#တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံ
#မည်သူ့မှာတာဝန်အရှိဆုံးလဲ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ မိုင်းဝီး နှင့်
မန်စံရွာကြားမှာ ကိုယ်တိုင်မြင်တွေ့ခဲ့ရတဲ့
တရုတ်သစ်ခိုးကားတွေပါ ဒရိုက်ဗာအကုန်လုံးက
တစ်ယောက်မှ ဗမာစကားမပြောတတ်ပါဘူး
သစ်တွေကိုအလုံးလိုက်ခိုးယူသလို ခွဲပြီးသားတွေ
သယ်နေတာတွေကိုလည်းပုံပါအတိုင်းမြင်တွေ့
ခဲ့ရပါတယ် ပုံထဲမှာကားတစ်စီးကို ၂ သိန်းနှုန်းနဲ့
ဆက်ကြေးကောက်နေတာက #ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် RCSS/SSA ရှမ်းပြည်တောင်ပိုင်းတပ်မတော်ပဲဖြစ်ပါတယ် စကားပြန်လုပ်သူက
ဆိုင်ကယ်တစ်စီးနဲ့လိုက်ဖြေရှင်းငွေပေးနေတာကိုလည်း
မြင်တွေ့ခဲ့ရပါတယ် မိုင်းဝီးတိုက်နယ်ထဲဖြတ်သွားတာ
တရက်ကိုကားစီးရေ ၂၀ ဝန်းကျင်ရှိတယ်လို့လဲ
သိခဲ့ရပါတယ် လမ်းတွေစုတ်ပြတ်သတ်နေအောင်
တရုတ်တွေရဲ့သစ်ခိုးကားတွေဖြတ်သန်းသွားလာ
နေတဲ့အတွက် အနီးနားဝန်းကျင်ကပြည်သူတွေမှာတော့
ဖုံတလုံးလုံးနဲ့သွားလာနေရပြီး မကြာခနဆိုသလို
လမ်းပိတ်တဲ့ဒဏ်ကိုခံနေရဆဲပါ။
#သူခိုးကြီးသူခိုးငယ်အပေါင်းပါအားလုံး
#တာဝန်ရှိသူများတာဝန်သိသူများအားလုံး
#မည်သူ့မှာပို၍တာဝန်ရှိလေမလဲ
Mai nyi kham
No comments:
Post a Comment