Saturday, March 26, 2016

တစ်ခေတ်တစ်ခါက ပြဇာတ်တွေနဲ့ ရန်ပုံငွေပွဲ

အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာရန်ပုံငွေ ဖျော်ဖြေပွဲကို မတ်(၂၅)ရက်နေ့က အမျိုးသားကဇာတ်ရုံမှာ ဖျော်ဖြေခဲ့တာဖြစ်သလို (၂၆)ရက်နေ့မှာလည်း ဆက်လက် ကပြ ဖျော်ဖြေအုံးမှာ ဖြစ်ပါတယ်။
play

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တင်ဆက်တဲ့ ဘီအီးဒီ အောင်သိုက်၏ တစ်ခေတ်တစ်ခါက ကျော်ကြားခဲ့သည့်ပြဇာတ် "မရွှေအထက်တန်းစား"ကို ဒါရိုက်တာမိုက်တီးက မူရင်းအရသာ မပျက်ပြန်လည် ဖော်ထုတ်တင်ဆက်ရာ ပြေတီဦး၊ မိုးအောင်ရင်၊ ခိုင်သင်းကြည်၊ ဖူးစုံ၊ ဧရာ တို့ဖြင့် တင်ဆက်ခဲ့ခြင်းကြောင့် ပရိသတ်များရင်ကို ထိရှေ ကျနပ်ခဲ့ကြသည်ကို တွေ့ရပါတယ်။
play

နေမဝင် အနုပညာဆည်းဆာရိပ် ပွဲတော်အဖြစ် စာပေ၊ ပန်းချီ၊ သဘင်၊ ဂီတ၊ ရုပ်ရှင်၊ အနုပညာ နယ်ပယ်စုံ အနုပညာရှင်များ ပေါင်းစုကာအနုပညာ ဆည်းဆာရိပ် ဘိုးဘွားရိပ်သာရန်ပုံငွေပွဲကို မနေ့က တင်ဆက် ကပြ ဖျော်ဖြေခဲ့သလို ဒီနေ့ ညမှာလည်း ဆက်လက် ကပြသွားအုံးမှာ ဖြစ်ပါတယ်။
Source : The New Sky Medi

No comments: