Saturday, March 26, 2016

ဒေါ်အောင်ဆန်းစုကြည်ပေးတဲ့ ပညာသင်ဆု လျှောက်လို့ရပြီ

ပညာသင်ဖို့ အခက်အခဲဆုံးဖြစ်နေသူတွေကို ရွေးချယ်ပေးအပ်နေတယ်လို့ သိရပါတယ်။
play

အခြေခံပညာအဆင့်ကနေ တက္ကသိုလ်ဝင်တန်းအထိ ပေးအပ်မယ့် ဒေါ်အောင်ဆန်းစုကြည် ပညာသင်ဆုကို လျှောက်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ အနေနဲ့ ဧပြီလကုန်မတိုင်ခင် လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
အခြေခံပညာအဆင့်ကနေ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူတွေကို ပညာသင် ထောက်ပံ့ကြေးတွေ ပေးမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဦးကျော်ထွေးက ပြောပါတယ်။
play

လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ်စပြီး ပညာသင်ဆုတွေကို စပေးခဲ့တာဖြစ်ပြီး လျှောက်ထားသူများတာကြောင့် ပညာသင်ဖို့ အခက်အခဲဆုံးဖြစ်နေသူတွေကို ရွေးချယ်ပေးအပ်နေတယ်လို့ သိရပါတယ်။
ဒီပညာတော်သင်ထောက်ပံကြေး လျောက်ထားလိုတဲ့ သူတွေအနေနဲ့ သက်ဆိုင်ရာကျောင်းရဲ့ ထောက်ခံချက် နဲ့ နေထိုင်တဲ့မြို့နယ်က NLD ပါတီ အလုပ်အမှုဆောင်တစ်ဦးဦးရဲ့ ထောက်ခံချက်ကို ပူးတွဲတင်ပြရမယ်လို့ ဆိုပါတယ်။
play

ဒီအစီအစဉ်အတွက် NLD ပညာရေးကွန်ရက် က တိုင်းနဲ့ပြည်နယ်တစ်ခုစီကို လေးဦးနှုန်းနဲ့ ပညာသင်ဆုတွေ ပေးအပ်ခဲ့တာပါ။
NLD ပညာရေးကွန်ရက်ရဲ့ အစီစဉ်ကနေ မူလတန်းနဲ့ အလယ်တန်းကျောင်းသူ ကျောင်းသားတွေအတွက် လစဉ်ထောက်ပံ့ကြေးငွေ ကျပ်တစ်သောင်း၊ အထက်တန်းအတွက် တစ်လ ငွေကျပ် သုံးသောင်းနဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသူ ကျောင်းသားတွေအတွက် တစ်လ ကျပ်ငါးသောင်း လစဉ်ပေးအပ်သွားမှာ ဖြစ်ပါတယ်။
Source : RFA
Photo   : RFA,NLD

No comments: