ကြွေးကျန်ရှိတဲ့ လူတွေအများစုက အကြွေးတွေလာဆပ်နေကြပေမယ့် ကျပ် ၂၃ သန်းနီးပါး ကျန်နေသေးတယ်လို့ သိရပါတယိ။
မွေးမြူရေး ရေလုပ်ငန်းနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနလက်အောက်က မွေးမြူရေး၊ အစားအစာနှင့်နို့ထွက် ပစ္စည်းလုပ်ငန်း လက်ထက်မှာ လုပ်ငန်းရှင် ၃၁ ဦးက နိုင်ငံတော်ကို ငွေကျပ်သန်းပေါင်း ၂၂၉၈ဝ ကျော်ပေးဆပ်ဖို့ ကျန်နေသေးတယ်လို့ သိရပါတယ်။
''အရင်ကအကြွေး ကျပ် ၄၂ သန်းရှိတာမှာ နိုင်ငံတော်ဘဏ္ဍာငွေမဆုံးအောင် နည်းလမ်းမျိုးစုံနဲ့အကြွေးတွေတောင်း နေရတယ်" လို့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ကြွေးကျန်ရှိတဲ့ လူတွေအများစုက အကြွေးတွေလာဆပ်နေကြပေမယ့် ကျပ် ၂၃ သန်းနီးပါး လောက်ကျန်နေသေးတယ်လို့ သိရပြီး ရာဇဝတ်ကြောင်းနဲ့တရားစွဲဆိုထားတဲ့ ၆၃ မှုမှာ ၂၉ မှု က အကြွေးကျေသွားပြီလို့ သိရပြီး ၃၄ မှု ကျန်နေသေးတယ်လို့ ဆိုပါတယ်။
"တရားမကြောင်းနဲ့ တရားစွဲဆိုထားတဲ့ အမှုကတော့ သုံးမှုစလုံးကျန်ရှိနေပါသေးတယ်။ ဒီအမှုတွေနဲ့ပတ်သက်ပြီး တရားရုံးက ဆက်လက်ဆောင်ရွက်သွားမှာပါ'' လို့ မွေးရေဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိတဲ့ အရာရှိတစ်ဦးက ပြောပါတယ်။
Source : Democracy Today
Photo : Reuters
No comments:
Post a Comment