Saturday, March 26, 2016

အပြာကားပြတဲ့ အဌားယာဉ်မောင်းရဲ့ ကားနံပါတ်ကို လိုက်စုံစမ်းနေပြီ

ပြစ်မှုဥပဒေပုဒ်မ ၅၀၉ နဲ့ တရားစွဲဆိုနိုင်ကာ ထောင်ဒဏ်နှစ်နှစ်နဲ့ ငွေဒဏ်ပါချမှတ်နိုင်တာ ဖြစ်ပါတယ်။
play

အဌားယာဉ်မောင်းသမားက ခရီးသည်အမျိုးသမီးငယ်တစ်ဦးကို အပြာကားပြသခဲ့ကြောင်း မတ်လ ၂၄ ရက်နေ့က  ဖေ့ဘွတ်လူမှုကွန်ယက်မှာ ဓာတ်ပုံတွေနဲ့ ပြန့်နှံ့ခဲ့ပါတယ်။
play

ယာဉ်နံပါတ်ကို သိတာကြောင့်  နယ်မြေထဲမှာ လိုက်လံစုံစမ်းနေတယ်လို့ တောင်ဥက္ကလာရဲစခန်းက ပြောကြားထားကြောင်း 7Day Daily ကဖော်ပြထားပါတယ်။ အဆိုပါကိစ္စနဲ့ပက်သက်ပြီး လာရောက်တိုင်ကြားမှုမရှိသေးကြောင်းနဲ့ လာရောက်တိုင်ကြားပါလို့ ပြောချင်ကြောင်း ဒုရဲမှုးမြင့်လွင်သန်းက ပြောကြားထားတာ ဖြစ်တယ်လို့ သိရပါတယ်။
play

လိင်ပိုင်းဆိုင်ရာ မြူဆွယ်ခံရရင် နီးစပ်ရာရဲစခန်းမှာ တိုင်ကြားနိုင်တာ ဖြစ်ပြီး ပြစ်မှုဥပဒေပုဒ်မ ၅၀၉ နဲ့ တရားစွဲဆိုနိုင်ကာ ထောင်ဒဏ်နှစ်နှစ်နဲ့ ငွေဒဏ်ပါချမှတ်နိုင်တာ ဖြစ်ပါတယ်။
Photos & Source: 7Day Daily, Su Myat Mon

No comments: