Friday, March 25, 2016

ငါးထောင်တန် ငွေစက္ကူအတုနှင့်ဆက်စပ်ပစ္စည်းများမြစ်ကြီးနား၌ သိမ်းဆည်းရမိ

ငါးထောင်တန် ငွေစက္ကူအတုနှင့်ဆက်စပ်ပစ္စည်းများမြစ်ကြီးနား၌
သိမ်းဆည်းရမိ

မြစ်ကြီးနား မတ် ၂၄

မြစ်ကြီးနားမြို့ သစ္စာတည်းခိုခန်း၌ ညအိပ်တည်းခိုပြီး ငါးထောင်တန် ငွေစက္ကူအတုပြုလုပ်သူတစ်ဦးကို မတ် ၂၂ ရက်က ဖမ်းဆီးအရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မိုးမြင့်ဦး နှင့် တပ်ဖွဲ့ဝင်များ နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ငါးထောင် တန် ငွေစက္ကူအတုများ ပြုလုပ်နေကြောင်း သတင်းအရ မြို့သစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးနှင့် အသိသက်သေများ သစ္စာတည်းခိုခန်း သို့ ဝင်ရောက်ပြီး ဦးရဲမင်းအား စစ်ဆေးရာ ၄င်းဝတ်ဆင်ထားသည့် မိုးကာ အင်္ကျီအတွင်းမှ ကည-၄၃၂၃၃၂၆ နံပါတ်တူသည့် ငါးထောင် တန် ငွေစက္ကူ အတု သုံးရွက်၊ ရှပ်အင်္ကျီအိတ်ကပ်အတွင်းမှ ငါးထောင်တန် ငွေစက္ကူ အတု လေးရွက်၊ တည်းခိုခန်းခ ပေးချေထားသည့် ငါးထောင်တန် ငွေစက္ကူ အတု နှစ်ရွက် စုစုပေါင်း ကိုးရွက်ကို သက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့ သည်။

ပြစ်မှုကျူးလွန်သူ ဦးရဲမင်း၏ ထွက်ဆိုချက်အရ မြစ်ကြီးနားမြို့ အနော် ရထာလမ်းမကြီးနှင့် စည်ပင်သာယာလမ်းထောင့်ရှိ မနောဖြူ အထည်နှင့် ဖိနပ်ဆိုင်ဖွင့်လှစ်ထားသည့် အငှားနေအိမ် ဆိုင်ခန်းသို့ သွားရောက် ရှာဖွေရာ ငွေစက္ကူအတုများပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ် ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့သည်။

ငွေစက္ကူအတုများ ပြုလုပ်သုံးစွဲခဲ့သူ ဦးရဲမင်း(၂၄ နှစ်) မြစ်ကြီးနားမြို့ ဧရာရပ်ကွက်နေသူကို မြစ်ကြီးနားမြို့ မြို့မရဲစခန်းက အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။

မင်းရာဇာ(မြစ်ကြီးနား)

No comments: