Sunday, March 27, 2016

သင်္ကြန်တွင်းမှာ သတိထားဖို့နဲ့ အင်တာနက်ခေတ်မှာဘဝပျက်ပြီး အင်တာနက်မင်းသမီး မဖြစ်ကြစေဖို့

သင်္ကြန်တွင်းမှာ သတိထားဖို့နဲ့
အင်တာနက်ခေတ်မှာဘဝပျက်ပြီး အင်တာနက်မင်းသမီး
မဖြစ်ကြစေဖို့

သင်္ကြန်ကာလတွင်း မှုခင်းကျဆင်းရေးနဲ့ သက်ငယ်မုဒိမ်းမှုပပျောက်ရေး စီမံချက်နဲ့ တရားမ၀င် လိင်စိတ်ကြွဆေးရောင်းချနေတဲ့ ဆေးဆိုင်တွေ၊ လမ်းဘေးဆိုင်တွေရှိတယ်လို့သိရင် သက်ဆိုင်ရာကို သတင်းပေးပို့ကြပါ .

ပုံမှာပြထားတဲ့ ဆေးတွေက လားရှိုးမြို့မှာရောင်းချနေတဲ့ ဆိုင်အချို့က သိမ်းဆည်းရမိတဲ့ဆေးတွေပါ . ဖမ်းဆီးရမိတဲ့ဆေးတွေထဲက
တချို့ဆေးတွေဟာ အမျိုးသမီးတွေအတွက် အာရုံကြောစနစ်တွေ ယာယီသေသွားသလိုဖြစ်ပြီး လှုပ်ရှားလို့မရတော့တဲ့အချိန်မှာ စော်ကားခံလိုက်ရတာမျိုးရှိသလို၊ တချို့ဆေးတွေကတော့ လိင်စိတ်ထကြွလာအောင် လှုံ့ဆော်ပေးပြီး စိတ်နဲ့လူနဲ့မကပ်တဲ့အချိန် မိမိစိတ်ကို ထိန်းချုပ်နိုင်မှု လွတ်ကင်းချိန်မှာ စော်ကားခံလိုက်ရတာဖြစ်ပါတယ် .

စော်ကားခံလိုက်ရပြီးချိန်မှာ ယုတ်မာကောက်ကျစ်တဲ့လူနဲ့တွေ့ရင် ဓါတ်ပုံရိုက်ခံထားရတာတို့၊ ဗီဒီယိုရိုက်ခံထားရတာတို့လုပ်ခံရပြီး သူတို့ညစ်သမျှခံရတတ်ပါတယ် .

အွန်လိုင်းပေါ်တင်မယ်ခြိမ်းခြောက်ရင် ဒါမှမဟုတ် အွန်လိုင်းပေါ်အတင်ခံရရင် တစ်ရှက်က နှစ်ရှက်ဖြစ်တတ်ပြီး မိမိပါမက မိဘ ညီအကို မောင်နှမ နဲ့ ပတ်ဝန်းကျင်မှာပါ မျက်နှာမပြရဲအောင် ဖြစ်ကြရပါတယ်.
ဒါကြောင့် လာမယ့်သင်္ကြန်တွင်းမှာ အစားအသောက်ဆင်ခြင်ကြဖို့နဲ့ ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ် သူငယ်ချင်းများ
မူရင်းတင်သူcreditပေးပါတယ်

သထုံ နယ်စားလေး

No comments: