Monday, March 28, 2016

၂၀၀၈ နဲ့ ပတ်သက်လို့ ဦးဝင်းမြင့် ပြောတာ မှန်သလား မှားသလား =================

၂၀၀၈ နဲ့ ပတ်သက်လို့ ဦးဝင်းမြင့် ပြောတာ မှန်သလား မှားသလား
============================================
တပ်ကိုယ်စားလှယ် ပြောတာက ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တွေ အမည်
စာရင်းပြည်ထောင်စုလွှတ်တော်ကိုတင်သွင်းတဲ့အထဲမှာ နိုင်ငံတော်သမ္မတ
က အမည်စာရင်းပေးတဲ့သူကို ပြောတာ ဖြစ်တယ်

သမ္မတကပေးတဲ့သူကိုသတ်မှတ်အရည်အချင်းတွေနဲ့မညီညွတ်ဘူးလို့
သက်သေ အထင်အရှားမပြနိုင်ရင် ငြင်းပယ်ခြင်း မရှိစေရ လို့ပဲ ပြဌာန်း
ထားတယ်

ပြည်သူ့လွှတ်တော်ဥက္ကဌက အမည်စာရင်းပေးတဲ့သူကို ငြင်းပယ်ခြင်း
မရှိစေရ ဆိုတာ လုံးဝ မပါဘူး၊ အခြေခံဥပဒေမှာ

ဒါကို ငါ့စကား နွားရ ပြောပြီး လဒတွေ လှောင်နေတာ တွေ့ရလို့ ပြော
ရခြင်း ဖြစ်တယ်

အမှန်ကဒီလူတွေအကုန်လုံးကို သမ္မတကတင်ရမှာ၊ဘယ်လို တင်ရ
မလဲ ဆိုရင်

ပြည်သူ့လွှတ်တော် ဥက္ကဌက ၃ ယောက်အမည်စာရင်းသမ္မတဆီ ပို့
ပေးရမယ်

အမျိုးသားလွှတ်တော်ဥက္ကဌက ၃ ယောက်အမည်စာရင်းကို သမ္မတ
ဆီ ပို့ပေးရမယ်

သမ္မတက သူရွေးထားတဲ့ ၃ ယောက်နဲ့ ပေါင်းပြီး ၉ ယောက်စလုံးကို
ပြည်ထောင်စုလွှတ်တော် နာယကဆီ ပို့ပေးရမှာ

လက်မှတ်ထိုးရင်လည်း နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်
ခံရသူ ဆိုပြီး ဦးထင်ကျော်က ထိုးပြီး စာပို့ရမယ်

ဒီလိုပို့မှ ၉ ယောက်လုံးဟာ သမ္မတက အမည်စာရင်း တင်တဲ့သူ ဖြစ်
မယ်

တပ်ကိုယ်စားလှယ် ပြောတာက ဒီအချက်ကို ပြောတာ၊ အခြေခံဥပဒေ
ထဲ ပြန်ရှာကြည့်

ပြည်သူ့လွှတ်တော်ဥက္ကဌကအမည်စာရင်းတင်သွင်းသူကိုအရည်အချင်း
ပျက်ယွင်းကြောင်း သက်သေမပြနိုင်ရင် ငြင်းပယ်ခြင်း မရှိစေရ ပါသလား

ကိုယ့်ဘာသာကိုယ် အခြေခံဥပဒေနဲ့ ညီအောင် မလုပ်ဘဲ ငါ ဥက္ကဌ၊ ငါတို့
က လူများတယ် ဆိုပြီး ရိလား စောင်းလား လုပ်တာက လွှတ်တော်ဥက္ကဌ
ရာထူးနဲ့ မညီဘူး

အခုဟာက ဘာမှန်းမသိ၊ ဘယ်သူက ရွေး ဘယ်သူ ဆိုပြီး ရုံးစာ မဟုတ်၊
လက်မှတ်မပါ၊ လမ်းဘေးကကွန်ပျူတာဆိုင်မှာ စာစီသလို ရိုက်ပြီး တင်တဲ့
စာရင်း

ဒီတော့ တပ်က ထောက်တော့ ဘာမှန်းမသိတဲ့ လဒတွေက လှောင်တယ်
ပြန်မေးကြည့်ဦး၊ ဦးဝင်းမြင့် အခြေခံဥပဒေကို ပြန်ဖတ်ကြည့်ဦး လို့

တပ်က အခြေခံဥပဒေနဲ့ပဲ ထောက်တယ် ၊ မဟုတ်ပါဘူး စွတ်ငြင်းတာ
ဦးဝင်းမြင့်၊ ဒေါ်ခင်ဌေးကြွယ် ၁၆ နှစ် သမီး မဟုတ်ဘူး ပြောသွားသေး
တယ်

လွှတ်တော်ကိုယ်စားလှယ် ၃ ကြိမ် ပြောတယ်၊ ဘယ်တုန်းက ရှေ့နေ
လိုင်စင် ရခဲ့ပါတယ် လို့ ပြောတယ်၊ ကောင်းပြီ၊ အဲဒီ ဘယ်တုန်းက ရခဲ့
တယ် ဆိုတဲ့ဟာကို ကိုယ်ရေးရာဇဝင်မှာ ထည့်လေ၊ ဒီရာထူးမှ ခန့်မယ်
ဆိုရင် ဒီရာထူးအတွက် သတ်မှတ်ထားတဲ့ အရည်အချင်း ပြည့်ပါတယ်
ဆိုတာကို ထင်ရှားအောင် ထည့်လေ

ပြီးတော့မှ သူတစ်ယောက်တည်း သိတဲ့ဟာကို ပြောပြပြီး ညီပါတယ်လုပ်
ဟာသပဲ

ပြောရရင် ဆယ်တန်းအောင်မှ ခန့်မယ့် အလုပ်ကို ရဖို့ အလုပ်လျှောက်ရင်
ဆယ်တန်းအောင်မြင်ပြီးကြောင်း အထောက်အထား လိုတယ်

ဒီအထောက်အထာ မပါဘဲ ကျွန်တော် ဆယ်တန်း ဘယ်နှစ်ခုနှစ်က အောင်
ပါတယ် ဆိုပြီး ပြော ယုံမလား

တပ်ကပြောတဲ့အထောက်အထားမပြည့်စုံဆိုတာဒေါ်ခင်ဌေးကြွယ်ကိုယ်ရေး
ရာဇဝင်ကို ကြည့်ပြီး ညီ-မညီ စစ်လို့ မရလို့ ပြောတာ

ပြောလိုက်ရင်မကောင်း ဖြစ်တော့မယ်၊ မေးချင်တာက လွှတ်တော်ဥက္ကဌ
ဆိုတာ ကလေးကလား ရွဲ့လားစောင်းလား လက်ခုပ်ဝိုင်းတီးပေးမယ့် လူ
တွေရှေ့မှာ ဒီလို လုပ်ဖို့မသင့်ဘူး

လူကြီးမဆန်တဲ့ ငါ့စကား နွားရ လိုရာဆွဲ ပြောတာလို့ပဲ မြင်တယ်။

No comments: