ကျမှုက အခြားဆက်သွယ်ရေးအော်ပရေတာတွေလို မြေငှားခပေးစရာမလိုဘူး။Telenor Ooredoo ရဲ့ တိုင်တစ်တိုင် တစ်နေ့တာ အသုံးစရိတ်တွေကို ပြောပြရရင် ooredoo တိုင်တစ်တိုင်ရဲ့ generator ဟာ နေ့စဉ် ၂၄ နာရီလည်ပတ်ပါတယ်။ Telenor တိုင်တစ်တိုင်ရဲ့ generator ဟာ နေ့စဉ် ၃ နာရီခြားတစ်ခါလည်ပတ်နေပါတယ်။ဒီဇယ်အင်ဂျင်တွေဖြစ်တဲ့အတွက် ၁၅ ရက်ခြား ဆီတစ်ခါဖြည့်ရင်ဂါလံ ၁၅၀လောက်ရှိပါတယ်။ သူတို့တွေရဲ့မြေငှားရမ်းမှုကတော့၁လ ကို နေရာဒေသပေါ်မှာမူတည်ပြီး အနည်းဆုံး ၁၂၀ ၀၀၀ ကနေ ၁၈၀ ၀၀၀ အထိပေးရပါတယ်။အခုလိုကုန်ကျမှုတွေရှိနေပေမယ့် ပြည်သူတွေလက်ထဲ ဆင်းကဒ်တွေစရောက်ကတည်းက ၂၅ ကျပ်နဲ့ပေးနိုင်ပါတယ်။မြန်မ့ာဆက်သွယ်ရေးကတော့ အလကားရတဲ့မြေပေါ်မှာသုံး၊မြေငှားခပေးစရာမလို၊ပြည်သူပိုင်ငွေနဲ့အဆောက်ဦးဆောက်၊ဆက်သွယ်ရေးပစ္စည်းဝယ်၊ပြည်သူပိုင်ငွေနဲ့ ဝန်ထမ်းတွေခန့်၊လစာပေး၊ပြည်သူပိုင်လျှပ်စစ်နဲ့ ပေါချောင်ကောင်းသုံး အဲ့သလောက်အဆင်ပြေနေတဲ့ကြားထဲကနေအခုမှ ၂၃ကျပ်ဆိုတော့ ပြည်သူတွေအပေါ်မှာ စေတနာ မရှိတာကတော့ အမှန်ပါပဲ။ကိုသက်ဆွေရေအခု တစ်မိနစ် ၂၃ ကျပ်ဖြစ်တာ mpt ကြောင့်လို့တော့ကျေးဇူးမတင်လိုက်ပါနဲ့ မှားသွားပါလိမ့်မယ်။mpt ကတော့ အရင်းရှင်စနစ်ဆိုတဲ့အမြတ်ကြီးစားနေဦးမှာပါပဲ။ပြည်သူတွေအပေါ်မှာ ကုပ်သွေးစုတ်အမြတ်ကြီးထုတ်နိုင်သမျှ ထုတ်နေအုံးမှာပါပဲ။တစ်မိနစ် ၂၃ ကျပ်ဖြစ်တာကလည်းKDDI ကြောင့်ပါ။MPT က KDDI နဲ့ပူးပေါင်းပြီးမှပဲ ၁၅၀၀ တန် ဆင်းကဒ်တွေ ရောင်းချပေးနိုင်တာပါ။ 2G ၊3G ဆိုတာဖြစ်လာတာပါ။အရင် mpt တိုင်တွေအားလုံးရိုးရိုး GSM တွေက များပါတယ်။ KDDI နဲ့ပူးပေါင်းပြီးမှပဲ ၅၀ကျပ်ကနေ ၃၅ကျပ်ကိုလျော့ချတယ် အခု ၂၃ ကျပ်ကို လျော့ချတယ်။ကိုသက်ဆွေရေဘာဖြစ်လို့ အမြတ်ကြီးထုတ် ကုပ်သွေးစုတ်နိုင်သမျှ စုတ်နေအုံးမှာလဲလို့မေးရင် ကျွန်တော်ရဲ့ အပျင်းပြေ တွက်ချက်မှုအရပြောရရင် MPT မှာ ဆင်းကဒ် ၁၀ သန်း ရှိရင် အဲ့ ဆင်းကဒ် ၁၀သန်းအတွက် ၁ ရက်ကို ပျှမ်းမျှ ဖုန်းပြောမှုအတွက် ၁ ကျပ်နဲ့ တွက်ရင် ၁ ရက်ကို ကျပ် ၁၀သန်း ၁ လ ကို ကျပ် သန်း ၃၀၀ အမြတ်ရနေတယ်လေ။Internet အသုံးပြုမှု နဲ့ ပျှမ်းမျှတွက်ရင် ၁ ရက်ကို ၁ကျပ် နဲ့ တွက်ရင် ၁ရက်ကို ၁၀သန်း ၁ လ ကို သန်း၃၀၀ ရာ အမြတ်ရနေတယ်လေ။နှစ်ခုပေါင်းရင်တောင် ကျပ် သန်း၆၀၀ ရာဖြစ်နေပြီ။ဒီတော့ ကျွန်တော်တို့ တစ်နေ့ကို ဖုန်းဘီလ် ဘယ်လောက် ကုန်အောင်ပြောတယ်၊Internet ကိုဘေဘယ်လောက်ကုန်အောင်သုံးတယ်ဆိုတာကလည်း ကျွန်တော်တို့အသိဆုံးပါပဲ။ အဲ့ကုန်ကျမှုတွေနဲ့ တွက်ချက်ကြည့်ရင် တစ်ရက်ကို ဘယ်လောက် အမြတ်ရမယ်။၁ လကို ဘယ်လောက်အမြတ်ရမယ်ဆိုတာ မိမိတို့ဘာသာတွက်ချက်ကြည့်ပါလို့ပြောလိုက်ပါရစေ။ကိုသက်ဆွေရေလူတစ်ဦးချင်းဝင်ငွေနဲ့ နှိုင်းယှဉ်ရင် တစ်မိနစ် ၂၀၊၂၃၊၂၅ ကျပ်ဆိုတာတွေက အရမ်းကြီးကို များနေပါသေးတယ်။လူတစ်ဦးချင်းဝင်ငွေအရ ဆိုရင်တော့ ၁၀၊၁၅ ကျပ်အထိ လျော့ချသင့်ပါတယ်။Internet ဆိုရင်လည်း 1MB ကို ၅၊၆၊၇ကျပ်ဆိုတာကလည်းအလွန်များနေပါသေးတယ်။1MB ကို ၁ကျပ် ၂ကျပ်အထိလျော့ချသင့်တယ်။မလျော့ချနိုင်သေးရင်လည်း အချိန်အကန့်သက်နဲ့လျော့ချလို့ရပါတယ်။ည၁၂ကနေ မနက်၇နာရီအတွင်းဆို 1MB ကို ၁ကျပ် ဒါမှမဟုတ်ရင် 2MB ကို ၁ကျပ်အထိလျော့ချလို့ရပါတယ်။ကိုသက်ဆွေရေMPT ရဲ့ထိုးနှက်မှုကြောင့် သုံးစွဲသူတွေကြားမှာတော့ အတော်လေးကို အဆင်ပြေပါတယ်။ကျန်အော်ပရေတာနှစ်ခုကလဲ သုံးစွဲသူတွေကြားမှာ အချက်အလက်တွေလိုက်ကောက်နေပါတယ်။ဒီတော့ ဘယ်လောက်ဝန်ဆောင်မှုတွေပေးမယ်၊ဖုန်းဘီလ်တစ်မိနစ်ကိုဘယ်လောက်ကောက်မယ်ဆိုတာကတော့ဆောင့်ကြည့်ရမယ့်အနေအထားပါ။ကိုသက်ဆွေရေMPTရဲ့ကွန်ရက်လွှမ်းခြုံ နိုင်မှုကလည်း အသာကြီးဆိုတော့ လူတိုင်းစိတ်ဝင်စားတာတော့ အမှန်ပါပဲ။အခြားအော်ပရေတာတွေထက်အသာကြီးဖြစ်ပြီးတော့ တာဝါတိုင်ဆောက်လုပ်ချင်းမရှိပဲနဲ့ Telenor Ooredoo တာဝါတိုင်တွေမှာသူတို့ရဲ့ဆက်သွယ်ရေးပစ္စည်းတွေကို အသင့်လိုက်လံတတ်ဆင်နေခြင်းကလည်းအားးသာချက်တွေဖြစ်ပါတယ်။TelenorOoredoo တာဝါတိုင် တစ်တိုင်ပေါ်မှာ MPT ဆက်သွယ်ရေးပစ္စည်းတတ်ဆင်တော့မယ်ဆိုရင် MPT ရဲ့ကုန်ကျမှုက ၁၀၀% ကုန်ကျမှုမရှိပဲနဲ့ ၄၀% လောက်သာကုန်ကျပါတယ်။အခြားအော်ပရေတာတွေကတော့ ၆၀%ပေါ့။၅၀/၅၀ မဖြစ်နိုင်ဘူးလို့ယုံကြည်ထားတယ်။ဒီတော့ အောက်ခြေမှာ ဘယ်လောက်ပဲကွဲကွဲMPT -Telenor -Ooredoo သုံးခုလုံး ကျွန်တော်တို့မသိနိုင်တဲ့ အကျိုးတူခွဲဝေမှုတွေရှိနေပါတယ်။ကိုသက်ဆွေရေကျွန်တော်အခုအချိန်အထိ စဉ်းစားလို့မရတဲ့အချက်တစ်ချက်ရှိနေပါတယ်။မြန်မာ့ဆက်သွယ်ရေး အရှူံးပြနေတဲ့ ကိစ္စပါပဲ။အခုချိန် ဘာဖြစ်လို့ အရှုံးပြနေရတာလဲဆိုတာ စဉ်းစားလို့ကို မရသေးပါဘူး။နောက်တစ်ချက်မေးချင်တာက မြန်မာ့ဆက်သွယ်ရေး MPT ဟာ နိုင်ငံတော်ပိုင်လား ၊ကုပ္မဏီပိုင်လား၊အများပိုင်တာလားဆိုတာ မသိသေးပါဘူး။အကုန်လုံးရောနေတယ်လို့ထင်ပါတယ်။နောင်တချိန်ကျရင်တော့ ရှုပ်နေတဲ့ အပ်ချည်လုံးလို အစပေါ်အောင် ပြန်ဖြေကြဖို့ပါပဲ။ကိုသက်ဆွေရေနောက်ထက် MPT ကရှက်စရာတစ်ခုရှိပါသေးတယ်။ကျွန်တော်ကတော့ မြန်မာနိုင်ငံသားပီပီ ၊ နည်းပညာကျောင်းသားလည်းဖြစ်တဲ့အတွက်ရှက်ရှက်နဲ့တော့ ပြောရမှာပါပဲ။နေပြည်တော် ဒက္ခိဏသီရိမြို့နယ်က မြန်မာ့ဆက်သွယ်ရေးရုံး MPT မှာ နိုင်ငံခြားသားတွေကို ဝန်ထမ်းခန့်အပ်ထားမှုပါပဲ။ဒီတော့ ပြည်သူပိုင်ငွေကို ဖြုန်းတီးနေမှုလို့ ကျွန်တော်မြင်ပါတယ်။Mpt က နည်းပညာအတွက် ငှားထားတယ်ဆိုရင်တော့ ပိုပြီးတော့ ရှက်စရာကောင်းတာပေါ့ဗျာ။လွန်ခဲ့တဲ့ ၁၀နှစ်လောက်ကတည်းမှ ဆက်သွယ်ရေးလုပ်လာတာ အခုချိန်အထိ ငှားထားတယ်ဆိုတော့ ဒါဟာ EC-IT (AGTI-B.Tech.BE-ME-P.hd)ဘွဲ့ရတွေအတွက် နစ်နာဆုံးရှုံးမှုကြီးဖြစ်တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်။ကျွန်တော်တို့နိုင်ငံသားတွေကို ကျွန်တော်တို့ယုံကြည်မှုရှိမှ တိုးတတ်မှုဆိုတာ ဖြစ်လာမှာပါ။ကိုသက်ဆွေရေနောက်တစ်ခုကတော့နယ်ဒေသတွေမှာ Telenor Ooredoo ရဲ့ လက်ခွဲပေးထားတဲ့ကုပ္မဏီတွေရဲ့ တောင်သူတွေအပေါ်မှာ ညစ်ပတ်မှု၊မတရားရယူထားမှုတွေပါပဲ။တောင်သူတွေနဲ့ စာချုပ် ချုပ်တော့ တစ်ဖွဲ့၊ငွေချေတော့ တစ်ဖွဲ့ ၊ငွေချေမှ စာချုပ်ပေးမယ်ဆိုပြီး ငွေချေတဲ့အဖွဲ့ကငွေချေပြီးစာချုပ်မပေးတာတွေ၊နားလှည့်ပါးရိုက်လုပ်ထားတဲ့ အကွက်တွေပါပဲ။စာချုပ်ထဲမှာ ပိုင်ရှင်ဟာ ဘယ်သူ့ကိုမှ ပေးမပြရဘူးလို့ ထည့်ချုပ်ထားတယ်လို့ သိထားပါတယ်။စာချုပ်ထဲမှာတော့ ၅နှစ်ပြည့်ရင် ၅% တိုးမယ်ဆိုတာတွေဟာ လယ်ပိုင်ရှင်ရဲ့လက်ထဲမှာစာချုပ်မရှိတဲ့အတွက် နောက် ငါးနှစ်ပြည့်ရင်မြေပိုင်ရှင်ဟာ အတိုးကို ခံစားပိုင်ခွင့်ရှိမှာ မဟုတ်ပဲ အရင်ရရှိထားတဲ့မြေငှားခ အတိုင်းသာ ရရှိမှာဖြစ်ပါတယ်။ရူံးချုပ်တွေကတော့ ခံစားခွင့် အပြည့်ပေးပေမယ့်လက်ဝေခံတွေကနေ ဖြတ်ခုတ်မှာဖြစ်ပါတယ်။ဒါဟာမတရားခြင်းပဲဖြစ်ပါတယ်။ဘာမှမသိတဲ့တောင်သူတွေအပေါ်မှာ ညစ်ပတ်ထားမှုပဲဖြစ်ပါတယ်။ကိုသက်ဆွေရေပြည်သူတွေကတော့ MPT-Telenor-Ooredoo ဆိုသူတွေရဲ့ အမြတ်ကြီးစား၊ကုပ်သွေးစုတ်မှု၊ခေါင်းပုံဖြတ်ခံရမှုတွေကြားမှာ ပြည်သူ၅၁သန်းကတော့ ညမှောင်မှောင်ထဲမှာ မှိန်ပျပျ အလင်းရောင်လောက်သာရှိတဲ့ ပိုးစုန်းကြူးလေးတွေလိုပါပဲလို့ ပြောရင်း••••••••ဇော်မင်းပိုင်

No comments: