Tuesday, March 1, 2016

ပထမပုံက ဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦး နဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကြားမှာပါ။

ပထမပုံက ဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦး နဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းကြားမှာပါ။

ဒုတိယပုံက ဗိုလ်ချုပ်အောင်မင်းနဲ့ ဗိုလ်ချုပ်မောာင်မောင်အုန်းတို့နဲ့ပါ။

ဒုဗိုလ်ချုပ်ကြီးခင်ဇော်ဦးဟာ Columbia နဲ့ South Africa တို့မှာ ငြိမ်းချမ်းရေး ကို ဆွေးနွေးပွဲတွေမှ ငြိမ်းချမ်းရေးအရယူခဲ့နိုင်မှုကို သွားရောက်လေ့လာခဲ့တဲ့
စစ်ဗိုလ်ချုပ်တဦးဖြစ်ပါတယ်။ Indonesia လည်းပါတယ်ထင် မိတယ်။ ရွေးကောက်ပွဲမတိုင်ခင်ကလေးကမှ စစ်တပ် ကအနားယူခဲ့သူပါ။ ဦးသိန်းစိန်အစိုးရထောက်လျှောက် စစ်တပ်ကိုယ်စ လှယ်အဖြစ် ဆွေးနွေးပွဲတွေမှာပါဝင်ခဲ့သူဖြစ်တာကြောင့် သမ္ဘာရင့် negotiator အပြင် ငြိမ်းချမ်းရေးကိုကျွမ်းကျင်သူတစ်ယောက်ဖြစ်လာသူပါ။ မကြာခင် Switzerland နဲ့ Norway ကိုသွားဖို့ရှိပါတယ်။

သူ့ရဲ့အတွှေကြုံတွေကို နားထောင်ရတာ အလွန် (အသိ) တိုးပါတယ်။

ဗိုလ်ချုပ်မောင်မောင်အုန်းကတော့ ရခိုင်ဝန်ကြီးချုပ်ပါ။ ချင်းမိုင်ကို ဗိုလ်ချုပ်အောင်မင်းနဲ့ပါလာတုန်းကတွေ့ဖူးခဲ့ပါတယ်။

ရခိုင်ပြည်အကြောင်းသိချင်တာတွေကို အချိန်ရတုန်းမေးခဲ့တယ်။အလွန်စိတ် ၀င်စားစရာကောင်းပါတယ်။

ဒီလိုအရှည်ကြီးရေးပြရတာအကြောင်းရှိပါတယ်။ တချို့ဒီမိုသမားတွေ ၊ အားလုံးကိုမဆိုလိုပါ၊ တချို့က (စစ်တပ်) လို့ဆိုလိုက်တာနဲ့ ဗိုလ်ချုပ်နေ၀င်း စစ်တပ်ကိုပြေးမြင်ကြတယ်။

ယနေ့စစ်တပ်ဟာ ဗိုလ်ချုပ်သန်းရွှေရဲ့ စစ်တပ်နဲ့တောင်မတူတော့ဖူး။ They have become very sophisticated. ဒါကို (သိ)စေချင်တာပါ။

Experience ဆိုတာ (အလုပ်) မရှိပဲ အတွေ့အကြုံဆိုတာ (မရ) နိုင်ပါဖူး။

တချိန်က သူပုန်လုပ်လာခဲ့တဲ့သူတွေ လက်တွေ့ ငြိမ်းချမ်းရေးခရီးကိုလျှောက် ကြရတော့ သူတို့လည်း ပညာတတ်တွေ ဘ၀က ပညာရှင်တွေဖြစ်ခဲ့ရပြီ။

စစ်ဗိုလ်ချုပ်တွေက ဒီမိုပညာတတ်တွေကို ဦးဏှောက်ဖေါက်စားရဲတယ်။

ဦးအောင်မင်းနဲ့ ဦးလှမောင်ရွှေတို့ကို ၀ိုင်းရံထားတဲ့ MPC က ပညာတတ်တွေဟာ Harvard ဆင်းတွေ U.S. က Ph.D တွေ J.D. တွေ SJD တွေပဲမဟုတ်ဖူးလား။ စစ်ဗိုလ်လူထွက်တွေမဟုတ်ပါ။

သူတို့ (၄) နှစ်အတွင်းရလိုက်တဲ့ အတွေ့အကြုံတွေဟာလည်း ပိုက်ဆံနဲ့ ၀ယ်ယူလို့မရနိုင်ပါဖူး။

စာရေးသူတောင် သူတို့လို ထဲထဲဝင်ဝင်မပါပဲ အနီးကပ်ကူညီခွင့်ရတဲ့အတွက် ရလိုက်တဲ့ (အသိ) တရားဟာ ဘယ်တက္ကသိုလ်မှာမှ မသင်ယူနိုင်ပါဖူး။ လက်တွေ့ဖြစ်တာတွေနဲ့ (စာတွေ့) တွေဟာ ဆီနဲ့ရေ ကွာခြားပါတယ်။

ကြိုက်သည်ဖြစ်စေ ၊ မကြိုက်သည်ဖြစ်စေ ၊ ဒီမိုကမားတွေ နိုင်ငံရေး နဖန်းလုံးရမှာက (စစ်တပ်) နဲ့ပါ။

ဒီမိုကရေစီအော်နေကြရုံနဲ့ ဒီမိုကရေစီဆိုတာ ကောင်းကင်ကကျလာမှာ မဟုတ်ပါဖူး။

i just want to share to face the REALITY ပါ

My 2c

မူရင်းရေးသားသူ U Bo Bo Kyaw Nyein ကို credit ပေးပါတယ်ခင်ဗျား..........။😊😊😊😊😊😊

No comments: