Monday, March 28, 2016

ဗုဒ္ဓဘာသာဝင်တိုင်း သတိထားရမည့် ဇီဝိန်ခြွေမည့် လက်နက်"' ************************

"ဗုဒ္ဓဘာသာဝင်တိုင်း သတိထားရမည့် ဇီဝိန်ခြွေမည့် လက်နက်"'
*****************************************************************
(ဆရာတော်ဦးနာရဒမှ ရွှေဒုံးဘီအောင်သို့ပေးစာ)
အမျိုးဘာသာ မပျောက်ရေးနှင့် ပက်သတ်ပြီး တတ်နိုင်သလောက် ကလောင်ကိုသုံးပါ၊ ရုပ်ရှင်နှင့် ပြနိုင်လျှင်လည်း ပြပါ။ ကိုယ့်အမျိုးသမီးများ အလင်းရောင် ပေါက်စေလိုသော စေတနာကောင်းနှင့် လုပ်ခြင်းမဟုတ်ပါလား။ သူတစ်ပါးနှင့် သူတစ်ပါး၏ ဘာသာကို ထိပါးစော်ကားလိုသော စိတ်မရှိကြောင်း ကိုယ့်ကိုယ်ကိုကိုယ် ယုံကြည်စိတ်ချဖို့လိုတာပဲ၊ “လူမိုက်တစ်သောင်း ကဲ့ရဲ့ရှောင်လည်း လူကောင်းတစ်ယောက် ချီးမွမ်းရောက်လျှင် ပျောက်သည်မဟုတ်လား။”
လူကိုကမ္ဘာကြီးက မမျိုနိုင်၊ လူကို လူချင်းမျိုမှ ကုန်သည်။ ပျောက်သည်။ အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များအား ဟိန္ဒူနှင့် မွတ်ဆလင်များက မျိုခဲ့သဖြင့် ယနေ့အထိ အစပျောက် လုမခန်း ဖြစ်နေလေပြီ။ ဤကမ္ဘာကြီးသည် အပြစ်ရှိသူ တစ်ယောက်တစ်လေကိုသာ မျိုနိုင်လေသည်။ လူ-လူချင်း မျိုသဖြင့် တစ်မျိုးလုံး အစဖျောက်ခံရပုံ လူမျိုးတို့၏ ရာဇဝင်အကြောင်းအရာများကို သမိုင်းစာမျက်နှာ တို့တွင် ဖတ်ရှုဖူးကြမှာပါ။ ကံရာဇာငယ်အစ သီပေါအဆုံး ရှေးအခါက မြန်မာရာဇဝင် ပြန်ကြည့်လျှင် မြန်မာ့မြေပေါ်မှာ များစွာသော နိုင်ငံခြားသားများကို မင်းနှင့်တကွ တိုင်းသူပြည်သားများက ဖော်ရွေ ဧည့်ဝတ်ကျေစွာ လက်ခံခဲ့ကြသည်။ ရာထူး ရာခံ ပေးခဲ့ကြသည်။ ကုလားဝန်ခန့်ခြင်း၊ မြို့ဝန်ခန့်ခြင်း၊ အထောက်ဝန်စသဖြင့် သူကောင်းပြုခဲ့ကြသည်။

မြန်မာတို့သည် ဤသို့ အလွန်နှလုံးကောင်းတတ်ကြသည် သဖြင့် မြန်မာအမျိုးသမီးများမှာ ဝမ်းကြီးခဲ့ရသည်။ လူကြီးများပြောကြား၍ သိရသော မြို့ဝန် ဘိုင်ဆတ်တို့များ ပုဂံမင်းလက်ထက်တွင် ဘုရင်က ချစ်သနား၍ မြို့ဝန်အဖြစ်မြှောက်စား သူကောင်းပြုထားသဖြင့် အတော်ဘုန်းကြီးခဲ့သည်။ မြန်မာ့အရိပ်အာဝါသတွင် ရိက္ခာဘဏ္ဍာတို့ဖြင့် အတော်အကျိုးခံစားရသည်။ အမျိုးသမီးပေါင်းများစွာကို မတရားအပြစ်ရှာလျက် နှိပ်စက်ကလူပြုမူခြင်း၊ နောက်ဆုံးထီးနန်းကိုပင် လုပ်ကြံတော့မည်အထိ ဖြစ်လေတော့သည်။ တစ်ဖန် ဘိုင်ဆတ်ကို သားအပ်မိသော ဖိုးသူတော်တစ်ယောက် အကြောင်းမှာလည်း အလွန် ကြေကွဲစရာကောင်းပေသည်။ ဤကဲ့သို့ ဘိုင်ဆတ်တို့လို ရှေ့မြန်မာပြည်တွင် ရောက်လာကြသော စပါးကြီးများ ဘယ်မျှရှိသည်ကို ဂဏန်းအတိအကျ မပြနိုင်သော်လည်း ရောက်လာသမျှ စပါးကြီးတို့သည်း အနည်းဆုံး မြန်မာမ တစ်ယောက်ကျစီပင် ယူကြ၍ ကာလရှည်လျားသောအခါ ဆင်းသက်လာကြသော သူတို့၏ အမျိုးအနွယ်များကား အဘယ်မျှ များပြားမည်ကို သာမန်ဥာဏ်နှင့် ချင့်ချိန်နိုင်ပါသည်။

တွေးမိတိုင်းဝမ်းနည်းစရာကြီးကား ယခုအခါတွင် ဆတ်ကောင်ကြီးနှင့် ပမာတူသော ဗုဒ္ဓဘာသာဝင်တို့အား ထာဝစဉ် ဝါးမျိုလျက်ရှိသော စပါးကြီးမှာ ရာခိုင်နှုန်းတော်တော်များများ မြန်မာ့မြေပေါ်တွင် ရှိနေကြရာ အချို့မှာ မြေကတုတ် ကာဗာခံတပ်များနှင့် အခိုင်အမာ တပ်စွဲနေသော စစ်တပ်တစ်ခု၏အလား မြန်မာ့မြေကို အစိုးရနေသော ပထဝိဿရ ဘူမိပတိ ကြီးများပင် ဖြစ်လေတော့သည်။ မြန်မာဆတ်ကောင်ကြီးကို ဝါးမျိုလာခဲ့ကြသည်မှာ ခုမှ ဆယ်သို့၊ ဆယ်မှရာသို့၊ စသည့်ဖြင့် သိန်းမှ သန်းသို့ တိုင်အောင် တိုးတက်ပွားများ အင်အားကောင်း၍ လာလေပြီ၊ ငါတို့မြန်မာများကား အိပ်ရာမှ မိုးကြသေး၊ နိုးဦးတော့ ကျောချသည့်တိုင်အောင် ဓားပြမှန်းမသိကြသေး။ နိုင်ငံရေးခေါင်ဆောင်များနှင့် မြန်မာလူထုကြီးမှာ လက်ငင်း ကမ္ဘာ့ပြဿနာနိုင်ငံရေးတည်းဟူသော (ဆလိုက်) မီးစူးရာဘက်သို့သာ မျက်နှာမူကာ မျက်စိအာရုံ စိုက်နေကြလေသည်။ နောက်ပိုင်းက မျိုလိုက်လာသော လူမျိုးပပျောက်မှု အန္တရာယ် ကိုမူ မျက်ခြေပြတ်နေသည်။ အဓိကရုဏ်းအန္တရာယ်၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ ပဋိပက္ခ အန္တရာယ်များ ပေါက်လာတတ်သည်ကို ကာကွယ်တားမြစ်ခြင်းငှာ နိုင်ငံရေးခေါင်းဆောင်များက လုံးပန်းနေရာ နကိုယ်လည်း ပေါင်းသင်းဆက်ဆံမှုတို့၌လည်းကောင်း၊ အိမ်ထောင်ရေး၌လည်းကောင်း၊ စည်းကမ်းမရှိသော ယောင်ချာချာလူမျိုးများအား နောက်ပိုင်းမှနေ၍ စပါးကြီးတို့က ၄င်းတို့၏ (မျိုးသွတ်) လုပ်ငန်းကို ရောင်တော်ပြန်နှင့် နှောလွှတ်နိုင်ခွင့်ရကြလေတော့သည်။
နိုင်ငံတစ်နိုင်ငံကို အခြားတစ်နိုင်ငံ ဝင်ရောက်တိုက်ခိုက်ကြသဖြင့် ကျရှုံးခြင်းသည် အစစ်အမှန် ဆုံးရှုံးခြင်း မဟုတ်သေး။ တစ်နေ့နေ့တွင် ကိုယ့်နိုင်ငံကို ကိုယ်ပြန်လည် ရရှိနိုင်သေးသည်။ ယခု ဘုန်းကြီးတို့ မြန်မာပြည်ကို သာဓကအဖြစ်ရှုလေ။ သို့သော် အပေးမရှိ အယူသာရှိသော စပါးကြီးတို့၏ မျိုဝါးမှုကြောင်း စပါးကြီးတို့၏ ဘာသာထဲသို့ ရောက်သွားကြရသော တို့မြန်မာတို့အား ပင်ကိုယ် ဗုဒ္ဓဘာသာထဲသို့ ပြန်လည် ရောက်ရှိလာနိုင်ရန် မည်သူသည် မည်သည့်အခါမျှ မတတ်နိုင်ရကား “ဤသည်သာလျှင် ကြီးမားသော ဆုံးရှုံးမှုဟု ခေါ်ထိုက်လေသည်။” ဥပမာအားဖြင့် စစ်မြေပြင်၌ တိုက်ခိုက်လျက်ရှိသော စစ်သည်တော် တစ်သောင်းသည် ငါးထောင်ခန့် အကယ်၍ ကျဆုံးခဲ့ပါလျှင် နောက်ကြောင်းခံတပ်များသို့ အောင်မြင်စွာ ဆုတ်ခွာနိုင်အောင် ကြိုးစားနိုင်သေးသည်။

မြန်မာအမျိုးသမီးပေါင်းများစွာတို့အိမ်ထောင်ပြု လွယ်ကူမှုကြောင့် အမျိုးသမီးတို့သည် ရှေ့က ပျက်စီးခဲ့သည်ကို ထားပါဦး။ ပထမအင်္ဂလိပ်ခေတ်မှ ယခုအထိ၊ နောင်ကိုလည်း ဘယ်ကာလသို့ တိုင်မည်မသိ၊ မြန်မာပြည်ရှိ စပါးကြီးသန့်ကျော်တို့၏ လက်တွင်းသို့ မြန်မာမများ တစ်နေ့လျှင် အနည်းဆုံး (၅၀) နှုန်းကျ သက်ဆင်းရေစက်ဆုံကြရာ တစ်ဖန် ၄င်းတို့မှ ဆင်းသက်ပေါက်ဖွားသော အဆက်အနွယ်၊ တစ်ဖန် ထိုအဆက်အနွယ် ဆင်းသက်ပေါက်ဖွားလာသည့် သားစဉ်မြေးဆက်တို့ကို သင်္ချာတွက်ပြကာ ရေတွက်ရလျှင် ဒီဝီဇံတပ်ကြီးများ ဖွဲ့နိုင်ပေလိမ့်မည်။ထိုဒီဝီဇံ တပ်ကြီးများသည် အားလုံးလိုလိုပင် အဘ၏ ဘာသာဘက်သို့ ကူးပြောင်းသွားကြလေရကား ဘာသာရေး စစ်မြေပြင်တွင် ဗုဒ္ဓဘာသာထဲမှ လက်လွတ်ကျဆုံးခဲ့ရသော တပ်သားများမှာ တပ်လုံးပြုတ်မျှ ဖြစ်တော့သည်ဟု ဝမ်းနည်းစွာ ပြောရတော့မည်။ နောက်ကြောင်းခံတပ်သို့ တစ်ယောက်တစ်လေမျှသာ ဒဏ်ရာပြင်းထန်စွာ ပြန်လာနိုင်တော့သည်။
သို့နှင့်လည်း ငါ့တို့ အမျိုးသမီးများနှင့် အုပ်ထိန်းသူများသည် မျက်စေ့မပွင့်ကြသေး၊ ပွင့်ဦးတော့ ပေါ့ပေါ့ဆဆနှင့်ပင် အမှတ်မထင် နေထိုင်ဆက်ဆံလာခဲ့ကြသည်။ သူတို့ ဘာသာဝင်များသည် မြန်မာအမျိုးသမီး အစရှိသည့် သူတစ်ပါးလူမျိုးမိန်းမများကို ရတိုင်းရတိုင်း ဘာသာရေးတွင် အမြတ်အစွန်းရသည်ဟု ဆိုကြသည်။

ဂုဏ်ယူကြသည်။ မြန်မာအမျိုးသမီးတစ်ဦး သို့မဟုတ် သူတို့နှင့် ဘာသာခြား အမျိုးသမီးတစ်ဦးကို ရတိုင်းရတိုင်း သူတို့၏ လူမျိုးရေး၊ ဘာသာရေး၊ သူတို့ဘက်သား စစ်သားငါးရာရသည်နှင့် အတူတူဟု ဆိုကြသည်။ ယနေ့ကမ္ဘာမြေကြီး၌
၁။ လက်နက်စစ်၂။ ဝါဒစစ်၊ ၃။ လူမျိုးရေး၊ ဘာသာရေးစစ်ဟူ၍ စစ်ပွဲကြီး(၃)မျိုးရှိသည့်အနက် လူမျိုးရေးစစ်သည် ကြောက်စရာအကောင်းဆုံးဖြစ်သည်။ လူမျိုးရေးအားဖြင့် မြန်မာတစ်ယောက်သည် စပါးကြီးဘာသာထဲသို့ ရောက်သွားတိုင်း မြန်မာနိုင်ငံပေါ်သို့ အနုမြူဗုံး တစ်လုံးကျသည်နှင့် တူပေသည်။ ဗုဒ္ဓဘာသာဝင် အမျိုးသမီးတစ်ယောက်အား သူတို့က နေ့စဉ်နှင့်အမျှ သိမ်းပိုက်နိုင်သလောက် ဗုဒ္ဓဘာသာဝင် အမျိုးသားတစ်ယောက်က သူတို့ အမျိုးသမီးတစ်ယောက်ကိုသော်မျှ ရနိုင်ဖို့ရာ (ဒုလ္လဘ- အလွန်ရခဲသည်) ဟုဆိုချင်သည်။ အကြောင်းကိုရှာသော်
သူတို့ဘာသာဝင်တို့၏ ဘာသာရေးထုံးစံတွင် သူတို့အမျိုးသမီးတစ်ယောက် သူတို့နှင့် ဘာသာခြားသော ယောက်ျားနှင့် ပေးစားထိမ်းမြားရမည့်အစား သတ်ပစ်လိုက်ခြင်းက မြတ်သည်ဟု ဘုန်းကြီး ပါကစ္စတန်တွင် ထောင်တွင်းသီတင်းသုံးစဉ်က မွတ်ဆလင်တစ်ယောက်က ဆိုဖူးလေသည်။ ချီးမွမ်းစရာပင်။ သူတို့အမျိုးသမီးများကို စည်းကမ်းကြီးစွာ အိမ်တွင်းပုန်းစေလေသည်။ ကြပ်တည်း ကျဉ်းမြောင်းစွာ စောင့်ရှောက်ထားသည်။ ရယူနိုင်ဖို့ဝေးစွ သူတို့အား မြင်နိုင်ဖို့ပင် ခဲယဉ်းစွ။ မြန်မာက (အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ) မှာ ပါးစပ်ကပြောသည်။ သူတို့မှာ တကယ်တန်း အရေးယူ ပြုလုပ်ကြပေသည်။ စည်းကမ်းရှိပါပေ့။ အတုယူလောက်ပါပေ့။ မြန်မာအမျိုးသမီးများကား ယောက်ျားနှင့် တန်းတူလွတ်လပ်ကြရကား အိုးချင်း ကြိုးချင်းထိမှု ငြိမှုမှာ ငှက်ပျောသီးကို အခွံနွှာ၍ စားရသလောက် ခက်ခဲမည်မဟုတ်ပေ။
ထို့ကြောင့် အရေးကြီးသော အောက်ပါအချက်(၇)ချက်ကို သတိရှေ့ရှုကြရန် မြန်မာအမျိုးသမီးများအဖို့ ဘုန်းကြီးစဉ်းစားမိသည်။

၁။ ဗုဒ္ဓဘာသာ၏ ဗုဒ္ဓတရားတော်၏ (အမြူတေ) အနှစ်သာရကို တိကျမှန်ကန်စွာ နားလည်မှုမရှိခြင်း။
၂။စီးပွားရေး မိုးခေါင်ခြင်း။
၃။ ကိုယ့်ဘာသာကိုယ် ယက်တက်သော စပါးကြီးဘာသာဝင်တို့နှင့် အိမ်ထောင်ပြုလိုက်ခြင်းအားဖြင့် ကိုယ့်အမျိုး ဘာသာ သာသနာပါ အဘယ်ရွေ့ အဘယ်မျှ နစ်နာဆုံးရှုံးသည်ကို မသိခြင်း။
၎။ မြို့နယ် ရပ်ရွာရှိ လူကြီးမိဘ၊ ဆရာသမား၊ အသင်းအဖွဲ့တို့သည် ဤအရေး ဤကိစ္စနှင့်စပ်လျဉ်း၍ ဆုံးမသြဝါဒ အပေးနည်းခြင်း၊ စင်စစ်မှာ ကိုယ့်အမျိုးပျောက်သုံးမည်ကို သတိမမူ လျစ်လျှူပြုကာ ဖာသိဖာသာနေကြခြင်း။
၅။ လူမျိုးဘာသာခြားနှင့် ရောနှောနီးကပ်စွာ ရောနှောကာ လက်ပွန်းတတီး ဆက်ဆံနေထိုင်ခြင်း။
၆။ ဘာသာရေးအရ လက်ထပ်ရေး ဥပဒေမရှိခြင်း။
၇။ ဇာတ်သီးခြား မရှိခြင်း။
ဒကာကြီးတတ်နိုင်သလောက် ဒီကိစ္စတွေကို ဆောင်ရွတ်ပါ။ ကိုယ့်အမျိုးဘာသာ တည်တံ့ရေးအတွက် ကြိုးစားပြီး အမျိုးဘာသာ၏ တာဝန်ကို သိစေလိုသည်။ နှိုးဆော်ရေး တာဝန်ကို စိတ်ရှည်စွာ ဘယ်သူဆဲဆဲ ဘယ်သူမောင်းမဲမဲ အားခဲ၍ သည်းခံဆောင်ရွတ်ပါ။ ဟူသည်တည်း။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)

No comments: