Tuesday, March 1, 2016

ကျောက်စိမ်းတွင်းများ ရှိရာ ကချင်ပြည်နယ် ဖားကန့်ဒေသတွင် ဒေသခံ ရေမဆေး(၃၀၀) နီးပါး ဆန္ဒပြ ...

ကချင်ပြည်နယ် ဖားကန့် ဒေသတွင် ဆန္ဒပြမှုများ မကြာခဏ ဆိုသလို နေရာများစွာမှာ  ဖြစ်ပေါ်နေပြီး အများဆုံးက ကျောက်မျက် တူးဖော်ရေး  ကုမ္မဏီတွေကို ဆန္ဒပြကြတာ များပါသည် ။

  ဖေဖေါ်ဝါရီ ( ၂၉ ) ရက်နေ့ ညနေ (၆:၀၀)ချိန်ခန့်တွင် ဖားကန့်မြို့နယ် ဆိပ်မူ ကျေးရွာအုပ်စု စပေါ့ကျေးရွာ နှင့် ချောင်းဖျားကျေးရွားများတွင် ဒေသခံ ရေမဆေးကျောက်ရှာသူ (၃၀၀) ခန့် ဆန္ဒဖော်ထုတ်နေကြပါသည် ။

   စပေါ့ကျေးရွာမှ ဆန္ဒပြမှုသည် ယခုအကြိမ်သည် (၃) ကြိမ်မြောက်ဖြစ်ပြီး စပေါ့ကျေးရွာအနီးမှ ချောင်းဖျား ကျေးရွာသည် ပထမဆုံးအကြိမ် ပါဝင်လာခြင်းဖြစ်သည် ။ ဖားကန့်ဒေသတွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္မဏီးများကို ၂၀၁၅ ခု နိုဝင်ဘာ လကုန်ပိုင်း ရက်များတွင် ကန်ခါကျေးရွာ မြေဇာပုံပြိုပြီး လူပေါင်းရာချီ သေဆုံးခဲ့ရာမှ စတင်ပေါ်ပေါက်လာခြင်းလည်းဖြစ်ပါသည် ။

ဆန္ဒပြပွများကို လုံးခင်း ကျေးရွာ ၊ကုဋေကျေးရွာ ၊ ဆိပ်မူကျေးရွာ ၊ ဝေခါကျေးရွာ ၊စပေါ့ကျေးရွာများတွင် ကျောက်မျက် ကုမ္မဏီများ၏ မတရာမှုများကို ဆန္ဒဖော်ထုတ်ခဲ့ကြပြီး တစ်ချို့နေရာများတွင် ပြေလည်မှု ရခဲ့ကြသော်လည်း အချို့နေရာများမှာ ကျောက်မျက် ကုမ္မဏီများဘက်မှ ဂတိဖောက်ဖျက်မှုများကြောင့် ပြန်လည်ဆန္ဒပြသည်ဟု ပြောပါသည် ။

   စပေါ့ကျေးရွာမှ ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ တစ်ဦးပြောပြရာတွင် “ ကုမ္မဏီတွေက အရင်တစ်ခါ ဆန္ဒဖော်ထုတ်တောင်းဆိုတုန်းက ရွာကတောင်းတဲ့ တောင်းဆိုမှုတွေကို လိုက်လျောပေးမယ်လို့ ပြောခဲ့ပြီး ခုချိန်ထိ ဘာတစ်ခုမှ လုပ်မပေးလို့ ဆန္ဒဖော်ထုတ်တာပါ ။ခုဟာ (၃) ကြိမ်မြောက် ဆန္ဒဖော်ထုတ်ခြင်းပါ ”ဗျ ။ခုလို ဆန္ဒဖော်ထုတ်ရခြင်းသည်  ဂတိဖောက်ဖျက်သော  ကုမ္မဏီတွေဖြစ်သည့် မြန်မာသူရ ၊ရတနာစန်းရွှင် ၊တစ်သုံးလုံး ၊ထွန်းတောက်ကြယ်ဖြူ ကုမ္မဏီများကို ပိတ်ဆို့ ဆန္ဒဖော်ထုတ်တာ ဖြစ်တယ်လို့ ဆက်ပြောပါသည် ။ဆန္ဒဖော်ထုတ်သူ အင်အား (၁၀၀) ခန့်ရှိပြီး ပထမ အကြိမ်နှင့် ဒုတိယ အကြိမ် ဆန္ဒဖော်ထုတ်နေရာမှာပင် တတိယ အကြိမ် ဆန္ဒဖော်မှုကို ပြုလုပ်နေခြင်းဖြစ်ပါသည် ။

     ချောင်းဖျားကျေးရွာမှ ဒေသခံ ရေမဆေးကျောက်ရှာဖွေသူ(၂၀၀) ကျော်၏ ဆန္ဒပြမှုသည် ထူးခြားနေသည် ။ဆန္ဒဖော်ထုတ်နေသူ တစ်ဦးအား မေးမြန်းကြည့်ရာ “ စစ်သားတွေက ပြည်သူကို ဥပဒေမဲ့ မတရားဖမ်းဆီး နှိပ်စက်လို့ ဆန္ဒပြတာဗျ ။ စစ်သားတွေက ကုမ္မဏီရဲ့ ကျွန်တွေပဲ ။ ပြည်သူဘက်က ဘယ်တော့မှ မပါဘူး ဗျ ။ကျနော်တို့ လုပ်တာ ဥပဒေနဲ့မညီဘူးဆိုတာ ကျနော်တို့သိတယ် ။ အခြားကုမ္မဏီတွေ အားလုံးနီးပါး ကုမ္မဏီ ခဏနားတဲ့အချိန် ဝင်ရှာလို့ ရလို့ ကျနော်တို့လည်း  လုပ်ကွက်ထဲ ဝင်ရှာတာပါ ။ နောက်ပီး သူတို့ ဖမ်းဆီး နှိပ်စက်တာရော ဥပဒေနဲ့ ညီလို့လား ဗျလ” ။ဆန္ဒပြရာမှာ ပါဝင်သူတစ်ဦးပြောပြသွားခြင်းဖြစ်သည် ။လုပ်ကွက်အတွင်း ဖမ်းဆီခြင်းရုံမဟုတ်ပဲ  မြေဇာပုံပေါ်ထိ လိုက်လံဖမ်းဆီးခြင်းကြောင့်မဆိုင်သူများကိုပါ မှားယွင်းဖမ်းဆီးမှုတွေ ရှိနေတယ်လို့ သိရပါသည် ။

တပ်မတော်သားများမှ ကုမ္မဏီလုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူများကို ဖမ်းဆီးပြီး ပေ(၃၀၀) မှ (၅၀၀) နီးပါး အကွာအဝေးများကို ဖားခုန် ခုန်ခိုင်းခြင်း ၊ တောင်ကမ်းပါးယံမှ ဆောင့်ကန်ချခြင်း ၊ရေမဆေး အချင်းချင်း အချက် (၇၀) ခန့် ပါးရိုက်ခိုင်းခြင်း ၊ စိန်တူ ၊ ပိုက်ဆံ ၊လက်ကိုင်ဖုန်းများ ၊ကျောက်ဖောက်စက် စသော ပစ္စည်းများကို သိမ်ဆည်းပြီး မည်သည့်အခါမှ ပြန်မပေးကြောင်း ကိုယ်တိုယ်ကြုံတွေ့ခဲ့ရသူ ရေမဆေးကျောက်ရှာသူများက ပြောပြပါသည် ။သိမ်းဆည်းထားသေ အဆိုပါ ပစ္စည်းများကိုဖမ်းဆီးသူများမှ  ပြန်လည်ရောင်းချခြင်းများလည်းရှိသည်ဟု ၎င်းတို့ ထံမှ ဖောက်စက်ဝယ်ခဲ့ဘူးသည်သည့် အမည်မဖော်လိုသူ တစ်ဦးက ပြောပြပါသည် ။

ယခုအခါ ဒေသခံ ရေမဆေး ကျောက်ရှာဖွေသူ အများစုသည် ဖမ်းဆီးနှိပ်စက်မှုများကြောင့် စစ်တပ်အပေါ် အမုန်ကြီး မုန်းနေကြပြီး ကျောက်မျက်ကုမ္မဏီများကိုလည်း တူးဖော်မှုများ ရပ်နားရန် ဆန္ဒပြင်းပြနေကြပါသည် ။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုး လက်ထဲသို့ လုပ်ပိုင်ခွင့်များ အပြည့်အဝ ရရှိလျှင်  ကျောက်မျက်ကုမ္မဏီများ တူးဖော်မှုရပ်နားမည်ကို ဒေသခံများက အပြည့်အဝ ယုံကြည့်နေကြပါသည် ။

   ဆန္ဒပြသူများကို သက်ဆိုင်ရာ ကုမ္မဏီများမှ မနက်ဖန် မတ်လ(၁) ရက်နေ့ နံက် ၁၀:၃၀ ချိန်တွင် ဆန္ဒပြသည့်နေရာများတွင် လာရောက်ညှိနှိုင်း ဆွေးနွေးမည်ဟု သိရပါသည် ။

ဇော်မိုးထက် ၂၉.၂.၂၀၁၆

No comments: