တေလာဆွစ်ရဲ့ နာမည်ကြီး မိန်းကလေးအုပ်စုထဲကို ကလိုဝီဂရေ့စ်မိုရက်စ်မဝင်ချင်တဲ့ အကြောင်းရင်း ရှိပါတယ်။
နာမည်ကြီးတွေသာ စုနေတဲ့ တေလာဆွစ်ရဲ့ အဖွဲ့ထဲကို ဝင်ခွင့်ရဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။ ကလိုဝီဂရေ့စ် မိုရက်စ်ဟာ အဲဒီအဖွဲ့ထဲကို ဝင်ဖို့ ကမ်းလှမ်းခံရပေမဲ့လည်း ငြင်းပယ်ခဲ့သူပါ။
တေလာဆွစ်ရဲ့အဖွဲ့ဆိုတာက ကမ္ဘာကျော်တွေချည်းပဲ ပြည့်နေတာလေ။
ဂျီဂျီဟက်ဒီး၊ ဆလီနာဂိုးမက်ဇ်၊ ကန်ဒဲလ်ဂျန်နာ နဲ့ ကာလီကလော့စ်တို့လည်း တေလာဆွစ်အဖွဲ့ထဲမှာ ရှိကြပါတယ်။
ကလိုဝီဟာ Complex မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ အဲဒီအဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းခံရတာ မှန်ကန်ကြောင်း အတည်ပြု ပြောကြားရင်း တေလာ့အကြောင်းနဲ့ ပတ်သက်ပြီး "သူမက အရမ်းကို ပါရမီထူးတဲ့ သူပါ"လို့ပဲ ပြောသွားခဲ့ပါတယ်။
အသက် ၁၉ နှစ်သာ ရှိသေးတဲ့ မင်းသမီးလေး ကလိုဝီက သူမဟာ အမျိုးသားနဲ့ အမျိုးသမီး တန်းတူအခွင့်အရေးရလိုတဲ့ အမျိုးသမီးဝါဒီတစ်ဦးဖြစ်တဲ့အတွက် အမျိုးသမီးတွေချည်းပဲရှိတဲ့ သီးခြားအုပ်စုဝင် မဖြစ်ချင်တာပါ။
"'ဒါက တန်းတူညီမျှရှိရေးပါ။ အမျိုးသမီးတွေချည်းပဲ အင်အားကောင်းရမယ်ဆိုတာမျိုး မဟုတ်ဘူး။ လူမျိုးစုတွေ အင်အားကောင်းရမယ်။ ကျားမအားလုံး အင်အားကောင်းရမယ်" လို့ သူမက ရှင်းပြခဲ့ပါတယ်။
Source & Photos : radioone
No comments:
Post a Comment