Saturday, March 26, 2016

ကော်ဖီမစ်ကုန်ကြမ်းတွေကို ပြည်ပ ဓာတ်ခွဲခန်းတွေမှာ စစ်ဆေးနေ

ကော်ဖီမစ်တွေမှာ အုန်းမှုတ်ခွက်အခွံနဲ့ မန်ကျီးစေ့တွေ ရောနှောထည့်သွင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောင်ပိုင်း အခုလို စစ်ဆေးခဲ့တာပါ။
play

ပြည်တွင်းမှာရှိတဲ့ ကော်ဖီမစ်စက်ရုံတွေက ကော်ဖီမစ်ကုန်ကြမ်းနမူနာတွေနဲ့ ဈေးကွက်ထဲမှာရောင်းချနေတဲ့ ကော်ဖီမစ်နမူနာတွေကို ပြည်ပနိုင်ငံတွေက ဓာတ်ခွဲခန်းတွေကို ပေးပို့စစ်ဆေးနေတယ်လို့ သိရပါတယ်။
၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းက ပြည်တွင်းမှာထုတ်လုပ်တဲ့ ကော်ဖီမစ်တွေမှာ အုန်းမှုတ်ခွက်အခွံနဲ့ မန်ကျီးစေ့တွေ ရောနှော ထည့်သွင်းထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အခုလိုစစ်ဆေးခဲ့တာပါ။
play

''ကော်ဖီမစ်တွေရဲ့ အခြေအနေက ကျွန်တော်တို့စစ်ဆေးနေဆဲဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ ဓာတ်ခွဲခန်းနဲ့ စစ်ဆေးတာတင် မဟုတ်ပါဘူး။ နိုင်ငံတကာကဓာတ်ခွဲခန်းနဲ့ပါ ချိတ်ဆက်ပြီးတော့ မှန်မှန်ကန်ကန် အဖြေဖြစ်စေချင်လို့ သေချာ စစ်ဆေးနေပါတယ်။ ပြီးရင် စစ်ဆေးချက်ရလဒ်ကို ထုတ်ပြန်ကြေညာသွားမှာပါ'' လို့ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။
ကျန်းမာရေးအတွက် အန္တရာယ်ရှိတယ်လို့ ယူဆရတဲ့ ကုန်ကြမ်းတွေကို စံချိန်စံညွှန်းနဲ့ ညီ၊ မညီ၊ အခြား အရောအနှောတွေ ပါဝင်မှု ရှိ၊ မရှိ စစ်ဆေးဖို့ လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
Source : Xinhua
Photo   : VOA

No comments: