Saturday, March 26, 2016

မီးလောင်ခဲ့တဲ့ မန်းမင်္ဂလာဈေးကို ဖြိုချမယ်

အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်နိုင်ဖို့ စစ်ဆေးနေပြီး ပြီးစီးရင် ဖြိုချဖျက်ဆီးမယ်လို့ သိရပါတယ်။
play

မတ်လ ၂၂ ရက်နေ့က မီးလောင်ကျွမ်းခဲ့တဲ့ မန္တလေးမင်္ဂလာဈေးကို အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်နိုင်ဖို့ စစ်ဆေးနေပြီး ပြီးစီးရင် ဖြိုချဖျက်ဆီးမယ်လို့  သိရပါတယ်။
ဒါပေမယ့် ဘတ်ဂျက်နှစ်ကုန်ခါနီးနဲ့ အစိုးရအာဏာအလွှဲအပြောင်း ကြားကာလဖြစ်တာကြောင့် ဈေးသစ်ဆောက်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် အခန်းပေါင်း ၅၅၀ ရှိတဲ့ မင်္ဂလာဈေးထဲက ဆိုင်ခန်း ၃၂၁ ခန်းနဲ့ ပျံကျဆိုင်ခန်း ၄၃ ခုဆုံးရှုံးပျက်စီးခဲ့ပြီး မန္တလေးမြို့တော်စည်ပင်က အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပါတယ်။
play

မီးလောင်ရာမှာ မပါခဲ့တဲ့ မင်္ဂလာဈေး အဆောက်အအုံအပေါ်ထပ် လူနေတိုက်ခန်းမှာ နေထိုင်တဲ့သူတွေကို မန်းစည်ပင်သာယာဈေးဌာနက မတ် လ ၂၅ ရက် နောက်ဆုံးထားပြီး ရွှေ့ပြောင်းဖို့  ညွှန်ကြားထားပါတယ်။
လောလောဆယ်မှာ ယာယီဈေးပြန်ဆောက်ဖို့ မဖြစ်နိုင်တာကြောင့် မင်္ဂလာဈေးကြီး အရှေ့ဘက်၇၂ လမ်း၊ ၃၀×၃၁ လမ်းကြားမှာ ပျံကျဆိုင်ပေါင်း ၂၅၀ ခန့်ကို မဲစနစ်နဲ့ နေရာတွေ ချထားပေးပြီး လိုအပ်ရင် ၃၁ လမ်း၊ ၇၀×၇၁ ကြားမှာလည်း ချထားပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
Source & Photo : 7DayDaily

No comments: