Sunday, July 12, 2015

KIA အဖွဲ့မှ ဖားကန့်-မိုးကောင်းလမ်းပေါ်တွင် မိုင်းခွဲတိုက်ခိုက်မှုကြောင့် ယာဉ်မောင်း ၁ ဦးသေဆုံး

KIA အဖွဲ့မှ ဖားကန့်-မိုးကောင်းလမ်းပေါ်တွင် မိုင်းခွဲတိုက်ခိုက်မှုကြောင့် ယာဉ်မောင်း ၁ ဦးသေဆုံး ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅ KIA အဖွဲ့သည် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ လွယ်ဆိုင်ကျေးရွာနှင့် ဂျာမိုင် ကထောင်ကျေးရွာကြား၌ အပြစ်ကျ တရားခံများပို့ဆောင်သည့် ယာဉ်တန်းအား မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ “ကားတွေတက်သွားတာတော့ တွေ့တယ်၊ ကားတန်းကတော့ အရှည်ကြီးပဲ၊ ရဲတွေလည်းပါတယ်၊ စစ်သားတွေ လည်းပါတယ်၊ အချုပ်သားတွေကို မြစ်ကြီးနားသွားပို့တာလို့ပြောတယ်၊ ဒီမှာက သွားတဲ့ကားတွေ ရှားတယ်လေ၊ KIA က လမ်းမှာဆက်ကြေးကောက်ရင်ကောက်၊ မကောက်ရင်မိုင်းခွဲနေတော့ သိပ်မသွားကြတော့ဘူး”ဟု လွယ်ဆိုင်ရွာသားတစ်ဦးကပြောသည်။ အဆိုပါ မော်တော်ယာဉ်များအား မိုင်းထောင်ဖေါက်ခွဲမှုကြောင့် အချုပ်သားများသယ်ဆောင်လာသည့် ယာဉ်မှ ယာဉ်မောင်းတစ်ဦး မိုင်းစထိမှန်ကာ သေဆုံးသွားကြောင်းနှင့် အစောင့်လိုက်ပါလာသည့် ရဲတပ်သား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “ဒီလမ်းမှာ ခဏခဏပဲ၊ မိုင်းထောင်နေတာတော့၊ ဟိုတစ်လောကလည်း အရပ်ကားတွေကို ပစ်လို့ သေကုန် ကြသေးတယ်၊ ဘယ်သူမှ သိပ်ပြီးမသွားရဲဘူး၊ စီးပွားရေးအတွက်မိုလို့သာ အရဲစွန့်ပြီးသွားနေရတာ၊ ဘယ်အချိန် ပစ်မလဲ၊ ဆက်ကြေးကောက်မလဲ ရင်တထိတ်ထိတ်နဲ့ဗျာ”ဟု ဖားကန့်-မိုးကောင်းလမ်းတွင် ပြေးဆွဲလျက်ရှိသော ယာဉ်မောင်းတစ်ဦးကပြောသည်။ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ခရီးသွားလာလျက်ရှိသော မော်တော်ယာဉ် များ၊ ဌာနဆိုင်ရာယာဉ်များအား မကြာခဏမိုင်းထောင်ဖောက်ခွဲ လျက်ရှိကြောင်းနှင့် ဒေသခံတိုင်းရင်းသာများမှာလည်း ခရီးသွားလာရာ၌ အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိပြီး ကချင်ပြည်နယ်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းနေကြလျက်ရှိ ကြောင်း မိုးကောင်းမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားသွားသည်။ စိုင်းခွန်စစ် KIA အဖွဲ့မှ ဖားကန့်-မိုးကောင်းလမ်းပေါ်တွင် မိုင်းခွဲတိုက်ခိုက်မှုကြောင့် ယာဉ်မောင်း ၁ ဦးသေဆုံး ဇူလှိုင်လ ၁၁ ရက်၊ ၂၀၁၅ KIA အဖွဲ့သည် ဇူလိုင်လ ၁၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ လွယ်ဆိုင်ကျေးရွာနှင့် ဂျာမိုင် ကထောင်ကျေးရွာကြား၌ အပြစ်ကျ တရားခံများပို့ဆောင်သည့် ယာဉ်တန်းအား မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ “ကားတွေတက်သွားတာတော့ တွေ့တယ်၊ ကားတန်းကတော့ အရှည်ကြီးပဲ၊ ရဲတွေလည်းပါတယ်၊ စစ်သားတွေ လည်းပါတယ်၊ အချုပ်သားတွေကို မြစ်ကြီးနားသွားပို့တာလို့ပြောတယ်၊ ဒီမှာက သွားတဲ့ကားတွေ ရှားတယ်လေ၊ KIA က လမ်းမှာဆက်ကြေးကောက်ရင်ကောက်၊ မကောက်ရင်မိုင်းခွဲနေတော့ သိပ်မသွားကြတော့ဘူး”ဟု လွယ်ဆိုင်ရွာသားတစ်ဦးကပြောသည်။ အဆိုပါ မော်တော်ယာဉ်များအား မိုင်းထောင်ဖေါက်ခွဲမှုကြောင့် အချုပ်သားများသယ်ဆောင်လာသည့် ယာဉ်မှ ယာဉ်မောင်းတစ်ဦး မိုင်းစထိမှန်ကာ သေဆုံးသွားကြောင်းနှင့် အစောင့်လိုက်ပါလာသည့် ရဲတပ်သား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ “ဒီလမ်းမှာ ခဏခဏပဲ၊ မိုင်းထောင်နေတာတော့၊ ဟိုတစ်လောကလည်း အရပ်ကားတွေကို ပစ်လို့ သေကုန် ကြသေးတယ်၊ ဘယ်သူမှ သိပ်ပြီးမသွားရဲဘူး၊ စီးပွားရေးအတွက်မိုလို့သာ အရဲစွန့်ပြီးသွားနေရတာ၊ ဘယ်အချိန် ပစ်မလဲ၊ ဆက်ကြေးကောက်မလဲ ရင်တထိတ်ထိတ်နဲ့ဗျာ”ဟု ဖားကန့်-မိုးကောင်းလမ်းတွင် ပြေးဆွဲလျက်ရှိသော ယာဉ်မောင်းတစ်ဦးကပြောသည်။ KIA အဖွဲ့အနေဖြင့် ယခုကဲ့သို့ ခရီးသွားလာလျက်ရှိသော မော်တော်ယာဉ် များ၊ ဌာနဆိုင်ရာယာဉ်များအား မကြာခဏမိုင်းထောင်ဖောက်ခွဲ လျက်ရှိကြောင်းနှင့် ဒေသခံတိုင်းရင်းသာများမှာလည်း ခရီးသွားလာရာ၌ အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိပြီး ကချင်ပြည်နယ်ကြီး အမြန်ဆုံး အေးချမ်းပါစေလို့ ဆုတောင်းနေကြလျက်ရှိ ကြောင်း မိုးကောင်းမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောကြားသွားသည်။ စိုင်းခွန်စစ်

No comments: