Monday, March 28, 2016

ဦးမင်းမင်းဦးကို မွန်ပြည်နယ် ဝန်ကြီးချုပ် အဖြစ် ခန့်အပ်မည်ဟု သတင်းထွက်ပေါ်



မော်လမြိုင်၊ မတ် ၂၇

မွန်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် လက်ရှိ ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းမင်းဦးကို ခန့်အပ်တာဝန်ပေးမည်ဟုထွက်ပေါ်လျက်ရှိရာ ယင်းသတင်းများမှာ အမှန်ပင်ဖြစ်ကြောင်း မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ဟင်္သာမီဒီယာသို့ မတ်လ ၂၇ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရမည်ဟု သတင်းထွက်ပေါ်နေသည့် ဦးမင်းမင်းဦးကမူ“ကျွန်တော်တို့အတည်ပြုလို့မရသေးဘူး ၊ နက်ဖြန်မှ လွှတ်တော်ထဲရောက်မှ အသေချာသိမယ် ”ဟု ပြောဆိုသည်။

မတ်လ ၂၈ရက်နေ့တွင် ကျင်းပမည့် မွန်ပြည်နယ် လွှတ်တော်အစည်းအဝေး၌ ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးစာရင်းများကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

ဦးမင်းမင်းဦး ၏ ကိုယ်ရေးအကျဉ်း

-ဦးမင်းမင်းဦး သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ဘီးလင်းမဲဆန္ဒနယ်အမှတ်(၂) မှ အနိုင်ရရှိထားသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး လတ်တလောတွင် မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ်တင်မြှောက်ခံထားရသူတစ်ဦးလည်းဖြစ်သည်။

-၁၉၇၀ ခုနှစ် သြဂုတ် ၉ ရက်နေ့တွင်မွေးဖွားခဲ့သော ဦးမင်းမင်းဦးသည် အသက်အားဖြင့် ၄၆ နှစ်ရှိပြီဖြစ်သည်။

- ရန်ကုန်စက်မှုတက္ကသိုလ်မှ အီလက်ထရွန်နစ်အင်ဂျင်နီယာ ဘွဲ့ရတစ်ဦးဖြစ်ကာ ရာဘာခြံလုပ်ငန်း၊ မုန့်တီလုပ်ငန်းနှင့် မိုဘိုင်းလ်ဖုန်းအရောင်းဆိုင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ်ပါဝင်ခဲ့ပြီး လက်ရှိတွင် ဘီးလင်းမြို့ နယ် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်းဆောင်ရွက်လျက်ရှိသည်။

Hinthar Media Corporation
https://www.facebook.com/hintharmediacorporation

No comments: