Saturday, March 26, 2016

ဦးဝင်ထိန်သိစေရန်ဖတ်ကြည့်ပါ

ဦးဝင်ထိန်က အခန်းအားလုံး အဲယားကွန်းတပ်ရင် ပေးတဲ့ငွေနဲ့မလောက်ဘူးဆိုတာ အိမ်သာပါမကျန် ရှိသမျှအခန်းမှာ အဲယားကွန်းတပ်ချင်တာလား မသိဘူး။ အစိုးရအဖွဲ့ဝင်တွေဟာ ဇိမ်ခံကြမှာလား။ နိုင်ငံနဲ့ ပြည်သူအတွက် အလုပ်လုပ်မှာလားဗျာ။ ဗီလစ်ပိုင်မှာ သမ္မတ ရာမို့ တက်လာခါစက မီးပျက်လွန်းလို့ လရောင် အောက်မှာ လက်မှတ် ထိုးရတယ်လို့ အေးရှားဝိခ် ဂျာနယ်မှာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က ဖတ်ရဘူးတယ်။ ဒါကြောင် ခု အစိုးရသစ်အနေနဲ့ ကိုယ့်အခွင့်အရေးထက် တိုင်ပြည်အရေးကို ဦးစားပေးတဲ့စိတ်ရင်း စေတနာ အမှန်ရှိရင် အထက်ပါ စကားမျိုးကို ဦးဝင်းထိန် မမေးသင့်ဟု ထင်ပါသည်။ မေး၍ ဖြေသော ဦးရဲထွဋ်အား အပြစ်တင်မည့်အစား မေးသူအား အပြစ်တင်ရမှာပါ။ တိုင်းပြည် ဆင်းရဲတာကို မသိဘဲ အစိုးရတက်လုပ်တာဟာ တိုင်းပြည်အကျိုးထက် မိမိတို့ အခွင့်အရေး ရသမျှ အပြည့်ခံစားမည်ဟု ကြေငြာရာ ရောက်နေသည်ဟု သုံးသပ်ပါသည်။

No comments: