Saturday, March 26, 2016

မာရီယာ ကာရေးရဲ့ ဘရပ်ဆဲလ် ဖျော်ဖြေပွဲ ဖျက်သိမ်း

မာရီယာ ကာရေးက ဘရပ်ဆဲလ်မြို့ရှိ ဖောရက်စ် အမျိုးသားကဇာတ်ရုံမှာ သီဆိုဖျော်ဖြေဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
play

ပေါ့ပ်အဆိုတော် မာရီယာ ကာရေးရဲ့ ဘရပ်ဆဲလ်မြို့မှာ သီဆိုဖျော်ဖြေမယ့် အစီအစဉ်ကို လုံခြုံရေး အခြေအနေကြောင့် ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။ ဘရပ်ဆဲလ်မြို့ရဲ့ လေဆိပ်နဲ့ ရထားဘူတာမှာ အသေခံ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားကာ လူ ၃၁ ဦး သေဆုံးခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ မတ်လ ၂၂ ရက်က ဖြစ်ပွားခဲ့ပါတယ်။
play

ဘရပ်ဆဲလ်က ပရိသတ်တွေကို ချစ်ခင်ကြောင်းနဲ့ လက်ရှိ အချိန်မှာ ပရိတွေ၊ တီဝိုင်းအဖွဲ့သားတွေနဲ့ အားလုံးရဲ့ လုံခြုံရေးအတွက် သီဆိုဖျော်ဖြေပွဲကို ဖျက်သိမ်းဖို့ အကြံပြုမှုတွေ ရှိခဲ့ကြောင်း မာရီယာ ကာရေးက တွစ်တာမှာ ပြောပါတယ်။
play

မာရီယာ ကာရေးက သူမရဲ့ ဥရောပ ဖျော်ဖြေရေးခရီးစဉ်ကို ဗြိတိန်မှာ စတင်ခဲ့ပြီး တနင်္ဂနွေနေ့ (မတ်လ ၂၇ ရက်) မှာ ဘရပ်ဆဲလ်မြို့ရှိ ဖောရက်စ် အမျိုးသားကဇာတ်ရုံမှာ သီဆိုဖျော်ဖြေဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။
Source & Photo: AFP, AP

No comments: