Saturday, March 26, 2016

အသက်က ၆၀ ဆိုပေမယ့် လန်းနေဆဲ မော်ဒယ်

သူမရဲ့ နောက်ဆုံးအချိန်အထိ မော်ဒယ်အလုပ်ကို လုပ်သွားမယ်လို့ ဆိုပါတယ်။
play

ကယ်လီဖိုးနီးယားမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ အသက် ၆၀ အရွယ်ရှိပြီဖြစ်ပေမယ့် မော်ဒယ်အလုပ်ကို ဇောက်ချလုပ်ကိုင်နိုင်နေဆဲ ဖြစ်ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အချိုးစားနဲ့ အသားအရေကလည်း လူငယ်အမျိုးသမီးတွေလို လှပကြည့်ကောင်းနေဆဲ ဖြစ်ပါတယ်။
play

လက်ရှိအချိန်မှာ သူမရဲ့ အဓိကအလုပ်က လော့စ်အိန်ဂျလိစ်မှာရှိတဲ့ အွန်လိုင်းစတိုးနဲ့ နယူးယော့ခ်မှာရှိတဲ့ အမျိုးသမီးအတွင်းအခံ အဝတ်အစားထုတ်လုပ်တဲ့ ကုမ္ပဏီအတွက် ကိုယ်ဟန်ပြဓာတ်ပုံရိုက်တာဖြစ်ပါတယ်။
play

 အသက် ၆၀ ရှိသည့်အတိုင် မော်ဒယ်အလုပ်ကို မစွန့်လွှတ်သေးတဲ့အပြင် အသက်ရှင်နေသရွေ့ ဒီအလုပ်နဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုမယ်လို့ ရော့စီလို့ အမည်ရတဲ့ စီနီယာမော်ဒယ်ကြီးက ပြောပါတယ်။
play

သူမရဲ့ အသက်အရွယ်နဲ့ ဒီအလုပ်ကို ဆက်လုပ်နေရတဲ့ ရည်ရွယ်ချက်က ရေကူးဝတ်စုံနဲ့ ဓာတ်ပုံတွေအပေါ် လိင်မှုအသားပေးဓာတ်ပုံတွေလို မြင်နေကြတဲ့ အမြင်တွေကို ပြောင်းလဲပစ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်။ ရှည်လျားတဲ့ ငွေမှင်ရောင်ဆံကေသာ၊ အသက် ၆၀ လို့လုံးဝမထင်ရတဲ့ ခန္ဓာကိုယ်တွေကြောင့် မော်ဒယ်လောကမှာတော့ သူမလည်း နာမည်ကြီး တစ်ဦးပါ။
Source & Photos : Daily Mail

No comments: