Tuesday, March 29, 2016

အီဂျစ် ခရီးသည်တင်လေယာဉ် ပြန်ပေးဆွဲခံထားရ

လေယာဉ်ဟာ Airbus အမျိုးအစားလေယာဉ်ဖြစ်ပြီး ခရီးသည် ၅၅ ဦးနဲ့ ဝန်ထမ်း ၅ ဦး လိုက်ပါသွားတယ်လို့ သိရပါတယ်။
play

အလက်ဇန်ဒရီးယားကနေ ကိုင်ရိုကိုသွားနေတဲ့ အီဂျစ်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီးပေါ်မှာ အသေခံဗုံးခွဲသူတစ်ဦးရဲ့ ခြိမ်းခြောက်မှုကြောင့် ဆိုက်ပရပ်စ်တောင်ပိုင်း ပင်လယ်ကမ်းခြေနားမှာ ဆင်းသက်လိုက်ရပါတယ်။
play

ခရီးသည်တစ်ဦးက သူ့မှာ ပါလာတဲ့ အသေခံဗုံးခွဲ ခါးပတ်နဲ့ ဖောက်ခွဲပစ်လိုက်မယ်လို့ ခြိမ်းခြောက်ကာ ဆင်းသက်ဖို့ အမိန့်ပေးခဲ့တာလို့ အာဏာပိုင်တွေ သတင်းထုတ်ပြန်ပါတယ်။
play

အီဂျစ် လေကြောင်းရဲရဲ့ အဆိုအရ Airbus 320 အမျိုးအစားလေယာဉ်ဟာ  ခရီးသည် ၅၅ ဦးနဲ့ ဝန်ထမ်း ၅ ဦး လိုက်ပါသွားတယ်လို့ သိရပါတယ်။ လေယာဉ်ဟာ ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၅ မိနစ်ခန့်က ဆင်းသက်နိုင်ခဲ့တာပါ။
play

လက်ရှိအချိန်မှာ လာနာကာ လေဆိပ်ကို ပိတ်ထားရပြီး ဗီဒီယိုဖိုင်မှတ်တမ်းအရ လေယာဉ်ပေါ်က ခရီးသည်တွေကို လေဆိပ်ဘတ်စ်ကားဆီ ရွှေ့ပြောင်းပေးနိုင်ခဲ့တာ တွေ့ရပါတယ်။ လေယာဉ်ကို ပြန်ပေးဆွဲထားသူက ဘယ်လို တောင်းဆိုမှုမျိုးမှ မလုပ်သေးကြောင်း ဆိုက်ပရက်နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီးဇီနွန်က ပြောပါတယ်။
Source : AP, Fox News
Photos : Guardian

No comments: