Friday, March 25, 2016

အစ်မကြီးဒေါ်စုအနေနဲ့က ဝန်ကြီးဌာန ၄ ခုကြီးတောင်တာဝန်ယူတော့မှာဆိုတော့ အရင်ခေတ်က ဦးခင်ညွှန့်ကိုသွားသတိရမိ

အစ်မကြီးဒေါ်စုအနေနဲ့က ဝန်ကြီးဌာန ၄ ခုကြီးတောင်တာဝန်ယူတော့မှာဆိုတော့ အရင်ခေတ်က ဦးခင်ညွှန့်ကိုသွားသတိရမိတယ် ဦးခင်ညွှန့်ကလည်းအားလုံးပါခဲ့တယ်ဗျ ပညာရေးကော်မတီဥက္ကဌ ကျန်းမာရေး အားကစား စက်မှု့ဇုန် စီးပွားရေးကော်မတီ စွမ်းအင် အိုဗျာ နောက်ဆုံးရွှေတိဂုံဘုရားဘက်စုံပြုပြင်ရေးထာဝရနာယက ဆိုတာတောင်ပါလိုက်သေးတယ်ထင်ပါတယ် ။ ဒါနဲ့သူ့အားကျပြီးတချို့ဝန်ကြီးတွေလည်း ဂရုဏာဖေါင်ဒေးရှင်း၏ရာသက်ပန်ဥက္ကဌ တို့ ခွေးဘေးမဲ့ခြံ၏တသက်စာနာယက တွေဘာတွေ ထလုပ်ကုန်တာတွေ့ရတယ် ။ အာဏာရှိနေတုံးတော့ ဘာလုပ်လုပ်တင့်တယ်နေတာပေါ့ ခေတ်အခြေနေအရ ဘာမှမပြောရဲလို့ မပြောခြင်လို့ ပြောရမှာနဲ့ခံရမှာမတန်လို့ ဒီတိုင်းငြိမ်ပြီးပြုံးကြည့်နေတဲ့သူတွေအများကြီးဗျ ။ ခုလည်းဒီအတိုင်းပါဘဲ ပြုံးကြည့်လိုက်ဦးမယ် ။ တကယ်တော့ အစ်မကြီးဒေါ်စုတာဝန်ယူသင့်တာက အသစ်ပေါ်လာတဲ့ တိုင်းရင်းသားရေးရာဝန်ကြီးပါ ဘာလို့လည်းဆိုတော့ဒီနေရာကိုလုပ်ခြင်တဲ့လူက ၁၃၅ ယောက်ရှိနေတယ် သူ့ပေးငါမကြေနပ်ငါ့ပေးသူမကြေနပ်နဲ့ဗျ ကျုပ်တို့လူမျိုးတွေကမွဲတုံးတာ တဲ့တာ အာဏာလေးမြင်ရင်ထခွပ်တော့တာထုံးစံဘဲ ။ ဒေါ်စုအနေနဲ့နိုဗယ်ဆုကိုမတန်မရာရထားတာမဟုတ်ဘူး လုပ်ခွင့်မရသေးလို့ပါ ခုလုပ်ခွင့်ရပြီ တိုင်းရင်းသားရေးရာဇောက်ချလုပ်ပြီးမြန်မာပြည်ကြီးငြိမ်းချမ်းအောင်လုပ်တော့မယ် လို့ ခံယူသင့်တယ် ငြိမ်းချမ်းအောင်လုပ်မယ်ဆိုပြီး ပြောထားတဲ့စကားကလည်းရှိနေတယ်မဟုတ်လား ခုတော့ဗျာ စွမ်းအင်ဘာညာဆိုတာငွေရွှင်တဲ့ဌာနတွေဗျ သူများတွေစားမှာစိုးလို့ ငါကိုင်ပေးလိုက်မယ်လို့ စေတနာနဲ့ပြောတာလားမသိဘူး ကိုထင်ကျော်ကိုကျမယုံတယ်ဆိုပြီး ပြစ်ထားလိုက်စမ်းပါ ကျနော်သာဒေါ်စုနေရာမှာဆို တိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုင်ပြီး ငြိမ်းချမ်းအောင်လုပ်ပလိုက်စမ်းပါ့မယ် ခုတော့ဗျာ မလျော်တာပါဘဲ။ အဲဒီတော့ဒေါ်စုကိုင်မယ့်ဝန်ကြီးဌာန ၄ ခု ကိုနာမည်တစ်ခုတော့ခပ်လှလှပေးသင့်တာပေါ့  စွမ်းအင် ပညာ သမ္မတရုံး နိုင်ငံခြား ဆိုတော့ အတိုကောက် " စပသန " ဝန်ကြီးဌာနလို့ခေါ်ရရင်တမျိုးကြီးဖြစ်နေမလားလို့  ဒီတော့ကျနော်စဉ်းစားမိတာကတိုတိုနဲ့လိုရင်းလူတွေလည်းနားလည်လွယ်အောင်  " တက်ထွာဆိုက်ကလင်း" ဝန်ကြီးဌာနလို့ဘဲအမည်ပေးတာကောင်းလိမ့်မယ်ထင်တာဘဲ ။ "ဖရင့်" တို့ရော စဉ်းစားမိတာရှိရင်ကူလိုက်ကြပါဦး ဗျာတို့ရေ ။

No comments: