Saturday, March 26, 2016

မော်တော်ယာဉ်အခွန်တွေ မြို့နယ်အခွန်ရုံးမှာ ဆောင်လို့ရပြီ

အရင်တုန်းက ကားဝယ်ရောင်းလုပ်ရင် တိုင်းဒေသကြီးနဲ့ ပြည်နယ်ရုံးတွေမှာပဲ ပေးဆောင်ရတာပါ။
play

မော်တော်ယာဉ်တန်ဖိုးဖြတ်တာတွေနဲ့ အခွန်ဆောင်တာတွေအတွက် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနတွေမှာ ပေးဆောင်လို့ရပြီလို့ ပြည်တွင်းအခွန်များဦးစီး ဌာနက သိရပါတယ်။
‘‘တိုင်းဒေသကြီးနဲ့ ပြည်နယ် ရုံးတွေမှာ ပေးဆောင်ခွင့်နဲ့ တန်ဖိုး ဖြတ်ခွင့်သတ်မှတ်ထားတာက သွားရလာရဝေးတာ၊ နီးတာတွေရှိနေတော့ လာမဆောင်ဖြစ်ကြဘူး။ အဲဒါကြောင့် နေထိုင်တဲ့နေရာနဲ့ နီးစပ်တဲ့မြို့နယ်ရုံးတစ်ခုခုမှာပါ ပေးဆောင်ဖို့ စီစဉ်လိုက်တာပါ’’ လို့ ပြည်တွင်းအခွန်များဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ဆဲဗင်းဒေး သတင်းစာကိုပြောပါတယ်။
play

အရင်တုန်းကတော့ ကားဝယ်ရောင်းလုပ်ရင် ကားတန်ဖိုး စိစစ်သတ်မှတ်တာတွေ၊ အခွန်ဆောင်ရတာတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ရုံးတွေမှာပဲ ပေးဆောင်ရတာပါ။
ဒါပေမယ့် အခွန်ပေးဆောင်သူတွေလာဖို့ အခက်အခဲတွေ ရှိနေလို့ အခွန်ပေးဆောင်ဖို့ ပျက်ကွက်တာတွေ ရှိခဲ့တာကြောင့် မတ်လ ၂၅ ရက်နေ့ကနေစပြီး မြို့နယ်အခွန်ဦးစီးဌာနရုံးတွေမှာ ပေးဆောင်နိုင်ဖို့ စီစဉ်ခဲ့တာပါ။
Source : 7DayDaily
Photo   : kratpraythar.blogspot,Reute

No comments: