Monday, March 28, 2016

အမူးလွန်နေချိန်မှာ အကြိုက်ဆုံးဖြစ်လာတဲ့အရာ (၆) ခု

play

တစ်ခါတစ်လေမှာ သောက်နိုင်တာထက် ပိုသောက်မိတဲ့အခါ အမူးလွန်သွားတတ်ပါတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ဖြစ်လာတတ်တဲ့ ကောင်းတာလေးတွေလည်း ရှိတတ်ပါတယ်။
play

၁။ အိပ်လို့ကောင်း
ပုံမှန်အချိန်တွေမှာ အိပ်မပျော်သူတွေကတော့ အရက်သောက်ပြီးရင် အိပ်လို့ကောင်းသွားပါပြီ။ ညပိုင်းသောက်ပြီး မနက်ပိုင်းနိုးလာတော့လည်း အိပ်ချင်နေတုန်းပါပဲ။
၂။ စားလို့ကောင်း
မကြိုက်ပါဘူးဆိုတဲ့ အစားအစာတွေတောင်မှ စားလို့ကောင်းသွားပါတယ်။
play

၃။ ရေ
သောက်ပြီး မှောက်သွားလို့ မနက်နိုးလာတဲ့အခါ ရေများများ သောက်တော့တာပါပဲ။ ရေကိုပိုပြီး ဆာလောင်လာတဲ့အခါ များများသောက်ဖြစ်လာတယ်လေ။
၎။ ပွေ့ဖက်တာ
မူးသွားတာနဲ့ ပွေ့ဖက်ချင်စိတ် ပေါ်လာတတ်ပါတယ်။ ကိုယ့်ကို ပွေ့ထားပေးရင်လည်း အရမ်းသဘောကျနေတာမျိုးပါ။ အထူးသဖြင့် မူးနေတဲ့ကိုယ့်ကို ကြင်နာယုယစွာ ပွေ့ဖက်ထားသူက မသောက်ထားသူ (ဒါမှမဟုတ်) မမူးတဲ့လူဆိုရင် အရမ်းသဘောကျမိပါတယ်။
play

၅။ အိမ်မွေးတိရစ္ဆာန်လေးတွေ
အိမ်မှာမွေးထားတဲ့ တိရစ္ဆာန်လေးတွေကို အလိုလို ချစ်တတ်လာပြန်ရော။ သူတို့ကိုတောင် တယုတယနဲ့ ပွေ့ချီတာမျိုးတွေလည်း လုပ်ဖြစ်သွားပါတယ်။ စကားတွေဘာတွေတောင် သွားပြောမိနေပါသေးတယ်။ သူတို့က ကိုယ့်ကို ရန်တွေ့တာ၊ ကဲ့ရဲ့တာမျိုးလည်း မလုပ်တတ်ကြဘူးမဟုတ်လား။
play

၆။ စောင်
စောင်ခြုံရတာ မကြိုက်တဲ့လူတွေက မူးပြီးကောင်းလာလို့ အိပ်ယာထဲရောက်ရင် စောင်တွေခြုံဖြစ်သွားတာမျိုးလည်း ရှိပါသေးတယ်။

No comments: