Monday, March 28, 2016

Facebook Safety Check အမေရိကန်နဲ့ ပါကစ္စတန် နေရာမှားမေး

အဲ့ဒီအတွက်လည်း ပြန်တောင်းပန်ခဲ့ရပါတယ်။
play

အကြမ်းဖက်မှုတွေနဲ့ အန္တရာယ်ရှိတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားနေချိန်မှာ အန္တရာယ်ကင်းနေကြောင်း မိတ်ဆွေတွေကို အသိပေးနိုင်ဖို့ ပြုလုပ်ထားတဲ့ ဖေ့စ်ဘွတ်ရဲ့ Safety Check ဟာ ပါကစ္စတန်၊ လာဟိုးမြို့ ပေါက်ကွဲမှုမှာတော့ အမှားအယွင်းကြီးတစ်ခု ပြုလုပ်မိခဲ့ပါတယ်။
play

မတ်လ ၂၇ ရက် ညက လာဟိုးမြို့ ပန်းခြံတစ်ခုမှာ ဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၀ ကျော် သေဆုံးကာ ၃၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို ဖေ့စ်ဘွတ်က Safety Check ပို့တဲ့အခါ ပါကစ္စတန်နိုင်ငံရှိ ဖေ့စ်ဘွတ်အသုံးပြုသူတွေကို ပေးပို့ရမယ့်အစား အမေရိကန်က ဖေ့စ်ဘွတ်အသုံးပြုသူတွေကို မှားယွင်းပေးပို့ခဲ့မိတာပါ။
play

ဖေ့စ်ဘွတ် အသုံးပြုသူတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ပြီး Safety Check မှားယွင်းပေးပို့ခံရတဲ့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက လူမှုကွန်ရက်အကောင့်တွေမှာ ရေးသားလိုက်ကြပါတယ်။ လူအတော်များများကို မှားယွင်းပေးပို့ပြီးမှ ဖေ့စ်ဘွတ်က ပြန်လည်တောင်းပန်ခဲ့တယ်လို့ သိရပါတယ်။
Source : Business Insider

No comments: