စိတ်ဝင်စားဘို့ သိပ်ကောင်းတဲ့ ဖားကန့်ရဲ့ ရင်းနှီးမြှုပ်နှံမှု .....
မြင်တွေ့နေရတဲ့ မော်တော်ယဉ် တစ်စီးရဲ့ တန်ဘိုးက မြန်မာကျပ်ငွေ နဲ့တွက်ရင် သိန်းပေါင်းသောင်းကျော် ပေးရတယ်လို့ ကျောက်စိမ်းတူးဖော်ရေး ကုမ္မမှ အမည်မဖော်လိုသူ တစ်ဦးကပြောပါတယ် ။ ကျနော်မယုံဘူးလို့ ပြောတော့ ဘောက်ချာတွေပြပါတယ် ။ မော်ဒယ်ကတော့ အမျိုးမျိုးရှိပြီး လက်ရှိမြင်တွေ့ ရတာကတော့ COMAT'SU အမျိုးအစား မော်ဒယ် HD 785 ဖြစ်ပါတယ် ။ လက်ရှိဖားကန့်မှာတော့ ဒီမော်ဒယ်ဟာ အမြင့်ဆုံးနဲ့ မြင်းကောင်ရေအများဆုံးလို့ သိရပြီး ဈေးနှုံးတန်ဘိုးအားဖြင့်လည်း လက်ရှိဖားကန့်မှာတော့ အမြင့်ဆုံးလို့ ဆိုပါတယ် ။ HD465 , HD777 မော်ဒယ်တွေလည်း အသုံးများကြတယ်လို့ သူက ဆက်လက်ပြောပြပါသည် ။
ထိုကဲ့သို့ တန်ဘိုးမြင့် မြေသယ်ယဉ်ကြီးများ ရာနဲ့ချီ အသုံးပြုနေသည့် ဖားကန့်ဒေသ၏ ရင်းနှီးမြှုပ်နှံမှုပမာဏကို ကျနော်တို့ ပြည်သူများ အလွန်သိချင်နေကြသည် ။
ထိုအတွက် မည်သူ့ကို အားကိုးရမည်နည်း ။ပထမဆုံး ပြေးမြင်မိတာက မီဒီယာ ။ မီဒီယာကို ကျနော်တို့ဒေသခံတွေ အားကိုးသင့်သလောက် အားကိုးရပါသည် ။သို့သော် အလုံးစုံပြည့်စုံမှု ( ပြည်သူ့အပေါ် လက်တွေအကျိုးသက်ရောက်မှု) မရှိသေးပေ ။ကျနော်တို့ဒေသခံ ပြည်သူတွေက လောဘကြီးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်သည် ။ အချို့မီဒီယာဌာနများက မြေဇာပုံပြိုပြီး လူအများကြီးသေမှ သတင်လုပ်ချင်နေကြသည်ကိုလည်း တွေ့နေရသည် ။
ဖားကန့်သေတွင် လူများ၏ ဘဝပေါင်းများစွာ ၊အသက်ပေါင်းများစွာ အန္တရာယ်ရှိနေသော သတင်းများ အပုံအပင် ရှိနေပါသည် ။ထိုသတင်းရင်းမြစ်များကို စုံစမ်းဖော်ထုတ်ရန်အလို့ငှာ ကျနော်တို့လို့ မလောက်လေး မလောက်စား သတင်းသမားမျာအဖို့ မစွမ်းသာပေ ။ ထိုအရာသည်ပင် ကျနော်တို့၏ အရည်အချင်းညံဖျင်းမှု ( ပညာရည်မပြည့်ဝမှု) ပင်ဖြစ်သည်ကို ဝန်ခံပါ၏ ။ပညာရည်ပြည့်ဝသော မီဒီယာသမားအချို့ကြပြန်တော့လည်း ကိုယ့်ဘို့ကိုပဲ ကြည့်သွားကြသည်ကို တွေ့ခဲ့ရ၏ ။ ဒီနေရာမှာ မီဒီယာသမားများကိုချည်း အပြစ်တင်၍မရပေ ။ တာဝန်ခံမှု ၊တာဝန်ယူမှု နည်းပါးလှသော အုပ်ချုပ်သူများဘက်မှ တာဝန်ပျက်ကွက်မှုက အဓိက ကျမည်ထင်ပါသည် ။
မီဒီယာသမားများ၏ ဖော်ပြမှုကြောင့် တိုင်းသိပြည်သိ အကြောင်းအရာများသည် အုပ်ချုပ်သူမျာဘက်မှ တာဝန်ယူဆောင်ရွက်ခြင်းမပြုပဲ ကြူးလွန်သူများကို လိုင်းကြေးတိုးကောက်ရန် ဖန်တီးပေးသလို ဖြစ်နေသည်က ဆိုးလွန်းလှပါသည် ။
အကျင့်ပျက်ဝန်ထမ်းထု လက်ထဲမှ ကျက်ပေါင်ကွင်းဥပဒေ သည် ဝန်ထမ်းထုအတွက် လက်ဆောင်ခြင်းတွေ ကြီးလာသည်မှလွဲပြီး ခရီးမပေါက်သည်မှာ နှစ်ပေါင်းဆယ်ချီခဲ့ပြီ မဟုတ်ပါလား ။
အစကို ပြန်ကောက်ရလျှင် ကျနော်တို့တစ်တွေ မှန်းဆက်တွက်ချက်ရန် ခဲယဉ်းလှသော ကျောက်စိမ်းတွင်းဒေသရှိ ကျောက်မျက်ကုမ္မဏီများ၏ ရင်းနှီးမြှုပ်နှံမှုသည် အစိုးရသစ်၏ ဖားကန့်ဒေသအတွက် ပထမဆုံး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် တစ်ရပ်ဟု ပြောရလျှင် မှားမည်မထင်ပေ ။ထိုအတွက် ဒေသခံပြည်သူလူထုနှင့် ပြည်သူများကလည်း အစိုးရသစ်နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်သည် ။ မီဒီာများအနေဖြင့်လည်း ထိထိရောက်ရောက် ထဲထဲဝင်ဝင် ပူးပေါင်းပါဝင်ဆောင်ရွက်ဘို့ တိုက်တွန်း မေတ္တာရပ်ခံချင်ပါသည် ။
ဇော်မိုးထက်
No comments:
Post a Comment